Tuesday, December 6, 2016

ကျပ်သိန်း ၂၀၀၀ ကျော် ရှိရင်းစွဲစာရင်းနှင့် ကွာခြားနေ၍ မြ၀တီမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲ ခရိုင်မန်နေဂျာဆိုသူအား အမှုဖွင့်



ကျပ်​သိန်း ၂၀၀၀ ​​ကျော်​ ​​ရှိရင်းစွဲစာရင်း နှင့်​ ကွာခြား​နေခြင်းကြောင့်​ ကရင်​ပြည်​နယ်​ မြ၀တီမြို့ မြန်​မာ့စီးပွား​ရေးဘဏ်​ခွဲ ခရိုင်​​မန်​​နေဂျာဆိုသူအား ​ရာဇသတ်​ကြီးပုဒ်​မ ၄၀၉ ဖြင့်​ အမှုဖွင့်​ကာ စစ်​​ဆေးလျက်​ရှိ​ကြောင်း သိရသည်​။

ဘားအံမြို့ မြန်​မာ့စီးပွား​ရေးဘဏ်​ခွဲ ပြည်​နယ်​မန်​​နေဂျာနှင့်​ အဖွဲ့သည်​ မြ၀တီမြို့ မြန်​မာ့စီးပွား​ရေးဘဏ်​ခွဲတွင် စာရင်းနှင့်​ ​ငွေများ ကွာခြား​နေ​ကြောင်း သိရ၍ဒီဇင်ဘာ ၄ ရက်​​က စာရင်းတိုက်​ဆိုင်​စစ်​​ဆေးခဲ့​ကြောင်း သိရသည်​။

ကရင်​ပြည်​နယ်​ ဘားအံမြို့ မြန်​မာ့စီးပွား​ရေးဘဏ်​ခွဲ ပြည်​နယ်​မန်​​နေဂျာ ​ဒေါ်ဆွေဇင်​​အောင်​သည်​ ဒုတိယ ပြည်နယ်​မန်​​နေဂျာ ​ဒေါ်မြင့်​မြင့်​ဝေ၊ ဘားအံမြန်​မာ့စီးပွား​ရေးဘဏ်​ မန်​​နေဂျာ ​ဒေါ်သန်းသန်းရီတို့ပါဝင်​​သော ၀န်ထမ်းများဖြင့်​ ဒီဇင်ဘာ ၄ ရက်​ နံနက်​၈ နာရီခန့်​က မြ၀တီမြို့မ ရဲစခန်းဝင်းအတွင်းရှိ​ ငွေတိုက်​တွင်​ ​ငွေစာရင်းနှင့်​​ ငွေများအား တိုက်​ဆိုင်စစ်​​​ဆေးကြရာ မြန်​မာကျပ်​​ငွေ ကျပ်​၂၇၅၀၀၀၀၀၀ (ကျပ်​သိန်းနှစ်​​ထောင့်​ ခုနစ်​ရာငါးဆယ်​) မှာ စာရင်းနှင့်​ ကွာခြားနေကြောင်း စစ်​​ဆေး​တွေ့ရှိရသည်​ဟု ဆိုသည်။

ထိုသို့ ​ငွေတိုက်​ရှိ​ငွေနှင့်​ စာရင်း (ကျပ်​သိန်း၂၇၅၀) ကွာခြား​နေကြောင်း စစ်​​ဆေး​တွေ့ရှိသဖြင့်​ ခရိုင်​မန်နေဂျာအား မြ၀တီမြို့ မရဲစခန်းက အမှုအမှတ်​ (ပ) ၆၁၈/ ၂၀၁၆ ရာဇသတ်​ ကြီးပုဒ်​မ၄၀၉ ဖြင့်​ အ​ရေးယူစစ်​​ဆေးလျက်​ရှိကြောင်း သိရသည်​။

Writer: 

ရွှေသိန်း (မြ၀တီ)

Eleven Media

No comments: