မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, December 6, 2016
မြန်မာမှ အကြမ်းဖက်သမားများကို ခိုလှုံခွင့်ပေးမည်မဟုတ်ဟု ဘင်္ဂလာဒေ့ရှ် ၀န်ကြီးချုပ်ဆို
နိရဉ္စရာ၊ ဒီဇင်ဘာ ၅
ဘင်္ဂလာဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာက မြန်မာနိုင်ငံမှ အကြမ်းဖက်သမားများကို သူမ၏ နိုင်ငံတွင် ခိုလှုံခွင့်ပေးမည်မဟုတ်ကြောင်း Cox’s Bangla တွင် သတင်းခေါင်းစဉ် মিয়ানমারের সন্ত্রাসীদের আশ্রয় দেব না : প্রধানমন্ত্রী သတင်းဖော်ပြသည်။
ဒီဇင်ဘာ ၃ ရက်နေ့က ဟန်ဂေရီ နိုင်ငံမှ ပြန်လာပြီးနောက် ဒက္ကားမြို့ဝန်ကြီးချုပ်ရုံးတွင် သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြောကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။
ဘင်္ဂလာဒေ့ရှ် ၀န်ကြီးချုပ်က မြန်မာနယ်ခြားစောင့် တပ်ဖွဲ့ ၉ ဦးကို အကြမ်းဖက်သမားများမှ သတ်ဖြတ်သဖြင့် ယခု ပြဿနာ ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း၊ အကြမ်းဖက်သမားများကို ဖမ်းဆီးပြီး သက်ဆိုင်ရာကို အပ်နှံပါက ယခု ပြသနာပေါ်ပေါက်လာမည် မဟုတ်ကြောင်း၊ ယခုအခါ အပြစ်မဲ့သူများ ကြားထဲတွင် ဒုက္ခရောက်ရကြောင်း၊ သူမအနေဖြင့် ထိုသူများ အပေါ်တွင် ကိုယ်ချင်းစာ သနားဂရုဏာ ဖြစ်မိကြောင်း ပြောကြားသည်ဟုဆိုသည်။
မြန်မာနိုင်ငံ အနောက်ဘက်နယ် စပ်တွင် လက်ရှိ ဖြစ်ပေါ်နေသော ပြဿနာကို နှစ်နိုင်ငံ နိုင်ငံခြား ၀န်ကြီးဌာန အကြားတွင် ဆက်သွယ်ဆောင်ရွက်နေကြောင်း၊ မည်ကဲ့သို့ ဆုံးဖြတ်ချက်များ ထွက်ပေါ်လာမည်ကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း သူမက ပြောကြားသည်။
၎င်းပြင်သူမက ကုလသမဂ္ဂအနေဖြင့် ယခု ပြဿနာကို ဖြေရှင်းပေးရန် တာဝန်ရှိကြောင်းဖြင့်လည်း သူမက ပြောဆိုသည်။
Narinjaraဆက်သွယ်ရန် myitsonmediagroup@gmail.com
Subscribe to:
Post Comments (Atom)

No comments:
Post a Comment