လ္ဘက်အုဌ်ကျောင်းတိုက်အပြင်ဘက်အား ဒီဇင်ဘာ ၁၁ ရက်နေ့က တွေ့ရစဉ်
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ဒေးဝန်းအရှေ့ရပ်ကွက် ရေပန်းကျောင်းတိုက် လ္ဘက်အုဌ်ကျောင်းအတွင်း ဒီဇင်ဘာ ၁၁ ရက် နေ့လယ်ခင်းအချိန်က သတင်းအရ ၀င်ရောက်ရှာဖွေရာ ယမ်းစိမ်းနှင့် ဓာတ်မြေသြဇာအိတ်များ လိုက်ထရပ်ကား တစ်စီးစာခန့် တွေ့ရှိခဲ့ကြောင်း သိရသည်။
ယမ်းစိမ်းနှင့် ဓာတ်မြေသြဇာအိတ်ဟု ယူဆရသော အရာများ တွေ့ရှိခဲ့သဖြင့် ပိုင်ရှင်အား နယ်မြေရဲစခန်းသို့ ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း လတ်တလော စစ်ဆေးနေသဖြင့် သတင်းထုတ်ပြန်မှုများ မလုပ်နိုင်သေးကြောင်း မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကျောက်မိုင်း၊ ရွှေမိုင်း၊ သတ္တုမိုင်းများခွဲရာတွင် အသုံးပြုသော ယမ်းစိမ်းအိတ်များနှင့် ဓာတ်မြေသြဇာအိတ်များ စုစုပေါင်း လိုက်ထရပ်ကား တစ်စီးစာခန့်အား သတင်းအရဟုဆိုကာ ယနေ့ မွန်းတည့် ၁၂ နာရီခန့်က ရဲတပ်ဖွဲ့နှင့် လုံခြုံရေးအဖွဲ့များ လာရောက် ရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း၊ ရပ်ကွက်ထဲတွင်မူ ဖောက်ခွဲရေးပစ္စည်းများ တွေ့ရှိသည်ဆိုသည့် ကောလာဟလများ ထွက်ပေါ်သဖြင့် လူအများ လာရောက်ကြည့်ရှုလျက်ရှိသဖြင့် မိမိတို့မှ စိတ်မပူရန်၊ အဖြစ်မှန်အား ဖြေရှင်းပြနေရကြောင်း လ္ဘက်အုဌ်ကျောင်းတိုက်မှ ဆရာတော်တစ်ပါးက မိန့်ကြားသည်။
အခင်းဖြစ် ကျောင်းတိုက်နေရာသို့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အင်ဂျင်နီယာတပ်ရင်း (GE) တပ်မှ လာရောက်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ရပ်ကွက်နေပြည်သူ ၁၀၀ ကျော် လာရောက်စုဝေးနေသည်ကိုလည်း တွေ့ရှိရသည်။
Writer:
မင်းမင်းစိုး
Eleven Media
No comments:
Post a Comment