Monday, December 12, 2016

ဗိုလ်ချုပ်အောင်ဆန်းရဲ့ တစ်ဦးတည်းသောမျိုးဆက်ကို ပြည်သူချစ်တဲ့အနေအထားကနေ အာဏာရှင်ဖြစ်သွားတာမျိုးတော့ မမြင်လိုပါဘူး


(ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်းနှင့်တွေ့ဆုံခြင်း)

ဒေါက်တာညိုညိုသင်းဆိုတာနဲ့ ပြီးခဲ့တဲ့ အစိုးရလက်ထက် လွှတ်တော်မှာ မေးခွန်းပေါင်း ၄ဝဝ ကျော်နဲ့ အရေးကြီးအဆိုပေါင်း များစွာ တင်ပြဆွေးနွေးနိုင်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ယောက်ဆိုတာ အားလုံးသိကြပါလိမ့် မယ်။ လက်ရှိအစိုးရသစ်လက်ထက်မှာ လွှတ်တော်ထဲကနေ ထွက်ခွာခဲ့ရပြီဆိုပေမဲ့ နိုင်ငံရေးနဲ့ပညာရေးဆိုင်ရာ လေ့လာချက်တွေ ဆက်လက်လုပ်ဆောင်နေပြီး အစိုးရရဲ့ လုပ်ဆောင်ချက်တွေကိုလည်း စောင့်ကြည့်နေတယ်ဆိုတဲ့ ဆရာမဒေါက်တာညိုညိုသင်းဟ Yangon Watch ဆိုတဲ့အဖွဲ့အစည်းတစ်ခုနဲ့ ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို တင်ပြပေးသွားဖို့ ကြိုးစားနေတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းအတွင်း ပြည်သူလူထုနဲ့ သတင်းမီဒီယာတွေရဲ့ အသိအမှတ်ပြု လေးစားခြင်း ကို ခံခဲ့ရတဲ့ ဒေါက်တာညိုညိုသင်းကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

မေး ■ ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ဆရာမဒေါက်တာညို ညိုညိုသင်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် အနေနဲ့ ပါဝင်ခဲ့ရတယ်ပေါ့။ ဒါပေမဲ့ NLD အစိုးရလက်ထက်မှာကျတော့ လွှတ်တော်ထဲက ထွက်ခဲ့ရပြီဆိုတဲ့အ ခါ လွှတ်တော်ပြင်ပနိုင်ငံရေး အတွေ့ အကြုံလေးတွေ ပြောပြပေးပါဦး။

ဖြေ ■ လွှတ်တော်ပြင်ပရောက် သွားတော့ အရင်တုန်းကထက်တော့ အများကြီး ပိုလွတ်လပ်တယ်လို့ ခံစား ရတာပေါ့။ အရင်တုန်းက လွှတ်တော် ကိုယ်စားလှယ်ဖြစ်တုန်းကမှ မပြောနိုင် တဲ့ကိစ္စတွေ အများကြီးရှိသေးတယ်။ အခုကတော့ လွှတ်တော်ကိုယ်စားလှယ် မဟုတ်တဲ့အတွက်ကြောင့်မို့လို့ လွတ် လွတ်လပ်လပ်ပြောနိုင်ဆိုနိုင်လာတဲ့အ နေအထားတွေလည်း ရှိတယ်။ နောက်ပြီး ပြည်သူကြားမှာလည်း အ ရင်ကထက်ပိုပြီး အချိန်ပေးနိုင်တဲ့အ နေအထားတွေ ရှိလာတယ်။ အရပ် ဘက်အဖွဲ့အစည်းတွေနဲ့လည်း ပိုပြီး ထိတွေ့လာနိုင်တယ်ပေါ့နော်။ လွှတ် တော်ပြင်ပနိုင်ငံရေးဟာလည်း အင်မ တန်မှကို စိတ်ဝင်စားစရာကောင်းတဲ့ အလုပ်တစ်ခုဖြတယ်ပေါ့နော်။

မေး ■ ဟုတ်ကဲ့ ဆရာမ။ အစိုးရ သစ်လက်ထက်မှာ လွှတ်တော်ပြင်ပက နေ လွှတ်တော်ထဲကို ပြန်ကြည့်လိုက် တဲ့အချိန်မှာရော ဘယ်လို အသံတွေ ထွက်နေတယ်လို့ ဆရာမ မြင်မိလဲ။

ဖြေ ■ အဲတော့ လွှတ်တော်ကြီးကို ပြန်ပြီး ကြည့်တဲ့အခါကျတော့၊ ကိုယ် မြင်သလောက်ပေါ့လေ။ ကိုယ်က လွှတ်တော်ကြီးတစ်ခုတည်းကို ကြည့် နေတာတော့မဟုတ်ဘူး။ အစိုးရကို လည်း စောင့်ကြည့်တယ်။ ပြည်သူလူ ထုကိုလည်း စောင့်ကြည့်တယ်ပေါ့ နော်။ ဘာကြောင့်လဲဆိုတော့ ပြည်သူ လူထုက အရမ်းကို မျှော်လင့်ချက်ကြီး တာကိုး။ ပြည်သူလူထုရဲ့ ဒေါ်အောင် ဆန်းစုကြည်အပေါ်မှာ ချစ်ခင်မှု၊ အဲဒါ ကို စောင့်ကြည့်ရတာလည်း အရမ်းကို စိတ်ဝင်စားဖို့ကောင်းပါတယ်။
ခုနက လွှတ်တော်ကို ပြန်ကြည့် တဲ့အခါကျတော့ အရင်ကလို တစ်ပါ တီတည်း လွှမ်းမိုးတဲ့လွှတ်တော်ပဲ ဖြစ် နေတာပဲလေ။ တစ်ပါတီတည်း လွှမ်း မိုးတဲ့လွှတ်တော်ဖြစ်နေတဲ့အပြင် သူ က အစိုးရသက်တမ်း ခြောက်လ၊ လွှတ်တော်သက်တမ်းဆိုလည်း ကိုးလ ကျော်လာပြီ။ ဥပဒေပြုရေးအပိုင်းမှာ လွှတ်တော်ရဲ့ အခန်းကဏ္ဍကို အရမ်း ကို အားမလိုအားမရဖြစ်မိတယ်။ လွှတ် တော်အတွက်ကို ပြည်သူလူထုရဲ့ ဘဏ္ဍာငွေတွေ အများကြီးသုံးစွဲထား တာရှိတယ်။ တကယ်လို့ ဒီလွှတ် တော်ကြီးက လူထုအတွက် အကျိုးရှိ တဲ့ ဥပဒေတွေပြဋ္ဌာန်းနိုင်မယ်၊ လူထု အတွက် အကျိုးမရှိတဲ့ဥပဒေတွေကို ရုပ်သိမ်းနိုင်မယ်ဆိုရင်တော့ လွှတ် တော်အတွက် ပြည်သူ့ဘဏ္ဍာငွေ ကုန် ကျရကျိုးနပ်တာပေါ့။ ဘာကြောင့် ဒီ လွှတ်တော်စရိတ်ကို စကားထဲထည့် ပြောနေလဲဆိုတော့ ပြည်သူလူထုဟာ တစ်နေ့တစ်နေ့ ကုန်ဈေးနှုန်းတက်တဲ့ ဒဏ်ကြောင့် အခြေခံလူတန်းစားပြည် သူလူထုဟာ အရမ်းကို ဒုက္ခရောက် နေတယ်၊ အရမ်းကို အထွေထွေကျပ် တည်းမှုတွေနဲ့ ရင်ဆိုင်နေရတယ်။ ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ် စားလှယ်တစ်ယောက်အတွက် နိုင်ငံ တော်က တစ်လကို အနည်းဆုံး ၁၆ သိန်းလောက်ကုန်ကျထားတယ်။ ဒါ ပေမဲ့ ပြည်သူလူထုကကျတော့ အရမ်း ကိုကျပ်တည်းနေတယ်လေ။ ဒါကြောင့် မို့လို့ လွှတ်တော်ကိုယ်စားလှယ်တွေ ဟာ လွှတ်တော်လေးတက်ပြီး လွှတ် တော်ထဲမှာ ပုဝါနှစ်စ အသာချ၊ ခေါင်း ပေါင်းလေးကိုထောင်၊ ခေါင်းပေါင်းစ လေး အသာချနေရုံနဲ့၊ တစ်ယောက် ယောက်က အဆိုတင်သွင်းတာလေး ကို အားလုံး ထောက်ခံမဲလေးပေးရုံနဲ့  မလုံလောက်ပါဘူးလို့ပဲ ပြောချင်ပါ တယ်။

မေး ■ တစ်လောကတော့ လွှတ် တော်မှာ အစိုးရကို အကျပ်ရိုက်စေတဲ့ မေးခွန်းတွေ မမေးပါနဲ့ဆိုတဲ့ အသံ ထွက်လာတာပဲ ဆရာမ။ ရန်ကုန်တိုင်း ဒေသကြီး၊ လွှတ်တော် တတိယပုံမှန် အစည်းအဝေး ပထမဆုံးနေ့မှာ ဖြေဖို့ လွယ်တဲ့ မေးခွန်းတွေပဲ ရွေးထားတဲ့ အတွက် အားရမှုမရှိဘူးဆိုပြီးလည်း ဒေါ်စန္ဒာမင်းတို့၊ ဦးဝေဖြိုးဟန်တို့ကိုယ် တိုင် ဝေဖန်ခဲ့သေးတယ်လေ။ အဲဒါ တွေနဲ့ပတ်သက်ပြီးရော ဆရာမ ဘာ ပြောချင်ပါသလဲ။

ဖြေ ■ တစ်လောက ပါတီခေါင်း ဆောင်တစ်ယောက်က ပြောတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးထင်ပါ တယ်။ အစိုးရကို အကျပ်အတည်းဖြစ် စေတဲ့ မေးခွန်းတွေမမေးဖို့လို့၊ ဒါမျိုး တွေပြောလာတယ်ဆိုတာကို အန်တီ တို့ တွေ့လာရတယ်ပေါ့နော်။ အဲဒါမျိုး ကို ပြည်သူလူထုရဲ့ကိုယ်စား အန်တီ တို့ ပြတ်ပြတ်သားသားပြောချင်တယ်။ နောင်ကို ဒါမျိုး မလုပ်ပါနဲ့။
ဘာကြောင့်လဲဆိုတော့ လွှတ် တော်ကိုယ်စားလှယ်ရဲ့တာဝန်က အစိုး ရကို ထိန်းကျောင်းဖို့၊ ဒါ အဓိကအ ရေးကြီးတဲ့ တာဝန်တစ်ရပ်ဖြစ်တယ်။ အစိုးရကို ပွင့်လင်းမြင်သာမှုရှိတဲ့အစိုး ရဖြစ်အောင်လုပ်ရမယ်။ အစိုးရကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့အစိုးရဖြစ် အောင် လုပ်ရမယ်။ အဲဒါကိုမှ လွှတ် တော်ကိုယ်စားလှယ်တစ်ယောက်ရဲ့ အခွင့်အရေးကို အစိုးရအကျပ်ရိုက်မှာ စိုးလို့၊ အစိုးရဒုက္ခရောက်မှာစိုးလို့၊ အ စိုးရရဲ့ ပုံရိပ်ကျမှာစိုးလို့ မဖြေနိုင်တဲ့ မေးခွန်းတွေ မမေးပါနဲ့လို့ပြောတာဟာ ဒါ ပြည်သူလူထုကို အခက်တွေ့အောင် လုပ်တာနဲ့အတူတူပဲ။ ပြည်သူ့ကိုယ်စား လှယ်တွေရဲ့ လုပ်ငန်းကို မလုပ်နဲ့လို့ ပြောတာဟာ ပြည်သူ့ကိုယ်စားလှယ် တွေကို လာဘ်စားခိုင်းတာနဲ့အတူတူ ပဲ။ အစိုးရရဲ့ ပိုက်ဆံကို လွှတ်တော် ကိုယ်စားလှယ်တွေက စားနေတာမ ဟုတ်ဘူး။ ပြည်သူလူထုရဲ့ ဘဏ္ဍာကို စားနေရတာပါ။ လွှတ်တော်ကိုယ်စား လှယ်တွေ နားလည်ထားရမှာက အစိုး ရသက်တမ်းဆိုတာ ၅ နှစ်ပါပဲ။ ကိုယ့် ရဲ့သမိုင်းဆိုတာကတော့ ကိုယ်မသေ ခင်အထိ ရေးဆွဲသွားရမှာပါ။

မေး ■ NLDအစိုးရ ရက် ၁ဝဝ ပြည့် တဲ့အချိန်တုန်းက အားမလိုအားမရ ဝေဖန်မှုတွေရှိခဲ့တယ်။ အဲဒီအချိန်မှာ  ရက် ၁ဝဝ တည်းနဲ့ ဝေဖန်တာဟာ စောလွန်းတယ်ဆိုပြီး ပြောခဲ့ကြတယ် ပေါ့။ ခု အစိုးရသက်တမ်း ခြောက်လ ပြည့်ပြီးတဲ့နောက်မှာလည်း ဒီလိုပဲ။ ဆို တော့ခါ အစိုးရတစ်ရပ်အနေနဲ့ အ ဘက်ဘက်ကယိုယွင်းနေတဲ့ တိုင်းပြည် ကြီးကို ခဏလေးနဲ့ အလုံးစုံကောင်း အောင် ပြောင်းလဲပစ်နိုင်ရမယ်လို့တော့ မဆိုလိုပါဘူး။ ဒါပေမဲ့ သက်ဆိုင်ရာ ကဏ္ဍတွေမှာ လိုအပ်ချက်အလိုက် တစ်ခုချင်းစီကို စနစ်တကျ အကောင် အထည်ဖော်၊ လုပ်ဆောင်မှုအပိုင်းမှာ ရော အားရစရာအနေအထား ရှိပါရဲ့ လား။ လက်တွေ့ကျကျ ကွင်းဆင်းလုပ် ဆောင်မှုတွေနဲ့ ထင်ရှားတဲ့အပြောင်း အလဲတွေရော ဖြစ်ခဲ့ပါသလား။

ဖြေ ■ အင်း ... အားရစရာ ကောင်းတဲ့လုပ်ဆောင်ချက်လေးတချို့ တော့ ရှိပါတယ်။ တချို့ပါပဲ၊ အရမ်း တော့ နည်းတယ်ပေါ့နော်။ ဥပမာအား ဖြင့် တစ်လတာ လူမှုထူးချွန်ဆု သူရဲ ကောင်းဆုကို ရွေးချယ်ပေးတာ၊ သာ မန်အရပ်သားတွေထဲက ပေးတာပေါ့ နော်။ အဲဒါလေးကတော့ ချီးကျူးစရာ ကောင်းတယ်။ နောက်တစ်ခါ ကျောင်း သားတွေအပါဝင် နိုင်ငံရေးအကျဉ်း သားတွေ လွှတ်ပေးလိုက်တယ်။ နောက်တစ်ခါ အပြည်ပြည်ဆိုင်ရာနဲ့ ဆက်ဆံရေးပေါ့။ အမေရိကန်ထက်အ ရင် တရုတ်ကို သွားလိုက်တာတို့ပေါ့။ ဒါမျိုးတွေကို အန်တီတို့ကြိုဆိုတယ်။ 
သို့သော်လည်းပဲ ပြည်တွင်းမှာ ပြည်သူလူထုရဲ့စားဝတ်နေရေးအတွက် တိကျတဲ့မူဝါဒတွေချမှတ်ပြီးတော့ ပြည်သူထူလုရဲ့အခက်အခဲတွေကို ဖြေ ရှင်းတဲ့၊ တိကျတဲ့ စီမံချက်မျိုးတွေ အန်တီတို့ အခုထက်ထိ မတွေ့ရသေး ဘူး။ အန်တီတို့ရဲ့ ပြည်သူလူထုက အင်မတန်ဒုက္ခရောက်ပါတယ်။ ဥပမာ လယ်ယာမြေတွေ အသိမ်းခံရတဲ့ကိစ္စ ရှိတယ်။ လယ်ယာမြေအသိမ်းခံရတဲ့ ကိစ္စတွေကို ပြီးခဲ့တဲ့လွှတ်တော်ကြီးက အများကြီး အချိန်ယူပြီး အစီရင်ခံစာ တွေထွက်ခဲ့တယ်။ ဒီအစိုးရအနေနဲ့ အဲ ဒီအစီရင်ခံစာတွေကို ကြည့်ပြီး ဆက် ရှင်းလိုက်ရုံပဲ။ အဲတော့ ဒါတွေကို စ နစ်တကျ ကိုင်တွယ်ဖို့အရေးကြီးတယ် ပေါ့။ နောက်ပြီးတော့ စီးပွားရေးပေါ့။ ပြည်သူလူထုရဲ့ နေ့စဉ်ကျပ်တည်းနေ တဲ့ စီးပွားရေးကို တကယ့်ကို သိသာ ထင်ရှားတဲ့ ပြောင်းလဲမှုတွေ ဖန်တီး ပေးစေချင်တယ်။ ပြောချင်တာက အစိုး ရသစ်တက်လာတုန်းက ကုန်ဈေးနှုန်း နဲ့ အခု ဒီနေ့ကုန်ဈေးနှုန်းကို အစိုးရ အနေနဲ့ သေသေချာချာ ကြည့်ဖို့လို တယ်။ နောက် ငွေလဲဈေး၊ ဗဟို ဘဏ်ရဲ့ အခန်းကဏ္ဍ၊ တိုင်းပြည်ရဲ့ ကုန်သွယ်ရေးပြဿနာ၊ အထူးသဖြင့် တော့ အစိုးရအနေနဲ့ ပြည်သူလူထုရဲ့ စီးပွားရေးအခက်အခဲကို ပြေလည် အောင် ဖြေရှင်းဖို့လိုတယ်။

မေး ■ အရင်အစိုးရ လက်ထက် တုန်းက ဆရာမတို့၊ ဦးသိန်းညွန့်တို့လို ကိုယ်စားလှယ်တွေ အသံထွက်ခဲ့ တယ်။ အခုအစိုးရလက်လက်မှာရော ဘယ်အမတ်တွေ၊ ကိုယ်စားလှယ်တွေ ရဲ့ ဆွေးနွေးမှု၊ ထောက်ပြမှုတွေ အသံ ထွက်လဲ၊ ပြည်သူလူထုဘက်က ရပ် တည်တဲ့အသံတွေ ကြားရလဲဆိုတာ လေး ဆရာမအနေနဲ့ သုံးသပ်ပေးပါ ဦး။

ဖြေ ■ ခုတော့ အထူးသဖြင့်ပြော မယ်ဆိုရင် ရခိုင်ပါတီက အမတ်တချို့  ကို တွေ့တယ်ပေါ့နော်။ ပညာရေးကိစ္စ ကို ပြောတဲ့အမတ်တချို့ တွေ့လာရ တယ်။ ပညာရေးကိစ္စတွေဆိုရင် မ ပြောနဲ့လို့တော့ တားထားတာမဟုတ် ဘူးပေါ့။ ဒါပေမဲ့ ပညာရေးကိစ္စ ဆွေး နွေးရင် လူကြီးကိစ္စတွေကို ငြိုငြင်ခံရ နိုင်တာကို သိရဲ့သားနဲ့ ပညာရေးကိစ္စ တွေကို ရဲရဲဝံ့ဝံ့ ဆွေးနွေးကြတဲ့ ဒီချုပ် အမတ်ချို့၊ ဒေါက်တာလှမိုးတို့လို ပုဂ္ဂိုလ်တွေကိုလည်း သဘောကျ တယ်။ နောက်တစ်ခါ ဗမာလူမျိုးဖြစ် ပြီး တိုင်းရင်းသား စာပေဓလေ့ထုံးစံ တွေကို လွှတ်တော်ထံ တင်ပြတဲ့ ဦး ခင်အောင်မြင့်တို့လိုမျိုးပေါ့။ ပြည်ခိုင် ဖြိုးက ဒေါက်တာမောင်သင်းလည်း ပညာရေးကိစ္စဆွေးနွေးပွဲ ကျင်းပဖို့ ပြောတယ်။ နောက်တစ်ခါ ရန်ကုန် တိုင်းမှာဆိုလို့ရှိရင် အများပြည်သူပိုင် မြေတွေကို အများပြည်သူလက်ဝယ် ရရှိအောင် ဆောင်ရွက်ရေးဆိုတဲ့အဆို ကို တင်ခဲ့တဲ့ နေဘုန်းလတ်၊ ဒါဟာ အင်မတန်ကြိုဆိုဖို့ကောင်းတဲ့ ကိစ္စ တစ်ခုပါ။ နောက်တစ်ခါ ဒေါ်စန္ဒာမင်း ပေါ့။ စီမံကိန်းကော်မတီဥက္ကဋ္ဌအနေနဲ့ သူ့အစိုးရကို သူပြန်ပြီးတော့ အရင်အ စိုးရတုန်းကအတိုင်းပဲ၊ မပြောင်းလဲပါ ဘူးဆိုပြီးတော့ ရဲရဲဝံ့ဝံ့ထောက်ပြနိုင်ခဲ့ တယ်။ ဒီလိုမျိုး အမတ်တွေတော့ ရှိပါ တယ်။

မေး ■ အဲတော့  NLDအစိုးရလက် ထက် လွှတ်တော်အမတ်တွေရဲ့ ကျေ နပ်စရာကောင်းတဲ့ လုပ်ဆောင်ချက်လို့ ဆိုလိုချင်တာလား။

ဖြေ ■ ဒီမိုကရေစီအစိုးရမှာ ဒီလိုမျိုး အမတ်တွေ ဒီထက် အများကြီး လိုပါ သေးတယ်။ ဦးသိန်းစိန်လက်ထက် တုန်းက ခုနက အစိုးရကို ထောက်ပြ တဲ့ ကိုယ်စားလှယ်တွေ နည်းနည်းပဲ ရှိတယ်လို့ဆိုရင် မဆန်းဘူး။ ဘာ ကြောင့်လဲဆိုတော့ အင်မတန်ကိုမှ ဖိ နှိပ်တဲ့အစိုးရလက်ထက်ကနေ အရပ် သားခေါင်းဆောင်းတဲ့ အစိုးရကာလ မှာ၊ အရမ်းခက်ခဲတဲ့အခြေအနေမှာ အ စိုးရကိုထောက်ပြရဲတဲ့ကိုယ်စားလှယ် တွေ နည်းနည်းပဲရှိတယ်ဆိုတာ မထူး ဆန်းဘူးလေ။ ဒီနေ့ခေတ်က နိုင်ငံရေး အခြေအနေ အရမ်းပြောင်းသွားပြီ။ ပြည်သူလူထုကို ဦးဆောင်နေတာက ပြည်သူ့အစိုးရ၊ ပြည်သူ့အစိုးရက လုံး လုံး ဦးဆောင်နေတာ။ တပ်မတော် သား ပါဝင်မှုဟာ ၂၅ ရာခိုင်နှုန်းပဲရှိ တယ်။ ၇၅ ရာခိုင်နှုန်းကို အရပ်သား တွေက အုပ်စီးထားတယ်။

အမှန်ကဖြစ်သင့်တာက ဒီနေ့အ ချိန်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ အကုန်လုံးနီးပါး ပြည်သူ့အကျိုးကို ရဲ ရဲတောက်၊ တစ်နေ့ကိုတစ်ယောက် လူစွမ်းကောင်းတွေ ထွက်နေရမှာ။ ပြည်သူ့အကျိုးအတွက် ရဲရဲဝံ့ဝံ့၊ မား မားမတ်မတ်ထောက်ပြနိုင်တဲ့ လွှတ် တော်ကိုယ်စားလှယ် သူရဲကောင်းတွေ ရာနဲ့ချီပြီး ထွက်ပေါ်လာသင့်တာပေါ့။  အခုတော့ ဆယ်ဂဏန်းမပြည့်အောင် ပဲ တွေ့ရတဲ့အတွက်ကြောင့်မို့လို့ အန် တီတို့ရဲ့ ဘဏ္ဍာငွေတွေ အများကြီး နစ်နာပါတယ်လို့ပဲ အန်တီက ရိုးရိုး သားသား တွက်မိပါတယ်။

မေး ■ နောက်တစ်ခုကတော့ လက် ရှိအစိုးရလက်ထက် ပညာရေးပြုပြင် ပြောင်းလဲမှုအပိုင်းပါ။ ဆရာမတို့က လည်း ဦးသိန်းစိန်လက်ထက်ကတည်း က NNER (နိုင်ငံလုံးဆိုင်ရာ ပညာ ရေးစနစ် ပြုပြင်ပြောင်းလဲရေးကွန်ရက်) အနေနဲ့ ပညာရေးလှုပ်ရှားမှုတွေ လုပ် ခဲ့တယ်ဆိုတော့လေ . . . .။

ဖြေ ■ အစိုးရသစ်ဟာ ပညာရေး လုပ်ငန်းတွေကို ထည်းထည်းဝင်ဝင် နဲ့ သေသေချာချာလုပ်ဖို့သင့်တယ်။ ဒါ သူတို့ရဲ့အလုပ်၊ မဖြစ်မနေလုပ်ရမယ့် အလုပ်။ မလုပ်နိုင်ဘူးဆို ပြောပါ။ ကျွန် တော်တို့က တိုင်းပြည်ရဲ့ပညာရေးလုပ် ငန်းများကို အစိုးရသစ်အနေနဲ့ ထူးခြား တဲ့ ပြောင်းလဲမှုတွေ မလုပ်နိုင်ဘူးဆို ရင် ပြောပါ။ အန်တီတို့က စိန်ခေါ်ပါ တယ်။ အန်တီတို့ရဲ့ အသိုင်းအဝိုင်းမှာ တိုင်းပြည်ရဲ့ပညာရေးကို ထူးခြား အောင် ပြောင်းလဲမှုတွေလုပ်နိုင်တဲ့ တိုး တက်အောင်လုပ်နိုင်တဲ့ ပညာရှင်တွေ အန်တီတို့မှာ ရှိပါတယ်။ အပွင့်လင်း ဆုံးပြောမယ်ဆိုရင်တော့ လက်ရှိပညာ ရေးဝန်ကြီးဌာနရဲ့ ဆောင်ရွက်ချက် တွေ တော်တော်များများဟာ ထူးခြား တဲ့ ပြုပြင်ပြောင်းလဲမှုဘက်ကို ဦးမ တည်ဘူး။ အရင် လုပ်ရိုးလုပ်စဉ်တွေ အတိုင်းပဲ လုပ်နေတာတွေပဲ တွေ့ရ တယ်။ NNER အနေနဲ့လည်း လိုအပ် တဲ့သုတေသနတွေ လုပ်နေပါတယ်။

မေး ■ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဝါရှင် တန်ဒိုင်ယာရီဆိုတဲ့ အွန်ုလိုင်းပေါ်က  ဏသျအ တစ်ခုမှာ 'မူဝါဒကို အခြေခံပြီး အလုပ်လုပ်တဲ့ ဒီမိုကရေစီနိုင်ငံတော်' ဆိုတဲ့ စကားရပ်တစ်ခု တွေ့ခဲ့ရပါ တယ်။ 'ကျွန်မ အကျပ်အတည်းတွေ ကြုံတိုင်း၊ ကျွန်မ ယူရမယ့်တာဝန်တွေ ကို ပြည်သူလူထုအပေါ် ပစ်တင်တဲ့ အလုပ်မျိုး မလုပ်ဘူးဆိုတဲ့ကတိနဲ့ စရ မယ်လို့လည်း ပြောခဲ့ပါတယ်။ ဒီစကား ရပ်လေးတွေနဲ့ပတ်သက်ပြီး ဆရာမ ရင်ထဲမှာ ပြောစရာတစ်ခုခုများ ရှိနေ တာလား။

ဖြေ ■ အဲဒါကတော့လေ။ ဘယ်လို ပြောမလဲ။ အန်တီတို့ ခေတ်အဆက် ဆက် အစိုးရတွေကို ကြည့်လိုက်လို့ရှိ ရင် မူဝါဒနဲ့လုပ်တာ နည်းတယ်။ လူ အပေါ် အခြေခံတဲ့နိုင်ငံရေးကို လုပ် ကြတယ်။ အဲဒါက ဘယ်မှာထင်ရှား လာလဲဆိုတော့ ဥပမာအားဖြင့် မဆ လခေတ်ပေါ့။ မြန်မာ့ဆိုရှယ်လစ်လမ်း စဉ်ပါတီခေတ်မှာ ဦးနေဝင်းက ပြုံးပြ တဲ့လူဆိုရင် ကျန်တဲ့ဗျူရိုကရေစီယန္တ ရားကြီးက သူ့ကို ရာထူးတိုးပေးပြီး တော့ ဦးနေဝင်းက မဲ့ပြတဲ့လူဆိုလို့ရှိ ရင် သူ့ကို ရာထူးဖြုတ်တဲ့အဆင့်ထိ ဦးနေဝင်းရဲ့ တန်ခိုးအာဏာဟာ ကြီး ထွားခဲ့တယ်။ အန်တီတို့ဒီနေ့ခေတ်မှာ လည်း တချို့သော ဝေဖန်သူများက ဆိုလာကြတယ်။ အန်တီတို့ဟာ မြန် မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်ကလိုမျိုး အာဏာရှင်ဦးနေဝင်းခေတ်ရဲ့ အရိပ် အငွေ့တွေကို ဒီခေတ်မှာ စတင်ပေါ် ပေါက်လာပြီလို့ တချို့သော နိုင်ငံရေး လေ့လာသုံးသပ်သူများက ဆိုတယ် ပေါ့။ တချို့သော ထင်ရှားတဲ့နိုင်ငံရေး သုံးသပ်သူများကဆိုရင် ဘယ်လောက် တောင်ပြောလဲဆိုတော့ ဒေါ်အောင် ဆန်းစုကြည်ကို သဘောကောင်းတဲ့ အာဏာရှင်တစ်ယောက်အနေနဲ့တောင် ဝေဖန်လာကြပြီပေါ့။ အဲတော့ အန်တီ တို့က အဲလိုဖြစ်သွားမှာစိုးရိမ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မြန် မာနိုင်ငံက ပြည်သူလူထုတွေ နှစ် ပေါင်းများစွာ မျှော်လင့်တောင့်တပြီး လူအများစု ချစ်ခင်ခြင်းခံရတဲ့၊ ထူးခြား တဲ့ ဝိသေသတွေကိုပိုင်ဆိုင်တဲ့ ဗိုလ် ချုပ်အောင်ဆန်းရဲ့ မျိုးဆက်ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းစုရဲ့ တစ်ဦးတည်း သော မျိုးဆက်ကို ပြည်သူလူထုချစ် ခင်နေတဲ့အနေအထားကနေ အာဏာ ရှင်အနေနဲ့တော့ အန်တီတို့က မမြင် ချင်ပါဘူး။ မမြင်လည်း မမြင်အပ်ပါ ဘူး။ အဲဒီလိုပုံစံမျိုးရောက်အောင် လည်း အန်တီတို့က မတွန်းပို့လိုပါ ဘူး။ အဲတော့ သူ့နားမှာရှိတဲ့လူတွေ ရဲ့အနေအထားက အရမ်းကို အရေး ကြီးသွားပြီ။ မိမိအနားက ခေါင်းဆောင် ကို အာဏာရှင်မဖြစ်ဖို့အတွက် အနား မှာရှိတဲ့သူတွေက မေတ္တာ၊ စေတနာ အပြည့်နဲ့ သူ့ကို ဂရုစိုက်ပြီးတော့ ပုံ သွင်းပေါင်းသင်ကြဖို့ ဝိုင်းဝန်းထိန်း ကျောင်းကြဖို့ တာဝန်တွေရှိတာပေါ့ နော်။ မှန်ကန်တဲ့သတင်းတွေကိုလည်း ပေးဖို့ လိုတာပေါ့။ အန်တီဒေါ်အောင် ဆန်းစုကြည်အနေနဲ့လည်း မှန်ကန်တဲ့ သတင်းတွေ ရဖို့လိုပါတယ်။ တစ်ဦး တစ်ယောက်၊ နှစ်ဦးနှစ်ယောက် လူ တစ်စုကွက်ကွက်ကလေးက ပေးတဲ့ သတင်းလေးကိုပဲ အခြေခံပြီးတော့ တိုင်းပြည်အတွက် အရေးကြီးတဲ့ဆုံး ဖြတ်ချက်တွေ လုပ်မယ်ဆိုလို့ရှိရင် ပြည်သူလူထုအတွက် အများကြီးနစ် နာပါလိမ့်မယ်။
အဲတော့ အရေးကြီးဆုံးက နိုင်ငံ မှာလိုအပ်နေတာက လူကဦးဆောင် တဲ့ နိုင်ငံမဟုတ်ဘဲနဲ့ မူကဦးဆောင်တဲ့ နိုင်ငံတော်ဖြစ်စေချင်ပါတယ်။ တိုး တက်တဲ့ ဒီမိုကရေစီနိုင်ငံတော်တွေကို ကြည့်လိုက်မယ်ဆိုရင် အုပ်ချုပ်သူတွေ က ဘယ်လိုပဲပြောင်းပြောင်း၊ ပြောင်း လဲသွားပါစေ ခိုင်မာတဲ့မူဝါဒတွေနဲ့ တည်ဆောက်ထားတဲ့ နိုင်ငံတော်ဖြစ် တဲ့အတွက်ကြောင့်မို့ လူတွေဘယ် လောက်ပဲပြောင်းပြောင်း မူတွေ ကောင်းလို့ရှိရင် မိမိနိုင်ငံတော်ကို ဆက်လက်မောင်းနှင်သွားနိုင်တယ်။ အဲဒီလို နိုင်ငံတော်မှလည်း စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်မယ်။
အဲတော့ ဒီမိုကရေစီရဲ့အနှစ်သာရ က ဘာလဲဆိုတော့ ကွဲပြားမှုတွေကို လက်ခံတာ။ ဒိုင်ဗာစတီကို လက်ခံ တာ။ ကိုယ့်ပါတီသဘောမှ ကိုယ့်သ ဘော၊ ဒီနိုင်ငံသဘောဖြစ်ရမယ်၊ ဟာ ကိုယ့်ရဲ့အုပ်စုသဘောကမှ ဒီနိုင်ငံရဲ့ သဘောဖြစ်ရမယ်ဆိုတဲ့ ငါတကော ကောတဲ့ မူဝါဒမျိုး မဟုတ်ဘူး။ ဒီမိုက ရေစီဆိုတာ အမြင်မတူတာတွေကို လေးစားတယ်။ တန်ဖိုးထားတယ်။ ကွဲ ပြားမှုတွေကို မနှိပ်ကွပ်ဘူး။

မေး ■ ဟုတ်ကဲ့ ဆရာမ။ တစ်ခါတ ရံကျတော့လည်း ဒေါ်အောင်ဆန်းစု ကြည်ကို ဝေဖန်တာနဲ့ ဝိုင်းပြီးသမကြ၊ NLD အစိုးရရဲ့ အားနည်းချက်ကို ထောက်ပြတာနဲ့ အမျိုးမျိုးစွပ်စွဲပြီး တံ ဆိပ်ကပ်ကြတာတွေလည်း ရှိနေသေး တယ်။ အထူးသဖြင့်တော့ အွန်ုလိုင်း ပေါ်မှာပေါ့လေ။ ဒီလိုကိစ္စတွေဟာ ဆ ရာမပြောတဲ့ မတူကွဲပြားမှုတွေ၊ အမြင် မတူညီမှုတွေကို သင်းသတ်ထားတဲ့ သဘောလို့ ပြောရမလား။

ဖြေ ■ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ တော်ကို သွားမယ်ဆိုလို့ရှိရင် မိမိနဲ့ ကွဲပြားတဲ့ အသံတွေကို တန်ဖိုးထားပါ။ တန်ဖိုးထားဖို့ အင်မတန်အရေးကြီး တယ်။ အားလုံးက တူနေဖို့မလိုဘူး။  အားလုံးတူအောင် လုပ်နေမယ်ဆိုလို့ ရှိရင် အဲဒါ ဒီမိုကရေစီနိုင်ငံ မဟုတ် ဘူး။ ခေါင်းဆောင်တွေအနေနဲ့ရော၊ ပါတီအနေနဲ့ရော ကွဲပြားတဲ့အမြင်တွေ ကို စေတနာနဲ့ထောက်ပြတယ်လို့ မှတ် ယူဖို့လိုပါတယ်။
အမုန်းခံပြီးတော့ ပြောတယ်ဆို တာဟာ တကယ့်ကို အရှုံးခံပြီးတော့ ပြောတာပါ။ အရင်တုန်းက အစိုးရကို အတိုက်အခံလုပ်ပြီးတော့ ပြောတယ် ဆိုရင် ပြည်သူလူထုရဲ့ ချစ်ခင်မှုကိုရ တယ်။ ဒီနေ့ခေတ်က ပြည်သူတင် မြှောက်ထားတဲ့ အစိုးရကို အမုန်းခံ ပြောတယ်ဆိုရင် အဲဒီပြောတဲ့လူက အ မုန်းပဲရမယ်။ အဲဒီလို အမုန်းတွေကို အပြုံးနဲ့ခံယူရင်း ပြောတာကို ဒါဟာ လွယ်လွယ်ကူကူ ပါးစပ်ထဲတွေ့တာ လျှောက်ပြောနေတယ်လို့ မမှတ်ယူပါနဲ့။ ချစ်လို့ပြောတယ်လို့ပဲ မှတ်ယူစေချင် ပါတယ်။
ပြည်သူလူထုကိုတော့ အချိန်တွေ အများကြီး ပေးဖို့လိုအပ်တာပေါ့။ သူ တို့တင်မြှောက်ထားတဲ့အစိုးရဟာ ဘယ်လိုကိစ္စမျိုးတွေ လုပ်ဆောင်နေ တယ်ဆိုတာလည်း ပြည်သူလူထုအ နေနဲ့ လေ့လာစေချင်ပါတယ်။ စဉ် ဆက်မပြတ်စောင့်ကြည့်စေချင်ပါတယ်။ ဥပမာအားဖြင့် ဟိုတစ်နေ့ကတော့ သံ တော်ဆင့်သတင်းစာမှာ ဝန်ကြီးချုပ် တစ်ယောက်က သိန်းထောင်ချီတဲ့နာ ရီကို လက်ဆောင်ရတယ်ဆိုတဲ့ကိစ္စ ပေါ်လာတယ်။ ဒီလိုမျိုးကိစ္စတွေကို လူ ထုအနေနဲ့ သေသေချာချာ ဆန်းစစ် လေ့လာ၊ အကဲဖြတ်စေချင်ပါတယ်။ သတင်းစာ၊ ဂျာနယ်က ရေးတယ်ဆို ကတည်းက သူ့မှာခိုင်မာတဲ့ သတင်း တွေရှိနေလို့ ယူဆရမှာဖြစ်တယ်ပေါ့ နော်။

မေး ■ ၂ဝ၁၆ ခု၊ စက်တင်ဘာ ၂၄ ရက်နေ့RFA ရဲ့ မေးပါရစေဦးအစီအ စဉ်ကနေ တိုင်းနဲ့ပြည်နယ်အစိုးရတွေ ရဲ့ ၆ လကြာခရီးအပေါ် ဆရာမ ပါဝင် ဆွေးနွေးခဲ့တာတွေ့ရပါတယ်။ အဲဒီတုန်း ကီနခနညအမေူငဖအေငသည ၊ ဗဟိုဦးစီးချုပ် ကိုင်မှုလျှော့ချရေးဆိုတဲ့အချက်ကို ဆ ရာမအနေနဲ့ ထေက်ပြဆွေးနွေးခဲ့တာ တွေ့ရပါတယ်။ ဗဟိုဦးစီးချုပ်ကိုင်မှု လျှော့ချဖို့အတွက်ဆိုရင်လည်း နိုင်ငံ တော်အတွက် တကယ့်ကို ဖန်တီးနိုင်၊ ဖောက်ထွက်နိုင်စွမ်းတဲ့ ခေါင်းဆောင် ကောင်းတွေ လိုအပ်တယ်လို့ ပြောခဲ့ တယ်ပေါ့။ ဖောက်ထွက်နိုင်တဲ့ ဝန်ကြီး ချုပ်တွေ လိုအပ်တယ်လို့လည်း ပြော ခဲ့တယ်ဆိုတော့ ရန်ကုန်တိုင်းဝန်ကြီး ချုပ်ရဲ့ လုပ်ဆောင်ချက်တချို့ကို သုံး သပ်ရင်းနဲ့ ဆရာမရဲ့ အမြင်လေးတွေ ပြောပြပေးပါဦး။

ဖြေ ■ အင်း ...။ ရန်ကုန်တိုင်းဝန် ကြီးချုပ်ကတော့ တာထွက်တဲ့အချိန် မှာတော့ အားရကျေနပ်စရာတချို့ တွေ့ပါတယ်။ ဒါပေမဲ့ အခု ၆ လ သက်တမ်းကာလမှာ ခိုင်မာတဲ့မူဝါဒ ချမှတ်တာတော့ မတွေ့ရသေးဘူးပေါ့။  အဲဒီအပေါ်မှာ အားမရဘူး။ ရန်ကုန် တိုင်းကို ဘယ်လိုမောင်းနှင်မယ်ဆိုတဲ့ မူဝါဒမျိုး ဒီအချိန်မှာ ထွက်လာသင့်ပြီ ပေါ့။ ကျူးကျော်တွေကို မြေတစ်ကွက် စီပေးမယ်ဆိုတဲ့ ကိစ္စမျိုး မဖြစ်နိုင်တဲ့ ဇာတ်လမ်းတွေပေါ့။ အဲဒါမျိုး မူတွေချ လာတာကိုတော့ အန်တီတို့က မကြို ဆိုဘူး။ ခေါင်းဆောင်ဟာ လက်တွေ့ ကျရမယ်ပေါ့၊ ခေါင်းဆောင်သည် Innovative ဖြစ်ရမယ်။ တီထွင်ဖန်တီး နိုင်စွမ်းရှိရမယ်။ နောက်ပြီးတော့ ခေါင်းဆောင်သည့် အမိန့်ကိုစောင့်နေ တဲ့ ခေါင်းဆောင်မျိုး မဟုတ်ရဘူး။
အန်တီတို့ တိုင်းဒေသကြီးနဲ့ ပြည် နယ်ဝန်ကြီးချုပ်တွေကို ကြည့်တဲ့အခါ မှာ အထက်ကအမိန့်ကို စောင့်နေသ ယောက်ရှိတဲ့ ဝန်ကြီးချုပ်တွေ တော် တော်များတယ်လို့ ပြည်သူလူထုကြား က အသံတွေတွေ့ရတယ်။ ဒါကတော့ ဒီချုပ်ပါတီရဲ့ လွှတ်တော်ကိုယ်စား လှယ်တွေကိုယ်တိုင် ပြောတာပဲ။ နယ် တွေကို သွားတဲ့အခါမှာ သူတို့ရဲ့လွှတ် တော်ကိုယ်စားလှယ်တွေကိုယ်တိုင် ဝန်ခံပြောဆိုချက်တွေရှိတယ်။ အဲတော့ ဒီထက်ပြတ်သားရဲရင့်နဲ့ ဦးဆောင်မှု တွေကို ဝန်ကြီးချုပ်အသီးသီးဆီက လိုချင်ပါတယ်။ တချို့သောတိုင်းတစ် ချို့မှာ ထက်မြက်တဲ့ဝန်ကြီးချုပ်တစ်ချို့ တွေ့ခဲ့တယ်။ ဒါပေမဲ့ သူတို့ရဲ့စွမ်း ဆောင်ချက်တွေကို လက်ကမ်းကြိုဆို တာ မခံရဘူး။ ပါတီခေါင်းဆောင်ပိုင်း က ဝင်ရောက်စွက်ဖက်ခဲ့တဲ့ကိစ္စမျိုး တွေလည်း တချို့ကိစ္စတွေမှာရှိတယ်။ အဲတော့ အဲဒါမျိုးတွေဆိုရင် အန်တီတို့ မကြိုဆိုပါဘူး။ နောင်ဆိုရင်တော့ ရှောင်ရှားလိမ့်မယ်လို့ အန်တီတို့ မျှော် လင့်ပါတယ်။
အထူးသဖြင့်ပြောချင်တာက ခုန က ပြောတဲီ့နခနညအမေူငဖအေငသည၊ ဗဟို ချုပ်ကိုင်မှု လျှော့ချခြင်းကို ဒီမိုကရေ စီအစိုးရက လုပ်ကိုလုပ်ရမယ်။ အခု တစ်နှစ်အတွင်းမှာ ဘယ်လိုလျှော့ချ မယ်ဆိုတာကို ပြင်ဆင်သင့်တယ်။ အ ရာရာကို တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေက မလုပ်ရဲမကိုင်ရဲဖြစ် နေတာမျိုး မလိုချင်ပါဘူး။ အဲတော့ လုပ်ရဲကိုင်ရဲရှိကြစေချင်တယ်။ ကိုယ့် တိုင်းနဲ့ပြည်နယ်အတွင်းက အခြေခံ လူတန်းစားတွေရဲ့ အခြေခံအကျိုးစီး ပွားအတွက် တကယ့်ကို ထည်းထည်း ဝင်ဝင်လေ့လာသုံးသပ်မှုတွေလုပ်ပြီး တော့ လုပ်စရာရှိတာကို ရဲရဲဝံ့ဝံ့လုပ် သင့်တယ်လို့ အန်တီကတိုက်တွန်းချင် ပါတယ်။

မေး ■ ဆရာမပြောသလို တီထွင် ဖန်တီးနိုင်စွမ်း၊ ဖောက်ထွက်နိုင်စွမ်းရှိ ဖို့အတွက် လက်ရှိလွှတ်တော်ကိုယ်စား လှယ်တွေ၊ ခေါင်းဆောင်ပိုင်းတွေမှာာ လိုအပ်တဲ့အရည်အချင်းမျိုးတွေ ရှိလိမ့် မယ်လို့ရော ဆရာမယုံကြည်မိလား။

ဖြေ ■ အဲဒါကတော့ ခြောက်လ တည်းနဲ့ဆိုတော့ အကဲဖြတ်ဖို့ ခက်ပါ တယ်။ ခုချိန်ထိတော့ ခုနကပြောသ လို ပြတ်သားတဲ့ Innovative ဖြစ်တဲ့ Leadership မျိုးတော့ မတွေ့ရသေး ဘူးပေါ့။ ဒါပေမဲ့ သူတို့ကို အခုချိန်မှာ Capacity ပိုင်း အရမ်းကိုမရှိဘူးလို့ ပြော ဖို့တော့ စောသေးတယ်။ ခြောက်လပဲ ရှိသေးတာကိုး။ သူတို့လည်း သူတို့ရဲ့ ခေါင်းဆောင်ကို စောင့်ကြည့်နေတာ မျိုးလည်း ဖြစ်နိုင်တယ်လေ။ တချို့က လည်း အရည်အချင်းရှိရဲ့သားနဲ့ ခဏ တော့ လျှိုနေဦးမှပဲ။ နောက်ခြောက် လနောက်ပိုင်း၊ တစ်နှစ်နောက်ပိုင်းမှ ပဲ အစွမ်းပြကြတာပေါ့ဆိုတဲ့ လူမျိုး လည်း ရှိကောင်းရှိနိုင်တာပေါ့။ ဒါ ကြောင့်မို့ သူတို့ကို Effective Lead-ershipမရှိဘူးလို့ ပြောဖို့တော့ စောပါ သေးတယ်။

မေး ■ ဆရာမပြောခဲ့တဲ့စကားတွေ အရဆိုရင် လက်ရှိ ဒီမိုကရေစီအစိုးရ လက်ထက်မှာ ဗဟိုချုပ်ကိုင်မှု ကဲနေ တယ်ဆိုတဲ့သဘောပေါ့နော်။

ဖြေ ■ ဗဟိုချုပ်ကိုင်မှုကို လျှော့ချ ရေးဟာ အခုချိန်ထိ မရှိသေးဘူး။ ဒါ ကြောင့်မို့ နောင်ကို ရှိလာဖို့မျှော်လင့် တယ်။ အစိုးရသက်တမ်းတစ်နှစ်ပြည့် ပြီးတဲ့နောက်ပိုင်းမှာ တိုင်းနဲ့ပြည်နယ် ၁၄ ခုကို Decentralize ဖြစ်တဲ့ အစိုးရ တွေ ပေါ်စေချင်တယ်။ ဗဟိုချုပ်ကိုင် မှုလျှော့ချတဲ့ အစိုးရတွေဖြစ်စေချင် တယ်။ အခုကတော့ ဗဟိုချုပ်ကိုင်မှု တကယ့်ကို အားကြီးတယ်ဆိုတာကို တောင် မြင်နေရတယ်။

မေး ■ လွှတ်တော်ပြင်ပကို ရောက် ပြီးနောက်ပိုင်း ဆရာမအနေနဲ့ လက်ရှိ ပါဝင်လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ၊ လုပ်ငန်းစဉ်တွေကို သိချင်ပါတယ်။

ဖြေ ■ လွှတ်တော်ပြင်ပရောက်ပြီး တော့ အရင်တုန်းက ကိုယ်ပါဝင်ထား တဲ့ လုပ်ငန်းတွေကို သေသေချာချာ လုပ်လာနိုင်တယ်။ အထူးသဖြင့် မြန် မာနိုင်ငံရဲ့ ပညာရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းအတွက်ကို သေသေချာချာကို ပဲ အချိန်ပေးပြီးတော့ပေါ့။ NNER မှာ အရင်ကထက် ပိုပါလာနိုင်ပြီးတော့ ပ ညာရေးဆိုင်ရာမူဝါဒတွေနဲ့ပတ်သက် ပြီး ပိုမိုလေ့လာခွင့်တွေ အများကြီးရခဲ့ တယ်။ နောက်တစ်ခါ Yangon Watch လို့ခေါ်တဲ့ ကိုယ်ပိုင်အဖွဲ့လေးတစ်ခုကို လည်း ထောင်လိုက်တယ်။ တစ်နှစ် နေမှ ဒါလေးကို စာနယ်ဇင်းမိတ်ဆက် ပွဲလေးလုပ်ပြီးတော့ Yangon Watch အနေနဲ့ တွေ့ရှိထားတာလေးတွေကို ပြည်သူလူထုထံ တင်ပြဖို့စီစဉ်ထား တယ်။ နောက်တစ်ခါ အပြည်ပြည် ဆိုင်ရာ နိုင်ငံရေးအသိုင်းအဝိုင်းတွေနဲ့ လည်း ပိုပြီးတော့ ချိတ်ဆက်လာနိုင် တယ်ပေါ့။ နောက်တစ်ခါ ဥရောပနိုင် ငံနဲ့ အမေရိကန်နိုင်ငံ၊ အဲဒီမှာရှိတဲ့ မြန် မာ့နိုင်ငံရေး၊ မြန်မာနိုင်ငံရဲ့ မူဝါဒရေး ရာပြောင်းလဲမှုတွေကို တစိုက်မတ်မတ် စောင့်ကြည့်နေတဲ့ ထိပ်တန်းမူဝါဒချ မှတ်သူတွေနဲ့ တွေ့ဆုံဆွေးနွေးခွင့်တွေ ရလာပါတယ်။ အပြည်ပြည်ဆိုင်ရာက မြန်မာနိုင်ငံကို ဘယ်လိုသုံးသပ်သလဲ၊ မြန်မာ့မူဝါဒတွေအပေါ်မှာ သူတို့ ဘယ် လိုရှုမြင်သလဲ၊ သူတို့ဘက်က ဘာ တွေ အထောက်အပံ့ပေးနိုင်သလဲဆို တာမျိုးတွေကို အခုကတည်းက လေ့ လာသင်ယူထားခြင်းအားဖြင့် နောင် တစ်ချိန်မှာ မြန်မာနိုင်ငံအတွက် အများ ကြီးအကျိုးရှိတဲ့ လုပ်ငန်းတွေ လုပ်နိုင် မယ်လို့ ယုံကြည်ပါတယ်။

မေး ■ ဟုတ်ကဲ့ပါ ဆရာမ။ တော် တော်လေးလည်း ပြည့်စုံပြီဆိုတော့ အနာဂတ်မြန်မာ့နိုင်ငံရေးအတွက် ဆ ရာမအနေနဲ့ ပြောရေးဆိုခွင့်၊ အကြံပြု ခွင့်ရှိမယ်ဆိုရင် နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုအကြံပေးချင်လဲ။ ဒေါ်အောင် ဆန်းစုကြည်ဆိုတာ ပြည်သူတစ်ရပ် လုံးရဲ့ မျှော်လင့်ချက်ဖြစ်နေလို့ အခု လိုမေးရတာပါ။

ဖြေ ■ အဲ ...သူ့ကို ပြောချင်တာ ကတော့လေ ပညာရေးပြုပြင်ပြောင်း လဲမှုတွေကို လုပ်ပေးပါပေါ့နော်။ စစ် မှန်တဲ့ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေး ပါလို့ ပြောချင်တယ်။ နောက်တစ်ခါ ကိုယ့်ရဲ့အနားက၊ ကိုယ့်ဆီကိုရောက် နေတဲ့ Information တစ်ခုတည်းနဲ့ မ ဆုံးဖြတ်ပါနဲ့။ ပြည်သူလူထုကြားထဲမှာ ရှိနေတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်း တွေနဲ့ လက်တွဲပါပေါ့နော်။ နောက်ပြီး တော့ မိမိရွေးချယ်ထားတဲ့ အမတ် တစ်ထောင်ကျော်ကိုလည်း ရွေးကောက် ပွဲကတိနဲ့အညီ ကောင်းကောင်းထိန်း သိမ်းပေးပါလို့။

မေး ■ နောက်ဆုံးမေးခွန်းပါ။ ၂ဝ၁၅  နိုဝင်ဘာ ရွေးကောက်ပွဲကာလတုန်းက ကျွန်မတို့နိုင်ငံဟာ အမှားများတဲ့နိုင်ငံ ဖြစ်နေပြီလို့ ဆရာမပြောခဲ့ဖူးတယ်။ ရွေးကောက်ပွဲပြီးတဲ့နောက် လက်ရှိအ ချိန်မှာရော ဆရာမပြောခဲ့ဖူးတဲ့ အဲဒီ အမှားတွေ ကင်းစင်နေပြီလား။

ဖြေ ■ အင်း ...။ အမှားတွေများ ပိုများလာသလား မသိဘူး။ အရင်တုန်း က အမှားက တပ်မတော်ဦးဆောင်တဲ့ နိုင်ငံရေးဆိုတော့ တပ်မတော်က အ မှားလုပ်တဲ့ကိစ္စကို သဘောမတူပေမဲ့ လက်ခံလို့ရတဲ့ အနေအထားရှိတယ် လို့ပဲ ပြောရမလား။ သူတို့ဟာ တပ် မတော်သားဖြစ်တဲ့အတွက် အရပ်သား တွေကိစ္စမနိုင်နင်းဘူး၊ မလုပ်တတ်လို့ ဒီလိုဖြစ်တယ်ဆိုပြီး တွေးလို့ရတာပေါ့။ လက်ခံတယ်ဆိုတာ သဘောတူတယ် လို့ပြောတာမဟုတ်ဘူးနော်။ နောက်ပြီး တော့ အာဏာရှင်အစိုးရကိုး။ အခုက တော့ ပြည်သူတွေ ရွေးချယ်တင် မြှောက်တဲ့ အစိုးရဖြစ်တယ်။ အရပ် သားတွေက အုပ်ချုပ်နေတာဖြစ်တဲ့ အတွက် အမှားကင်းစင်တဲ့ အရပ်သား အစိုးရအဖွဲ့မျိုး ဖြစ်စေချင်တယ်။ အခု တွေ့နေရတာတွေက အမှားတွေက ပို ပြီးတော့ များလာသလားလို့။ ခုနက သတင်းတွေမှာလည်း တောက် လျှောက်တက်နေတာပဲ။ ဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့လုပ် ဆောင်ချက်တွေ၊ ပါတီခေါင်းဆောင် တချို့ရဲ့ ပြောကြားမှုတွေဟာဆိုလို့ရှိ ရင် နိုင်ငံရဲ့ ရှေ့ရေးအတွက်ကို အများ ကြီးစိုးရိမ်ရတဲ့ အနေအထားတွေရှိ တယ်ပေါ့နော်။ ဒါကြောင့်မို့ အရပ် သားတွေ ဦးဆောင်တဲ့ အစိုးရဖြစ်တဲ့ အတွက် အမှားတွေနည်းနိုင်သမျှ နည်း အောင် ကြိုးစားကြပါ၊ အရင်တပ်မ တော်အစိုးရတုန်းက လုပ်ခဲ့တဲ့အမှားမျိုး ကို အရပ်သားအစိုးရက ထပ်ကာထပ် ကာမှားတဲ့ကိစ္စမျိုးတွေ မဖြစ်စေလိုပါ ဘူး။ သတိထားပေးကြပါလို့တော့ မေတ္တာရပ်ခံချင်ပါတယ်။

မိုးအောင်လင်းနိုင် တွေ့ဆုံမေးမြန်းသည်

၂၀၁၆ နိုဝင်ဘာလထုတ် မဟာဝီရမဂ္ဂဇင်းအမှတ်(၁၇)မှ ...

No comments:

Post a Comment