Tuesday, November 22, 2016

ရုရှားနိုင်ငံက မြန်မာပြည်တွင်း၌ ရေ ပေါ်နျူကလီးယားလျှပ် စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်နိုင်ရေးအတွက် လိုအပ်ပါက အကူအညီပေးသွားမည်ဖြစ် ကြောင်း

 နိုဝင်ဘာ ၂၁ရက်က သိရသည်။
အကူအညီပေးသွားရန်ရှိ
နျူကလီးယားနည်းပညာဆိုင်ရာ မြန်မာ- ရုရှားနှစ်နိုင်ငံဆက်ဆံရေးသည် လက်ရှိအချိန်တွင် ပဏာမအဆင့်တွင်သာ ရှိသော်လည်း မြန်မာနိုင်ငံအစိုးရက နျူက လီးယားစွမ်းအင်အသုံးပြုမှုတိုးတက်မြင့် မားလာစေရန် အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက ရေပေါ်လျှပ်စစ် ဓာတ်အားပေးစက်ရုံတည်ဆောက်နိုင် ရေးအတွက် ရုရှားနိုင်ငံမှကျွမ်းကျင်ပညာ ရှင်များက အကူအညီပေးသွားရန်ရှိ ကြောင်း သိရသည်။ “လက်ရှိအချိန်မှာ တော့ လူ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး နဲ့စိုက်ပျိုးရေး၊ ကျန်းမာရေးအစရှိတဲ့ နျူ ကလီးယားစွမ်းအင်အသုံးမပြုတဲ့ နယ် ပယ်တွေမှာ မြန်မာနိုင်ငံအစိုးရနဲ့ပူးပေါင်း ဆောင်ရွက်ဖို့ ညှိနှိုင်းဆွေးနွေးနေပါတယ်။ လတ်တလောကာလမှာတော့ မြန်မာနိုင်ငံ က နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးနဲ့ပတ်သက်ပြီး ဆွေး နွေးမှုမရှိသေးပါဘူး။ နျူကလီးယားစွမ်း အင်ဖွံ့ဖြိုးတိုးတက်လာဖို့က မြန်မာနိုင်ငံ အစိုးရရဲ့ဆုံးဖြတ်ချက်အပေါ်မှာသာမူ တည်ပါတယ်။ ကျွန်တော်တို့အနေနဲ့က မြန်မာနိုင်ငံရဲ့ နျူကလီးယားဆိုင်ရာ ရည် မှန်းချက်အတိုင်း နျူကလီးယားနည်းပညာ နဲ့ပတ်သက်ပြီး ခေတ်မီနောက်ဆုံးပေါ် နည်းလမ်းတွေနဲ့ ထင်မြင်ချက်တွေပေး သွားမှာပါ”ဟုHead of  ROSATOM State Atomic Energy Corporation in Southeast Asia and Regional Vice President Egor Simonov က ပြောသည်။
နျူကလီးယားစွမ်းအင်အသုံးပြုရေး
မြန်မာနှင့်ရုရှားနိုင်ငံတို့သည် ရေဒီ ယိုအိုင်ဆိုတုပ်အသုံးပြုခြင်း၊ ပူးပေါင်းသု တေသနပြုခြင်း၊ နျူကလီးယားဆေးဝါးဖွံ့ ဖြိုးတိုးတက်မှုနည်းပညာများ၊ ရေဒီယိုအင် မြူနိုသရပီရောဂါကုထုံး၊ IAEA ၏နျူက လီးယားဆေးဝါးဆိုင်ရာနည်းပညာပိုင်း အားဖြည့်ပံ့ပိုးပေးခြင်းအစီအစဉ်ကို အ ကောင်အထည်ဖော်ခြင်း၊ နျူကလီးယား လုံခြုံရေးအစီအစဉ်များ၊ ရုပ်ပိုင်းဆိုင်ရာ နှင့်ရေဒီယိုသတိ္တကြွကာကွယ်ခြင်း၊ ပတ် ဝန်းကျင်နယ်ပယ်များတွင် ရေဒီယိုသတ္တိ ြွကခြင်းအန္တရာယ်ရှိ၊ မရှိအကဲဖြတ်ခြင်းနှင့် အုပ်ချုပ်ရေး၊ သိပ္ပံပညာရေးဆိုင်ရာတို့အ တွက် ကျွမ်းကျင်ဝန်ထမ်းများမှသင်တန်း ပေးခြင်းအစရှိသည့်အချက်အလက်များ စွာပါဝင်သည့် နျူကလီးယားစွမ်းအင် ငြိမ်းချမ်းစွာ အသုံးပြုခြင်းပူးပေါင်းဆောင် ရွက်ရေးသဘောတူညီမှုစာချုပ်မူကြမ်း ကို ၂၀၁၅ခုနှစ် ဇွန်လအတွင်းကလက်မှတ် ရေးထိုးခဲ့ပြီဖြစ်ကြောင်း သိရသည်။ နောင် လာမည့်အနာဂတ်တွင် ပူးပေါင်းဆောင် ရွက်ရေးအတွက် တိကျသောလမ်းညွှန်မြေ  ပုံအား ရုရှား-မြန်မာနျူကလီးယားစွမ်း အင်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ပြီးခဲ့ သည့်အောက်တိုဘာလကုန်ပိုင်းတွင် ပူး ပေါင်းဆောင်ရွက်ရေးပထမကဏ္ဍအစည်း အဝေးကျင်းပပြီးစီးသည့်အချိန်မှစ၍ စတင် ရေးဆွဲလျက်ရှိကြောင်းသိရသည်။
ရေပေါ်ဓာတ်အားပေးစက်ရုံ
ရေပေါ်နျူကလီးယားလျှပ်စစ်ဓာတ် အားပေးစက်ရုံသည် လျှပ်စစ်ဓာတ်အား လိုအပ်သည့်နေရာဒေသများတွင် လျှပ် စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်သည့် နောက်ဆုံးပေါ်နည်းပညာများ အသုံးပြု ထားသော အသေးစားမိုဘိုင်းစွမ်းအင်ယူ နစ်တစ်ခုဖြစ်ကြောင်း၊ Akademik Lomonosov အမည်ရှိ ရေပေါ်လျှပ်စစ် ဓာတ်အားပေးစက်ရုံအား ရုရှားနိုင်ငံတွင် တည်ဆောက်လျက်ရှိပြီး ၎င်းသည် မြောက်ဝင်ရိုးစွန်းဒေသများတွင် လက်ရှိ အသုံးပြုနေသောရေခဲခွဲသင်္ဘောများ၏ စွမ်းအင်ယူနစ်ဒီဇိုင်းကို အခြေခံပြီးတည် ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။  သို့သော် ရေခဲခွဲသင်္ဘောများနှင့်မတူညီ သောအချက်မှာ သင်္ဘောအားမောင်းနှင် ၍ ရွှေ့ပြောင်းနိုင်မည်မဟုတ်ဘဲ ကမ်းစပ် ရေလှိုင်းများဖြင့် လိုအပ်သည့်နေရာသို့ ဆွဲယူရွှေ့ပြောင်းနိုင်မည်ဖြစ်ကြောင်း၊ ၎င်းအား လူနေဧရိယာများကိုလျှပ်စစ် ဓာတ်အားနှင့်အပူစွမ်းအင်ပေးနိုင်ရန် ကမ်းခြေရှိအခြေခံအဆောက်အအုံနှင့် ချိတ်ဆက်ထားရမည်ဖြစ်ပြီး စက်ရုံတစ်ရုံ ၏အမြင့်ဆုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ် နိုင်စွမ်းမှာ ၇၀မဂ္ဂါဝပ်ဖြစ်ကြောင်း သိရ သည်။ ရေပေါ်နျူကလီးယားလျှပ်စစ် ဓာတ်အားပေးစက်ရုံစီမံကိန်းကို နိုင်ငံများ စွာမှ လွန်စွာစိတ်ဝင်စားလျက်ရှိသည်။ တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့က အဆိုပါ သင်္ဘောတည်ဆောက်ရန် နား လည်မှုစာချွန်လွှာရေးထိုးပြီးဖြစ်ကြောင်း  သိရသည်။                      
 နှင်းနုဝေ



No comments:

Post a Comment