Tuesday, November 22, 2016

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ပြင်ဆင်ရန် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာရေး ကော်မရှင် အကြံပြုမည် ===============================


၂၂..၁၁..၁၆
-
ပြည်ထောင်စုလွှတ် တော် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာ
ဆန်းစစ်သုံး သပ်ရေးကော်မရှင်သည် ဆက် သွယ်ရေးဥပဒေ
ပုဒ်မ ၆၆(ဃ)နှင့် ပတ်သက်၍ လေးကြိမ်ခန့် အစည်းအဝေးပြုလုပ်ပြီး
နောက် ပြည်သူ များ၏ ဆန္ဒအရ ပြင်ဆင်ရန် အ ကြံပြုမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
-
အထက်ပါကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ၎င်း၏ ဖေ့စ် ဘွတ်ခ်
စာမျက်နှာမှတစ်ဆင့် ပြည်သူများက ၆၆(ဃ)အပေါ် သဘောထား
မှတ်ချက်ပေးရန် နိုဝင်ဘာ ၁၅ ရက်က တောင်းခံခဲ့ပြီး ပြည်သူများထံမှ ပြင်ဆင်သင့်ကြောင်း သဘောထားမှတ်ချက် အများဆုံး ဆန္ဒပြုခဲ့
သည်ဟု ကော်မရှင်အဖွဲ့ဝင် ဦးစောလှထွန်းက ပြောသည်။
-
‘‘ကော်မရှင်က နေ့တိုင်းအ စည်းအဝေးရှိတယ်။ ဒါနဲ့ ၆၆(ဃ) နဲ့
ပတ်သက်လို့ လေးကြိမ်လောက် ဆွေးနွေးပြီးသွားပြီ။ ပြည်သူတွေ က ပြင်ဆင်သင့်တယ်။ ထားရှိ သင့်တယ်။ ပယ်ဖျက်သင့်တယ်။ သုံးခုစလုံးကို မှတ်ချက်ပေးကြ တယ်။ ဒါပေမဲ့ အဲဒီသုံးခုထဲက ပြင်ဆင်
သင့်တာက အများဆုံး မှတ်ချက်ပေါ့။ ထားရှိဖို့က ဒုတိယအများဆုံး’’ဟု ၎င်းက ရှင်းပြ သည်။
-
သူရဦးရွှေမန်းသည် ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် လူတစ်ဦးတစ်ယောက်၊ တစ်ဖွဲ့ အတွက်မဟုတ်ဘဲ နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးစီးပွားအတွက် ကာကွယ်ရန် အတွက်လည်း ကောင်း၊ လိုတစ်မျိုး၊ မလိုတစ်မျိုး ဥပဒေမဖြစ်ရန်အတွက်လည်း ကောင်း ပုဒ်မ ၆၆(ဃ)အား ဆက် လက်ထားရှိမည်ဖြစ်ကြောင်းနှင့် ပြင်ဆင်သင့်သည်
ကို ပြင်ဆင် မည်ဖြစ်ကြောင်း ထုတ်ပြန်ထား သည်။
-
ဆက်လက်၍ အာမခံပေး ခြင်းနှင့် လုပ်ထုံးလုပ်နည်းအပိုင်း များကြောင့် မလိုလားအပ်သည့် ပြဿနာများဖြစ်နေရကြောင်း၊ ထို့အပြင် စိတ်ဝမ်း
ကွဲမှု၊ အထင် အမြင်လွဲမှားခြင်းတို့ကြောင့် ရင်ကြားစေ့ရေးကို ခက်ခဲ
စေမှု၊ အချိန်ကုန်ငွေကုန်၊ လူပင်ပန်းဆင်းရဲ ခြင်းများ ဖြစ်ပေါ်နေသည်
ဟု ပြည်သူများက ဝေဖန်အကြံပြုထား ကြောင်း သူရဦးရွှေမန်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြ ထားသည်။
-
အထက်ပါထုတ်ပြန်ချက် တွင် ပြည်သူများ၏ သဘောထား မှတ်ချက်
ကိုလည်း ဆက်လက် တောင်းခံထားသည်ကို တွေ့ရ သည်။
-
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ကြောင့် နိုင်ငံတစ်ဝန်းရှိ နစ်နာ
နေသူများအကြောင်းကို သုံးလအတွင်း အစီရင်ခံစာရေး သား၍ ပြည်သူ့လွှတ်တော်၊ အမျိုး သားလွှတ်တော်သို့ တင်သွင်းရန် ယင်းပုဒ်မ
အမြန်ဆုံးပြင်ဆင်ပေး ရေး လှုပ်ရှားမှုကော်မတီအဖွဲ့ဝင် မောင်ဆောင်းခက ပြောကြား သည်။
=======
7 day

No comments:

Post a Comment