Posted: November 21, 2016
ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေး ဥပဒေကြမ်းကို နိုဝင်ဘာလ ၂၁ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုလိုက်ပြီး ဧည့်စာရင်းတိုင်စရာ မလိုတော့သည့် အချက်ပါဝင်ကြောင်း သိရသည်။
“အတည်ပြုလိုက်ပြီ။ ဧည့်စာရင်း တိုင်စရာ မလိုတော့ဘူး” ဟု လွှတ်တော် အစည်းအဝေး တက်ရောက်ခဲ့သည့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်က The Ladies News သို့ ပြောသည်။
ယခုအတည်ပြုလိုက်သော ဥပဒေကြမ်းသည် တတိယ အကြိမ်မြောက် အဖြစ် ပြင်ဆင်ထားသည့် ဥပဒေကြမ်းဖြစ်ပြီး ဧည့်စာရင်းတိုင်စရာ မလိုတော့သော်လည်း အခြားအရပ်သို့ တစ်လကျော် ပြောင်းရွှေ့နေထိုင်မည် ဆိုပါက ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးအား အသိပေးရမည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ဧည့်စာရင်းတိုင်ရသည့် စနစ်မှာ ကိုလိုနီခေတ်ကတည်းက ကျင့်သုံးခဲ့သည့် စနစ်ဖြစ်ကြောင်း သိရသည်။
The Ladies News
No comments:
Post a Comment