Monday, November 14, 2016

မြန်မာနိုင်ငံတွင် သေဒဏ်ရုပ်သိမ်းနိုင်ရန် အဆင်သင့် မဖြစ်ဟုဆို


ရန်ကုန်၊ နိုဝင်ဘာ ၁၃

မြန်မာနိုင်ငံတွင် သေဒဏ်ပေးခြင်းနှင့် ပတ်သက်၍ ရုပ်သိမ်းနိုင်ရန် အဆင်သင့် မဖြစ်သေးကြောင်း နိုဝင်ဘာလ ၁၃ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ အသနားခံစာ စိစစ်ရေးကော်မတီ အဖွဲ့ဝင် ဦးရန်အောင်က ပြောကြားသည်။

အဆိုပါ သေဒဏ်ပေးခြင်းတွင် ခဲဖြင့် ပေါက်သတ်ခြင်း၊ လျှပ်စစ်ရှော့ခ် တိုက်သတ်ခြင်း၊ ကြိုးပေးသတ်ခြင်း၊ အဆိပ်ငွေ့ပေးကာ သတ်ဖြတ်ခြင်း၊ ခေါင်းဖြတ်သတ်ခြင်းတို့ရှိပြီး ကမ္ဘာ့ဥရောပနိုင်ငံ တော်တော်များများတွင် ဖျက်သိမ်းနေပြီ ဖြစ်ကြောင်း၊ ယခုအခါ မြန်မာနိုင်ငံတွင် သေဒဏ်ပေးခြင်း ရပ်ဆိုင်းထားသည်မှာ နှစ် ၃ဝ ကြာမြင့်ပြီ ဖြစ်ကြောင်း နိုဝင်ဘာလ ၁၃ ရက်နေ့က ဒဂုံမြို့နယ်၊ အလုံလမ်း၊ Yangon International Hotel တွင် ကျင်းပသည့် မြန်မာနိုင်ငံတွင် သေဒဏ်ဖျက်သိမ်းရေး အသိပညာပေး လှုံ့ဆော်ပွဲထံမှ သိရှိရသည်။

“သေဒဏ်ပေးတယ်ဆိုတာ အကျိုးမဲ့ ဖြစ်တာ မဟုတ်ဘူး၊ လူ့အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာ၊ လူ့အဖွဲ့အစည်းရဲ့ ကျင့်ဝတ်တွေကို လိုက်နာမှုမရှိဘဲ ပြစ်မှုပြစ်ဒဏ်တွေကို ကျူးလွန်တဲ့အတွက် ပြစ်ဒဏ်ပေးခြင်း ဖြစ်ပါတယ်၊ အခုဖြစ်နေတဲ့ အသက် ၄/၅ နှစ်ကလေးတွေကို မတော်မတရား လုပ်နေတဲ့ ကိစ္စ၊ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တဲ့ ကိစ္စတွေကို အထူးခုံရုံးဖွဲ့ စစ်ဆေးပြီး သေဒဏ်ပေးသင့်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

သေဒဏ်ပေးခြင်းအားဖြင့် လူမှုအသိုင်းအဝိုင်း ကောင်းမွန်လာမည် မဟုတ်ကြောင်း၊ လူမှုအသိုင်းအဝိုင်း ကောင်းမွန်ရန်အတွက် ဘယ်လို ထိန်းသိမ်းကာကွယ်ရမည်ကို ကြိုးစားကြရမည် ဖြစ်ကြောင်း၊ သေဒဏ်နှင့်ဆိုင်သော ကိစ္စများ၊ ၎င်း၏ ဇာစ်မြစ်နှင့် ဖြစ်နိုင်ခြေရှိသည့် နောက်ဆက်တွဲ အကျိုးများကို စေ့စေ့ပေါက်ပေါက် စဉ်းစားသုံးသပ်သင့်ကြောင်း၊ သေဒဏ်အမိန့်ကြောင့် သတ်ဖြတ်ရသည့် ဝန်ထမ်းများ၏စိတ်တွင် ထိခိုက်ခံစားရကြောင်း သေဒဏ်ကျခံ အကျဉ်းသားများနှင့် တွေ့ဆုံကာ ဓာတ်ပုံရိုက်ကူးခဲ့သူ ဂျပန်နိုင်ငံမှ ဓာတ်ပုံဆရာ မစ္စတာ တိုရှီခါဇားမားက ပြောကြားသည်။

“သေဒဏ်ပေးခံရသူတွေနဲ့ တွေ့ဆုံ ပြီး နှစ် ၄ဝ လောက် လေ့လာခဲ့ပါတယ်၊ သူတို့ကို တွေ့ဆုံပြီး ဓာတ်ပုံရိုက်ခွင့် ရခဲ့တယ်၊ ပြီးတော့ သူတို့မိသားစုတွေနဲ့လည်း တွေ့ဆုံခဲ့တယ်၊ ကျွန်တော်တွေ့ဖူးသမျှ ဓားစာခံတွေထဲမှာ ဘယ်သူကမှ ကွပ်မျက်ပေးလိုက်လို့ သူတို့ပြန်လည်ပြီး အကောင်းပကတြိ ဖစ်လာတယ်လို့ မပြောဘူး၊ သူတို့ ပြောတာက အခုဆိုရင် သူတို့ ဘဲစားဘဲချေ ကြေပြီလို့ သတ်မှတ်လိုက်ကြတဲ့အတွက် ပိုပြီးတောင် ခံစားရတယ်လို့ ပြောပါတယ်၊ ဓားစာခံရဲ့ မိသားစုကတော့ ဘယ်တော့မှ ကြေတယ်ရယ်လို့ ဖြေနိုင်ကြမှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။ 

No comments:

Post a Comment