Tuesday, November 22, 2016

ထီးချိုင့်မြို့မှာ၆၆(ဃ)နဲ့တရားစွဲ ********************************


ကသာခရိုင်၊ထီးချိုင့်မြို့၊NLDဥက္ကဌ
ဦးချစ်ထွေးမှတရားလိုပြုလုပ်ပြီး
Zaw Myo Chitအကောင့်ပိုင်ရှင်ကို
၆၆(ဃ)နဲ့တရားစွဲဆိုထားတယ်လို့
သိရပါတယ်။
ဖြစ်စဉ်ကတော့၁၁.၁၁.၂၀၁၆နေ့မှာ
ထီးချိုင့်မြို့ဘုံကထိန်ပွဲတော်၌ထီး
ချိုင့်မြို့NLDမှနိုင်ငံတော်အတိုင်ပင်ခံ
ဒေါ်အောင်ဆန်းစုကြည်ပုံပါပြက္ခဒိန်
ပဒေသာပင်လှူဒါန်းခဲ့သည်ကို
Zaw Myo Chit အကောင့်ပိုင်ရှင်က
"ထီးချိုင့်NLDတွေရူးတာလဲကြည့်
ကျက်ရူးကြ၊ရူးတိုင်းလည်းကောင်း
တာမဟုတ်ဘူး၊သူများတွေကုသိုလ်
လုပ်နေပါတယ်ဆိုမှကုလားမယား
ပုံကြီးပဒေသာပင်သီပြီးလှူရသလား
ဘုန်းကြီးတွေကအဲ့ကုလားမယား
ပုံကိုအီးတောင်ကုန်းမှာမဟုတ်ဘူး"
ဟုရေးသားခဲ့မှုကြောင့်နိုင်ငံတော်အတိုင်
ပင်ခံဒေါ်အောင်ဆန်းစုကြည်ကိုပုဂ္ဂိုလ်
ရေးစော်ကားခြင်း၊အစိုးရအဖွဲ့ကိုထိခိုက်
ခြင်း၊ထီးချိုင့်မြို့နယ်NLDကိုအသရေ
ဖျက်စော်ကားခြင်းတို့ကြောင့်
Zaw Myo Chitအကောင့်ပိုင်ရှင်ကို
အရေးယူပေးပါရန်၁၃.၁၁.၂၀၁၆
နေ့ကတိုင်ကြားထားတယ်လို့သိရပါတယ်
ထီးချိုင့်မြို့မရဲစခန်းမှ(ပ)၃၈၄/၂၀၁၆
ဆက်သွယ်ရေးအက်၆၆(ဃ)ဖြင့်
အရေးယူဆောင်ရွက်နေပြီး ဒုရဲမှူးဇော်
ဟိန်း၊မြို့မစခန်းမှူးမှအမှုစစ်အဖြစ်
ဆောင်ရွက်နေတယ်လို့သိရပါတယ်။

No comments:

Post a Comment