ရန်ကုန်၊ နိုဝင်ဘာ ၁၈
မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ နိုင်ငံတော်အဆင့် စုံစမ်း စစ်ဆေးရေးအဖွဲ့ တစ်ဖွဲ့ ဖွဲ့စည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက နိုဝင်ဘာလ ၁၈ ရက်နေ့က သတင်း ထုတ်ပြန်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး ပြည်ထောင်စုဝန်ကြီး အားလုံး ပါဝင်သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှု တိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟို ကော်မတီက နိုဝင်ဘာလ ၁၈ ရက်နေ့၌ ပြုလုပ်သည့် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးတွင် အဆိုပါ အဖွဲ့ ဖွဲ့ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ယင်းစုံစမ်းစစ်ဆေးရေး အဖွဲ့အနေနှင့် မောင်တော ဒေသတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်ခံရမှုအပေါ် အဖြစ်မှန် ပေါ်ပေါက်ရေးကို စုံစမ်းစစ်ဆေးရန်၊ စုံစမ်းစစ်ဆေး တွေ့ရှိချက်အပေါ် အခြေခံ၍ နောင်အလားတူ ဖြစ်စဉ်မျိုး ထပ်မံ မဖြစ်ပွားစေရေးအတွက် ဆောင်ရွက်သင့်သည့် အစီအမံများ၊ သင်ခန်းစာ ဖော်ထုတ်ချက်များကို လေ့လာ သုံးသပ် တင်ပြရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
No comments:
Post a Comment