Facebook Live ကို ယခုနှစ်အစပိုင်းကတည်းက စတင်မိတ်ဆက်ပေးခဲ့သော်လည်း မိတ်ဆက်ချိန်တွင် desktop ဗားရှင်း မပါဝင်ခဲ့ပေ။
သို့သော်လည်း သုံးစွဲသူများ၏ တောင်းဆိုမှုများကြောင့် Facebook က ရွေးချယ်ထားသည့် သုံးစွဲသူများထံ desktop Live video ကို ဖြန့်ချိပေးခဲ့ကြောင်း သိရသည်။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ Facebook က “သုံးစွဲသူတွေရဲ့ desktop နဲ့ laptop တွေကနေ Facebook ပေါ်မှာ တိုက်ရိုက်ထုတ်လွှင့်မှုတွေ ပြုလုပ်နိုင်အောင် ကျွန်တော်တို့ စတင်ဖြန့်ချိနေပါတယ်” ဟု အတည်ပြု ပြောကြားခဲ့သည်။
Facebook Live လုပ်ဆောင်ချက်၏ desktop ဗားရှင်းကို ဗီဒီယိုဘလော့ဂါများ၊ ဂျာနယ်လစ်များနှင့် Live ဗီဒီယိုပရိသတ်များက တောင်းဆိုခဲ့ကြသည်။ လက်ရှိတွင် desktop ဗားရှင်းကို သုံးစွဲသူအရေအတွက်အနည်းငယ်ထံတွင်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး လအနည်းငယ်အတွင်း သုံးစွဲသူအများအပြားထံ ဖြန့်ချိသွားမည်ဟု Facebook မှ ပြောကြားခဲ့သည်။
Facebook Live video desktop ဗားရှင်းအတွက် peripheral ကင်မရာများဖြင့် အသုံးပြုနိုင်သလို laptop များတွင် built-in ကင်မရာများဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။
Ref: DigitalTrends

မြစ်ဆုံ media မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း ကျွန်တော်များမြစ်ဆုံ media သည် Likes (၃) သိန်းရှိသော facebook page စာမျက်နှာတွင်အချိန်နဲ့တပြေညီAuto ဖော်ပြနေခြင်း သုံးဆွဲသူ( ၅)သာင်းကျော်ရှိသော သတင်းapk ၌Auto ဖော်ပြနေခြင်း မြစ်ဆုံ media blog ၌ ဝင်ရောက်ကြည့်ရှု့သူ (၁၀)သိန်းကျော်ရှိနေခြင်း ဒါကြောင့်လူကြီးမင်းတို့ရဲ့ကြော်ငြာများ သည်အချိန်တိုအတွင်း အများပြည်သူသိရှိအောင်ကျွန်တော်များ မြစ်ဆုံ media မှတာဝန်ယူဆောင်ရွက်ပေးနေပါပြီ ဆက်သွယ်ရန် myitsonmedia@gmail.com
No comments:
Post a Comment