Friday, September 16, 2016

ကန်ဒေါ်လာတန်ဖိုး ဆက်တိုက်မြင့်တက်၊ တစ်ဒေါ်လာ ၁,၂၃၇ ကျပ်အထိ ရောက်ရှိ

ပြည်ပမှ စက်သုံးဆီဝယ်ယူခြင်းများကြောင့် ဒေါ်လာဈေးတက်နေသည်ဟု ခန့်မှန်းသူများရှိကြသည်။ (ဓာတ်ပုံ − အေအက်ဖ်ပီ)
 ပြင်ပဈေးကွက်တွင် အ မေရိကန်ဒေါ်လာ တန်ဖိုးသည် ယခုရက်ပိုင်းအတွင်း ဆက်တိုက် မြင့်တက်လာပြီး စက်တင်ဘာ ၁၅ ရက်၌ တစ်ဒေါ်လာ ၁,၂၃၇ ကျပ်အထိ မြင့်တက်လာကြောင်း သတင်းရရှိသည်။
ပွင့်လင်းရာသီအတွက် စက် သုံးဆီတင်သွင်းသူများက ဒေါ် လာ ၀ယ်ယူမှုများခြင်းကြောင့် ဈေးမြင့်တက်လာခြင်းဟု ကုန် သည်အချို့က ခန့်မှန်းသည်။
စက်တင်ဘာ လဆန်းရက် များတွင် တစ်ဒေါ်လာလျှင် ၁,၂၁၂ ကျပ်ခန့်ရှိသဖြင့် ၁၅ ရက်အတွင်း ၂၅ ကျပ်ခန့်မြင့်တက်လာခြင်းဖြစ် သည်။ ပြင်ပဈေးကွက်တွင် ဒေါ် လာဈေးမြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေဈေးမှာလည်း ယခု လဆန်းက တစ်ကျပ်သား ၈၄၅,၀၀၀ ကျပ်မှ ၁၅ ရက်တွင် ကျပ် ၈၆၅,၀၀၀ သို့ မြင့်တက်လာသည်။ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာဈေး မြင့်တက်လာသကဲ့သို့ ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်းငွေလဲနှုန်းသည် စက်တင်ဘာ ၁၅ ရက်တွင် တစ်ဒေါ်လာလျှင် ၁,၂၂၂ ကျပ်သို့ မြင့်တက်လာသည်။7day





မြစ်ဆုံ media မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း ကျွန်တော်များမြစ်ဆုံ media သည် Likes (၃) သိန်းရှိသော facebook page စာမျက်နှာတွင်အချိန်နဲ့တပြေညီAuto ဖော်ပြနေခြင်း သုံးဆွဲသူ( ၅)သာင်းကျော်ရှိသော သတင်းapk ၌Auto ဖော်ပြနေခြင်း မြစ်ဆုံ media blog ၌ ဝင်ရောက်ကြည့်ရှု့သူ (၁၀)သိန်းကျော်ရှိနေခြင်း ဒါကြောင့်လူကြီးမင်းတို့ရဲ့ကြော်ငြာများ သည်အချိန်တိုအတွင်း အများပြည်သူသိရှိအောင်ကျွန်တော်များ မြစ်ဆုံ media မှတာဝန်ယူဆောင်ရွက်ပေးနေပါပြီ ဆက်သွယ်ရန် myitsonmedia@gmail.com

No comments: