မော်လမြိုင်၊ စက်တင်ဘာ ၁၅
ကရင်ပြည်နယ်၊ မဲသဝေါဒေသမှ DKBA ခွဲထွက်အဖွဲ့နှင့် နယ်ခြားစောင့်တပ် BGF တို့ တိုက်ပွဲ များဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင်ရန် မြိုင်ကြီးငူအထူးဒေသသို့ ရောက်ရှိလာသူများထဲတွင် ၅ နှစ်အောက် ကလေးသူငယ် ၁၂၀၀ ကျော် ပါဝင်ကြောင်း လှိုင်းဘွဲမြို့နယ်ရှိ မြိုင်ကြီးငူ ကျေးလက်ကျန်းမာရေးမှူး ဦးမင်းတင်ထွန်းက ပြောကြားသည်။
မြိုင်ကြီးငူအထူးဒေသရှိ အေးလင်းသာယာကွင်း စစ်ဘေးရှာင်စခန်းနှင့် မြတ်ပန်းဝတ်မုံ စစ်ဘေးရှာင်စခန်းသို့ စစ်ဘေးရှောင်ရန် တိမ်းရှောင်နေသည့် ရွာသူ၊ ရွာသား အများစုသည် ကလေသူငယ်များနှင့် အမျိုးသမီးများ အများစုပါဝင်ကြောင်း မြိုင်ကြီးငူအထူးဒေသ စစ်ဘေးရှောင်စခန်းမှ တာဝန်ရှိသူများထံမှ သိရသည်။
စစ်ဘေးရှောင်စခန်းသည် အင်္ဂတေအခင်းဖြစ်ပြီး စစ်ဘေးတိမ်းရှောင်သူ များပြားခြင်းကြောင့် ကတီပါအခင်းများ လုံလောက်မှုမရှိဘဲ အင်္ဂတေပေါ်တွင်သာ အိပ်စက်ရသည့် ကလေးငယ်များအတွက် အဆုပ်ရောင်ရောဂါကို ဖြစ်စေနိုင်ပြီး၊ သက်ကြီးသူများဖြစ်ပါက ထုံကျင်နာရောဂါ ဖြစ်စေလာနိုင်ကြောင်း ဦးမင်းတင်ထွန်းက ဆိုသည်။
“တိမ်းရှောင်ပြည်သူကဖြင့် မနေ့တုန်းကထိဆိုရင် ကျေးရွာပေါင်း ၂၀ လောက်ထိ ရှိပါတယ်၊ အိမ်ထောင်စု ၆၇၅ စုနဲ့ လူဦးရေ ၄၀၀၀ နီးပါးရှိပါတယ်”ဟု လှိုင်းဘွဲမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ် ဒုတိယဦးစီးမှူး ပြောကြားသည်။
မြိုင်ကြီးငူအထူးဒေသသို့ စစ်ဘေးရှောင်ရန် ရောက်ရှိနေသော ပြည်သူများ၏ စာရေး၊ သောက်ရေးအတွက် ဆန်၊ ဆီ၊ ဆား၊ အာလူး၊ ကြက်သွန်စသည့် အခြေခံစာသောက်ကုန်များကို မြိုင်ကြီးငူဆရာတော်ကြီးက စီစဉ်ပေးထားသည့်အပြင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ တပ်မတော်နှင့် စေတနာရှင် အလှူရှင်များကလည်း လှူဒါန်းမှုများရှိနေကြောင်း ဦးနေမျိုးထက်က ဆိုသည်။
မဲသဝေါဒေသတိုက်ပွဲကြောင့် စာသင်ကျောင်း ၁၁ ကျောင်းကို ပိတ်ထားရပြီး ယင်းစာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၂၄၅ ဦးသည် မြိုင်ကြီးငူအထူးဒေသ စစ်ဘေးရှောင်စခန်းသို့ ရောက်ရှိနေကြောင်း လှိုင်းဘွဲမြို့နယ် လက်ထောက်ပညာရေးမှူး ဦးစိုးထွန်းက ပြောကြားသည်။
အချို့စစ်ဘေးရှောင် ရွာသူ၊ ရွာသားများမှာ နီးစပ်ရာဆွေမျိုးများ
No comments:
Post a Comment