Thursday, September 15, 2016

ရေမဆေးတွေက စွန့်ပစ်မြေစာပုံမှာ ရှာဖွေခွင့်တောင်းတယ် ရဲတွေက ရှာဖွေခွင့်မပေးဘူး ..

ရေမဆေးတွေက ပြောတယ်
သူတို့မရှာလဲ ဒီစွန့်ပစ်မြေစာထဲမှာ ပါသွားတဲ့ ကျောက်စိမ်းဟာ ဘယ်လောက်ကောင်းကောင်း  ဘယ်သူမှမရလိုက်ပဲ မြေအောက်မြုပ်သွားမယ် ။သူတို့ရှာလို့ရရင် မိသားစုတွေ စားဝတ်နေရေး ပြေလည်မယ် ။

   ရဲတပ်ဖွဲ့တွေက ခဏတော့ စွန့်ပစ်ပြေစာပုံမှာ ရှာခွင့်ပြုလိုက်တယ် ။

  ရဲတပ်ဖွဲ့ဝင်တွေက ရှာခွင့်ပေးပေမဲ့ ရေမဆေးတွေ ရတဲ့ကျောက်ကို မထင်ရင် မထင်သလို သိမ်းတယ် ။ ပုဒ်မ (၄၂) နဲ့ ခြိမ်းခြောက်တယ် ။သေနတ်ဖောက်ပြီး ခြိမ်းခြောက်တယ် ။ ဖမ်းမိတဲ့ သူတွေကို မြန်မာတကောင်း ရဲကွ  လို့ အော်အော်ပြီး ရိုက်တယ် ၊ကန်တယ် ။ပါတဲ့ပစ္စည်း အားလုံး  ( ဖုန်း ၊ပိုက်ဆံ ၊စိန်တူ ) သိမ်းတယ် ။

ရေမဆေး နဲ့ ရဲ အခင်းဖြစ်စဉ် အားလုံးမှာ ဒီပုံစံက များတယ် ။

   မေးမြန်းလိုတာက ....

၁ ။ ရဲတပ်ရင်း  တွေကို ဒီလို လုပ်ပိုင်ခွင့်ရှိတဲ့ ဥပဒေတွေ ၊နည်းဥပဒေတွေ ပြဌားန်းထားပြီလား ?

၂ ။ရေမဆေးကျောက်ရှာဖွေသူများထံမှ သိမ်းဆည်း ရမိသော ကျောက်စိမ်းအပါအဝင် လက်ကိုင်ဖုန်း ၊ငွေကြေး ၊ စသည့် သိမ်းဆည်းရမိသော ပစ္စည်း အဝဝ ကို မည်သည့်ရှာဖွေပုံဖြင့် သိမ်းဆည်းပြီး ၊ပြည်သူဘဏ္ဍာအဖြစ် ဘယ်လိုအပ်နှံပါသလဲ ?

၃ ။ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ရေမဆေးကျောက်ရှာဖွေသူများကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်း ၊ခြေဖြင့်ကန်ခြင်း ၊ဖားခုန် ခုန်ခိုင်းခြင်း ၊နေပူကျဲကျဲတွင် နာရီမျာစွာ ထိုင်ခိုင်းထားခြင်း ၊ ပေပေါင်းများစွာ အကွာအဝေးကို ဂျွမ်းထိုးသွားခိုင်းခြင်း စသည့် စသည့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ  ညှင်းပန်းနှိပ်စက်မှုများကို ပြုလုပ်ခွင့်ရှိပါသလား ?

၎ ။စုပေါင်းစွန့်ပစ်မြေစာပုံတွင်  ရေမဆေးများ ဝင်ရောက်ရှာဖွေလျှင်    ရေမဆေးများ  တရားဥပဒေချိုးဖောက်သည်ဟု  ဥပဒေက ပြဌာန်းထားပါသလား? စုပေါင်းစွန့်ပစ်မြေစာပုံသည်  လုပ်ကွက်ဧရိယာ မဟုတ်ပါက  ရေမဆေးရှာဖွေခွင့် မရှိဟု ဥပဒေတွင်  ပြဌာန်းထားပါသလား?

No comments:

Post a Comment