Friday, September 16, 2016

ပြည်ပ ရင်းနှီးမြုပ်နှံမှု လုပ်ငန်း ၂၃ ခုကို ကန်ဒေါ်လာ ၂၄၅ သန်းကျော်ဖြင့် ခွင့်ပြု ==============================


မြန်မာနိုင်ငံတွင် ပြည်တွင်း ရင်းနှီးမြုပ်နှံမှု လုပ်ငန်း ခြောက် ခုနှင့် ပြည်ပ ရင်းနှီးမြုပ်နှံမှုလုပ်ငန်း ၁၇ ခုအတွက် ရင်းနှီးမြုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၄၅ သန်းကျော် ခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရှိရသည်။ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်၏ အစည်းအဝေး အမှတ်စဉ်(၁၇/၂၀၁၆) ဖြင့် စက်တင်ဘာ ၉ ရက်က ပြည်တွင်း ပြည်ပ ရင်းနှီးမြုပ်နှံမှု ၂၃ ခု ခွင့်ပြုပေးခဲ့ကြောင်း စက်တင်ဘာ ၁၅ ရက်က ပြုလုပ်ခဲ့သည့် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ သတင်းစာရှင်းပွဲ၌ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ "ရင်းနှီးမြုပ်နှံမှုတွေ ခွင့်ပြုတဲ့အခါမှာ MIC တစ်ခုတည်းရဲ့ဆုံးဖြတ်ချက်နဲ့ မဟုတ်ဘူး။ လိုအပ်ရင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ အဖွဲ့အစည်းတွေရဲ့ သဘောထားရယူပြီးတော့ ဆောင်ရွက်တာဖြစ်တယ်။" ဟု မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။ ပြည်ပ ရင်းနှီးမြုပ်နှံမှု လုပ်ငန်း ၁၇ ခုတွင် စက်မှုလုပ်ငန်းများ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးလုပ်ငန်း၊ မွေးမြူရေးနှင့် ရေ လုပ်ငန်းများ၊ အခြားဝန်ဆောင်မှုလုပ်ငန်းနှင့် လျှပ်စစ်ဓါတ်အားလုပ်ငန်းတို့ကို ခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၂၀၅ ဒဿမ ၁၀၄ သန်း ခွင့်ပြုပေးခဲ့ကာ လုပ်သားဦးရေ ၈၉၈၉ ဦး အတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီပေးနိုင်ခဲ့ကြောင်း သိရသည်။ ပြည်တွင်း ရင်းနှီးမြုပ်နှံမှုလုပ်ငန်း ခြောက်ခုတွင် စက်မှုလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ လယ်ယာလုပ်ငန်းနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းတို့ အတွက် ရင်းနှီးမြုပ်နှံမှု ပမာဏ အမေရိ ကန် ဒေါ်လာ ၃၉ ဒဿမ ၉၀၃ သန်း အလုပ်သမားဦးရေ ၁၂၀၁ ဦး အလုပ်အကိုင်အခွင့်အလမ်း ရရှိခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင်း ၂၀၁၆ ခုနှစ် ဧပြီလမှ စက်တင်ဘာလ လယ်ပိုင်းအထိ ပြည်ပရင်းနှီးမြုပ်နှံမှု လုပ်ငန်းပေါင်း ၃၈ ခုနှင့် ပြည်တွင်း ရင်းနှီးမြုပ်နှံမှု လုပ်ငန်းပေါင်း ၂၁ ခု ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။



မြစ်ဆုံ media မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း ကျွန်တော်များမြစ်ဆုံ media သည် Likes (၃) သိန်းရှိသော facebook page စာမျက်နှာတွင်အချိန်နဲ့တပြေညီAuto ဖော်ပြနေခြင်း သုံးဆွဲသူ( ၅)သာင်းကျော်ရှိသော သတင်းapk ၌Auto ဖော်ပြနေခြင်း မြစ်ဆုံ media blog ၌ ဝင်ရောက်ကြည့်ရှု့သူ (၁၀)သိန်းကျော်ရှိနေခြင်း ဒါကြောင့်လူကြီးမင်းတို့ရဲ့ကြော်ငြာများ သည်အချိန်တိုအတွင်း အများပြည်သူသိရှိအောင်ကျွန်တော်များ မြစ်ဆုံ media မှတာဝန်ယူဆောင်ရွက်ပေးနေပါပြီ ဆက်သွယ်ရန် myitsonmedia@gmail.com

No comments:

Post a Comment