Friday, September 16, 2016

ငါးဖမ်းခုံတွင် ငါးဝင်ဖမ်းသည့် အသက် ၁၄ နှစ်အရွယ် ကလေးအား ခုံစင်ပိုင်ရှင်မှ လည်ဂုတ်ကို ဓါးဖြင့် လှီးခဲ့မှုဖြစ်ပွား ======================================


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ဘန့်ဘွေးကုန်းအုပ်စု၊ တပ်ကုန်းကျေးရွာ အနောက်ကျွဲသေတော စပ် ငါးဖမ်းခုံတွင် ငါးဝင်ဖမ်းသည့် အသက် ၁၄ နှစ်အရွယ်ကလးအား ခုံစင်ပိုင်ရှင်မှ လည်ဂုတ်ကို ဓါးဖြင့် လှီးခဲ့မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၃ ရက်၊ ညနေ ၄ နာရီ ၄၅ မိနစ် တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လှီးဖြတ်ခံရသည့် ကလေး၏ ဒဏ်ရာမှာ စိုးရိမ်ရသဖြင့် မြန်အောင်မြို့မှ ဟသာင်္တဆေးရုံကြီးသို့ စက်တင်ဘာ ၁၆ ရက်တွင် ပြောင်းရွှေ့ကုသထားရကြောင်း သိရသည်။ ဓါးဖြင့် အလှီးခံရသူမှာ တပ်ကုန်းရွာမှ အသက်(၁၄)နှစ် ရှိ မောင်---------(ဘ)ဦးမြင့်သိန်းဖြစ်ပြီး လှီးသူမှာ ကျွဲသေတောစပ်ငါးဖမ်းခုံတွင် နေထိုင်သူ (၄၁)နှစ်ရှိ ဦးသိန်းထွန်း(ဘ)ဦးသိန်းစံဖြစ်ကြောင်း သိရသည်။ “လှီးတဲ့သူနဲ့ အလှီးခံရသူတွေက လုပ်ဖော် ကိုင်ဖက်တွေပါ။ အဲနေ့ ညနေက ငါးဖမ်းခုံထဲ ငါးဝင်ဖမ်းလို့ သိန်း ထွန်းက ဓါးနဲ့ လှီးလိုက်လို့ဆိုပြီး ကလေးရဲ့ အဖေ ဦးမြင့်သိန်းက ပြောပြတာပါ။”ဟု တပ်ကုန်းကျေးရွာမှ ရပ်မိရပ်ဖ ဦးသိန်းအေးက ပြောသည်။အလှီးခံရသူသည် လည်ဂုတ်တွင်ပြတ်ရှဒါဏ်ရာ တစ် ချက်(စိုးရိမ်ရ)သဖြင့် နီးစပ်ရာကွင်းကောက်ဆေးရုံတွင် ဆေး ကုသခံယူနေရာမှ ဟသာင်္တဆေးရုံကြီးသို့ ထပ်မံပြောင်းရွှေ့လိုက်ရခြင်းဖြစ် သည်။လက်ရှိတွင် တရားခံအား အင်ပင်နယ်မြေရဲစခန်း မှ (ပ) ၇၇/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အမှုစစ်အရာရှိ ရဲအုပ်ဝင်းလွင်မိုးထံမှ သိရသည်။




မြစ်ဆုံ media မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း ကျွန်တော်များမြစ်ဆုံ media သည် Likes (၃) သိန်းရှိသော facebook page စာမျက်နှာတွင်အချိန်နဲ့တပြေညီAuto ဖော်ပြနေခြင်း သုံးဆွဲသူ( ၅)သာင်းကျော်ရှိသော သတင်းapk ၌Auto ဖော်ပြနေခြင်း မြစ်ဆုံ media blog ၌ ဝင်ရောက်ကြည့်ရှု့သူ (၁၀)သိန်းကျော်ရှိနေခြင်း ဒါကြောင့်လူကြီးမင်းတို့ရဲ့ကြော်ငြာများ သည်အချိန်တိုအတွင်း အများပြည်သူသိရှိအောင်ကျွန်တော်များ မြစ်ဆုံ media မှတာဝန်ယူဆောင်ရွက်ပေးနေပါပြီ ဆက်သွယ်ရန် myitsonmedia@gmail.com

No comments:

Post a Comment