Thursday, July 14, 2016
ချင်းတွင်းမြစ်ရေတက်၍ ရေကြောင်းကောင်း လာ သော် လည်း မုံရွာမြို့မှ မြစ်အထက်ပိုင်း ဟုမ္မလင်းမြို့နှင့် ခန္တီးမြို့ခရီးစဉ် များကို ယခုနှစ်တွင်ပြေးဆွဲနိုင်တော့မည်မဟုတ်တော့ကြောင်း ပြည် တွင်းရေကြောင်း ပို့ဆောင်ရေး (ချင်းတွင်း ဌာနခွဲ)မှ လက်ထောက်အထွေ ထွေ မန်နေဂျာ ဦးသိန်းမြင့်ကပြောကြားသည်။
"ခရီးသည်ရော၊ ကုန်ရောမရတော့ မပြေးနိုင်တာ နှစ်နှစ်ရှိပြီ။ ဆီဖိုး လေး ရရင်ကို ထွက်ပေးနိုင်တယ်။ ဌာနကလည်း ကိုယ့်စရိတ်နဲ့ ကိုယ်ရှာလုပ် နေ ရတာဆိုတော့ ဘယ်လိုမှ မပြေးပေးနိုင်တော့ဘူး။ ငှားပြေးချင်တဲ့သူ ရှိရင်တော့ ဌာနက သင်္ဘောတွေကအဆင်သင့်ပဲ" ဟု ၎င်း က ပြောသည်။
မုံရွာမြို့မှ ဟုမ္မလင်းမြို့ ခရီးထိ ရေမိုင် ၃၂၇ မိုင်နှင့် ခန္တီးမြို့ထိ ၄၅၄ မိုင်ကွာဝေးပြီး ယခုနှစ်တွင် ပြည်တွင်း ရေကြောင်းချင်းတွင်း ဌာနခွဲမှ မုံရွာ- ကလေးဝခရီးစဉ်ကိုသာ အပတ်စဉ် ကြာသပတေးနေ့တိုင်းပြေးဆွဲ ပေးနေပြီး ဒီဇင်ဘာလကုန်ထိ ၂၇ ခေါက် ပြေးဆွဲနိုင်ရန် လျာထားကြောင်း သိရသည်။ ယခင်က ချင်းတွင်းမြစ်အထက်ပိုင်းရှိ မြို့ရွာများသို့ သလ’ာဝတီ (၁)မှ (၆)အထိ သင်္ဘောများနှင့် ချမ်းသာ၊ ချမ်းငြိမ်း၊ ချမ်းလှ သင်္ဘောများဖြင့် ပို့ဆောင်ပြေးဆွဲပေးခဲ့ကြောင်းသိရသည်။
KTS
#Democracytoday
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
No comments:
Post a Comment