Thursday, July 14, 2016

မိုင်ဂျာယန်တိုင်းရင်းသား ညီလာခံတွင် ပင်လုံစာချုပ် ၊ ပင်လုံကတိက၀တ် ဆိုင်ရာ ကိစ္စ ဆွေးနွေးမည် --- --- ---



ကေအိုင်အေ ထိန်းချုပ်နယ်မြေရှိ မိုင်ဂျာယန်တွင် မကြာခင် ကျင်းပမည့် တိုင်းရင်းသားညီလာခံတွင် ပင်လုံစာချုပ် ၊ ပင်လုံကတိက၀တ်ဆိုင်ရာ ကိစ္စရပ်များမှာ သီးသန့်ခေါင်းစဉ်တရပ် အနေဖြင့် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသတွင် ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ၏ မျက်နှာစုံညီ အစည်းအဝေးတွင် ခေါင်းစဉ်ကြီး လေးခုဖြင့် အဓိကထား ဆွေးနွေးသွားကြမည်ဟု ဆုံးဖြတ်ခဲ့ပြီး နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များ ၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ ၊ နိုင်ငံရေးမူဘောင်ဆိုင်ရာ ကိစ္စရပ်များလည်း ပါဝင်သည်ဟု ဇူလိုင်လ ၁၃ ရက်နေ့က ချင်းမိုင်တွင် ကျင်းပခဲ့သည့် မိုင်ဂျာယန်ညီလာခံအကြို အစည်းဝေးတွင် ဆုံးဖြတ်ခဲ့သည်။

“၁ အချက်ကတော့ နိုင်ငံရေးဆိုင်ရာ ကိစ္စပေါ့နော်၊ ဒုတိယတစ်ချက်ကတော့ လုံခြုံရေးတို့ ကာကွယ်ရေးဆိုင်ရာ ကိစ္စ၊ တတိယက ကျွန်တော်တို့ ပြောနေတဲ့ ပေါ်လတီကယ် ဒိုင်ယာလော့ ဖရိန်းဝပ် ရီးဗြူးတဲ့ကိစ္စတွေ နောက်တစ်ချက်ကတော့ အခု ၂၁ ရာစု ပင်လုံဆိုတဲ့ စကားရပ်အပေါ်မှာ အဓိပ္ပာယ်ပုံ ဆွေးနွေးမှု၊ ဒါကတော့ အနည်းအကျဉ်း ဆွေးနွေးသွားမည့် သဘောဖြစ်ပါတယ်” ဟု
အစည်းဝေးကျင်းပရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်းက ပြောသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်နှင့် အပစ်မရပ်သေးသည့် လက်နက်ကိုင် အဖွဲ့များအပါအ၀င် တိုင်းရင်းသားနိုင်ငံရေးပါတီများ ပါဝင်သည့် မိုင်ဂျာယန် တိုင်းရင်းသားညီလာခံ မကျင်းပမှီ ဇူလိုင် ၁၇ ရက်တွင် တိုင်းရင်းသား တပ်ပေါင်းစုဖြစ်သည့် UNFC မှ ထိပ်သီးခေါင်းဆောင်များ နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်တွင် တွေ့ဆုံရန်ရှိနေကြောင်း သိရသည်။

The Ladies News


No comments:

Post a Comment