အမရပူရတွင် အိမ်ငှားနေပြီး တရုတ်စာသင်နေသော တရုတ်နိုင်ငံသား နှစ်ဦးကို အရေးယူ
Tuesday, June 7, 2016
တရုတ်နိုင်ငံသား နှစ် ဦးသည် အမရပူရမြို့နယ်ရှိ နေ အိမ်တွင် ငှားရမ်းနေထိုင်ပြီး တရုတ်စာ သင်ကြားနေသော ကြောင့် ဗီဇာစည်းကမ်းဖောက် ဖျက်မှုဖြင့် အရေးယူခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သတင်းရရှိသည်။
အမရပူရမြို့နယ် တောင် သမန်ကျေးရွာအုပ်စု ထန်းတော် ကျေးရွာတွင် ရက်တစ်ရာစီမံချက် ဖြင့် သာမန်ရွှေ့ပြောင်းနှင့် ယာယီ ရွှေ့ပြောင်းလူဦးရေ စာရင်း ကောက်ယူစဉ် တရုတ်နိုင်ငံသား နှစ်ဦး အိမ်ငှားရမ်းနေထိုင်မှုကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရ သည်။
တရုတ်နိုင်ငံသားနှစ်ဦးသည် ၂၀၁၅ စက်တင်ဘာမှစ၍ တစ်လ လျှင် ကျပ်နှစ်သိန်းဖြင့် နေအိမ် ငှားရမ်းနေထိုင်၍ ဗီဇာစည်းကမ်း နှင့်မညီညွတ်သော တရုတ်စာ၊ တရုတ်စကားသင်ကြားနေခြင်း ဖြစ်သည်။
‘‘ပြည်သူတွေအနေနဲ့တရုတ် နိုင်ငံသားက အိမ်ထောင်စုစာရင်း မရှိဘူး၊ မှတ်ပုံတင်မရှိဘူးဆိုတာ မျိုး လ၀ကကို သတင်းပေးပါ။ ချက်ချင်းသွားရောက်စစ်ဆေးပါ့ မယ်။ သီးခြားအနေနဲ့လည်း တရားမ၀င် နေထိုင်တဲ့ တရုတ် နိုင်ငံသားတွေကို စစ်ဆေးတာမျိုး တော့ မလုပ်သေးဘူး။ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေက ဆက်သွယ် လာရင်တော့သွားရောက်စစ် ဆေးပါတယ်’’ဟု မန္တလေးတိုင်း ဒေသကြီး လူဝင်မှုကြီးကြပ်ရေး နှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီး ဌာန ဒုညွှန်ကြားရေးမှူး ဦးဝင်း မြင့်ကပြောသည်။
တရုတ်နိုင်ငံသား အမျိုးသား နှင့်အမျိုးသမီးကို အမရပူရမြို့ နယ် လူဝင်မှုကြီးကြပ်ရေးဦးစီး ဌာန ဦးစီးမှူးက တရားလိုပြုလုပ် ၍ အမရပူရမြို့မရဲတပ်ဖွဲ့စခန်း တွင် ၁၉၄၇ မြန်မာနိုင်ငံ လူ ၀င်မှုကြီးကြပ်ရေး (လတ်တလော ပြဋ္ဌာန်းချက်များ) အက်ဥပဒေ ပုဒ်မ ၄(၂) အရ ဗီဇာစည်းကမ်း ဖောက်ဖျက်မှုဖြင့် အရေးယူထား ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။
7Day
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
No comments:
Post a Comment