Tuesday, March 22, 2016

iPhone SE အကြောင်း သိထားသင့်တဲ့ အချက် (၉) ချက်

ဈေးနှုန်းက ဒေါ်လာ ၃၉၉ ဒေါ်လာအနည်းဆုံး ဖြစ်ပါတယ်။
play

အသစ်ထွက်ရှိလာတဲ့ မျိုးဆက်သစ် iPhone SE ဟာ သတင်းပေါက်ကြားခဲ့တဲ့ ကောလာဟလတွေအတိုင်း ပိုမိုသေးငယ်တဲ့ အရွယ်အစားနဲ့ ထွက်ရှိလာပါတယ်။ အရင်ထွက်ခဲ့ဖူးတဲ့ iPhone 5s ဒီဇိုင်းမျိုး ဖြစ်နေပေမယ့် စွမ်းဆောင်ရည်မှာတော့ နောက်ဆုံးထွက်ထားတဲ့ iPhone 6s အတိုင်း ထည့်သွင်းထုတ်လုပ်ထားတယ်လို့ ဆိုပါတယ်။
နောက်ဆုံးထွက်လာတဲ့ iPhone SE နဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့ အချက် (၁၀) ချက်ရှိပါတယ်။
၁။ သေးငယ်သော အရွယ်အစား
play

လွန်ခဲ့တဲ့ နှစ်နှစ်က ထုတ်ခဲတဲ့ iPhone 5s အရွယ်အစားအတိုင်း ထုတ်လုပ်ထားတာပါ။ မျက်နှာပြင် လေးလက်မ ရှိပါတယ်။
၂။ စွမ်းဆောင်ရည်
play

iPhone SE မတိုင်ခင် နောက်ဆုံးထုတ်လုပ်ရောင်းချထားတဲ့ iPhone 6s ရဲ့ စွမ်းဆောင်ရည်အတိုင်း ထုတ်ထားပါတယ်။ ဒါပေမယ့် 3D touch တော့ မပါဝင်ပါဘူး။
၃။ ကင်မရာ
play

iPhone SE မှာပါတဲ့ ကင်မရာက 12 MP ရှိပါတယ်။ ဒါဟာ iPhone 6s  ရဲ့ ကင်မရာ အရည်အသွေးနဲ့ အတူတူပါပဲ။
၎။ Live photo
play

အခု ပါလာတဲ့ ကင်မရာက Live Photo တွေလည်း ရိုက်ကူးနိုင်ပါတယ်။ 4K အရည်အသွေးရှိ ဗီဒီယိုတွေလည်း ရိုက်နိုင်ပါတယ်။
၅။ SE အမည်
play

ဖုန်းရဲ့ အနောက်ဘက်မှာ SE ဆိုတဲ့ လိုဂို အသစ် ပါလာမှာပါ။
၆။ ပွန်းပဲ့မှုဒဏ် ကာကွယ်ခြင်း
play

5s နဲ့ အရွယ်အစားချင်း တူညီပေမယ့် ဖုန်းကိုယ်ထည်ကို ထုတ်လုပ်ရာမှာတော့ မတူညီတဲ့ သတ္တုတစ်မျိုးကို ပြောင်းလဲ ထုတ်လုပ်ထားပါတယ်။ အဲဒီအားသာချက်ကြောင့် ဖုန်းမှာ ခြစ်ရာထင်တာတွေ အရင်ကထက် ပိုပြီး နည်းပါးသွားစေမှာပါ။
၇။ အရောင်
play

iPhone SE ကို 6s အတိုင်း အရောင်လေးရောင်ထုတ်လုပ်မှာ ဖြစ်ပြီး ပန်းရောင်လည်း ရရှိမှာပါ။ 5s တုန်းကလို ဘေးဘောင်တွေက အရောင်တောက်တာမျိုး မထုတ်လုပ်ပဲ အရောင်ပိုမှိုင်းအောင် ပြုပြင်ထားပါတယ်။
၈။ ဈေးနှုန်း
play

iPhone 6s ထက်ဒေါ်လာ ၂၅၀ ပိုပြီး သက်သာပါတယ်။ iPhone SE အနည်းဆုံးတန်ဖိုးက ဒေါ်လာ ၃၉၉ ဖြစ်ပါတယ်။  64 GB ဆိုရင်တော့ ၄၉၉ ကျသင့်မှာပါ။
၉။ ဘက်ထရီ
play

iPhone SE ဘက်ထရီက iPhone 5s ထက်သာလွန်ကောင်းမွန်အောင် ထုတ်လုပ်ထားတယ်လို့ ဆိုပါတယ်။ iPhone 6S Plus ရဲ့ ဘက်ထရီကိုတော့ မယှဉ်နိုင်ပါဘူး။
ှSource : Businessinsider

No comments: