Tuesday, March 22, 2016

တောင်ကိုရီးယားကို ဇီကာရောက်ရှိ

ကူးစက်ပျံ့နှံ့မှုတွေကို ထိန်းချုပ်ရခက်ခဲနေဆဲပါ။
play

ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ လူနာတစ်ဦးကို တောင်ကိုရီးယားမှာ စတင်တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူတွေက အတည်ပြုလိုက်ပါပြီ။ ဒါဟာ တောင်ကိုရီးယားရဲ့ ပထမဆုံး ဇီကာပျံ့နှံ့မှုလည်း ဖြစ်လာပါတယ်။
ဘရာဇီးနိုင်ငံမှ ပြန်လာတဲ့ အသက် ၄၃ နှစ်အရွယ် အမျိုးသားတစ်ဦးထံမှာ ဗိုင်းရပ်စ်ကို တွေ့ရှိခဲ့တယ်လို့ ရောဂါကာကွယ်ရေးနဲ့ထိန်းချုပ်ရေးစင်တာက သတင်းထုတ်ပြန်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ခြင်မှတစ်ဆင့် ကူးစက်တဲ့ ဇီကာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး အရေးပေါ် ထုတ်ပြန်ကြေညာထားပါတယ်။ ဇီကာဗိုင်းရပ်စ်ဟာ ဘရာဇီးနဲ့ အမေရိက နိုင်ငံတွေမှာ လျှင်လျှင်မြန်မြန်ပဲ ကူးစက်ပျံ့နှံ့နေပါပြီ။
Source : BB

No comments: