Tuesday, March 22, 2016

တံတားဦးတွင် ဓါးပြတိုက်မှု့ဖြစ်

တံတားဦးတွင် ဓါးပြတိုက်မှု့ဖြစ်
---------------------------------------------
တံတားဦးမြို့ အမြန်လမ်းအဝိုင်းပတ် အရှေ့ဘက် ၃ ဖာလုံခန့်အကွာ  အမှတ် ၁ အပိုင် ရွှေပေါက်ပင်ကွင်း သခွားမွှေးစိုက်ခင်း တဲနှစ်လုံးကို ယနေ့နံနက် ၂၂.၃.၂၀၁၆ ရက်နေ့ နံနက် ၁ နာရီခန့်က ဓါးကိုင်လူ ၅ ဦး ဝင်ရောက် ဓါးပြတိုက်သွားပါသည်။ မြို့နှင့် ၁ မိုင်ခန့်သာ ဝေးသော်လည်း မြို့၏ လုံခြုံရေး အားနည်းမှု့ကို အကြောင်းပြု၍ မြို့အနီးသို့ ချဉ်းကပ်ကျူးလွန် ခဲ့ပါသည်။ လုံခြုံရေးအဖွဲ့သည် မြစ်ရိုးတလျှောက်တွင် ဓါးပြသောင်းကျန်းနေသော ရွာများသို့ နေ့စဉ်ကင်းပုန်း စောင့်ခြင်းများ ဆောင်ရွက်ချိန်လည်း ဖြစ်ပါသည်။

သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ စုံစမ်းစစ်ဆေး အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။ (သက်ဆိုင်ရာ တာဝန် ရှိသူများနှင့် မိတ်ဆွေများ အခင်းဖြစ် တဲတလုံးအတွင်း ဝင်ရောက် စစ်ဆေးနေကြစဉ်)

U Aung Zayya
Via lwin oo

No comments:

Post a Comment