Tuesday, March 22, 2016

သမ္မတကြီး ဦးသိန်းစိန် လက်ထက်တုန်းကလဲ .. ပြင်းပြင်းထန်ထန်ကို ကန့်ကွက်ခဲ့တယ် ..

သမ္မတကြီး ဦးသိန်းစိန် လက်ထက်တုန်းကလဲ ..
ပြင်းပြင်းထန်ထန်ကို ကန့်ကွက်ခဲ့တယ် ..

အခု ဦးထင်ကျော် အစိုးရလက်ထက်မှာလဲ ..
ပြင်းပြင်းထန်ထန်ကို ကန့်ကွက်အုံးမယ် ..

အခွန် မကောက်နဲ့ လို့မပြောဘူး ..
အခွန်ကောက်တာကို လက်ခံတယ် ..
ဒါပေမယ့် မြန်မာနိုင်ငံက လူတိုင်းရဲ့ ..
တစ်နေ့ အနိမ့်ဆုံး ဝင်ငွေ ..
ဘယ်လောက်ရှိနေပြီလဲ ?
အခြေခံလူတန်းစား ပြည်သူတွေအတွက် ..
ဝင်ငွေပုံမှန်ရှိစေမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေ ..
ဘယ်လောက်ဖန်းတီးပြီးပြီလဲ ?
ဒီပုံစံနဲ့ အခွန်ကောက်တာ ..
နောက်ဆုံး အသုံးပြုသူ End User ဖြစ်တဲ့ ..
ပြည်သူတွေအတွက် အဆင်ပြေရဲ့လား ?
အစရှိသဖြင့်တော့ စဉ်းစား ၊ ဆုံးဖြတ်သင့်တယ် ..

အခု ဦးထင်ကျော်  အစိုးရအသစ် လက်ထက် ..
စတက်တာနဲ့ ပြည်သူ (အခြေခံလူတန်းစား)တွေကို ..
မငဲ့ပဲ ဖုန်းပြောဆိုခတွေထဲကမှ ထပ်ပြီး အခွန်မယူပါနဲ့ ..
အခွန်ကောက်ချင်ရင် ဖုန်းအော်ပရေတာ ..
ကုမ္ပဏီကြီးတွေကနေ စိတ်ကြိုက် အခွန်ကောက်ပါ ..
သူတို့ ပေးနိုင်၊ ဆက်လုပ်နိုင်ရင်လုပ်ပါလိမ့်မယ် ..
ကျွန်တော်တို့ ပြည်သူတွေ သူတို့ဆီကနေ ..
ဖုန်းအလကားပြောခွင့်ရထားတာမဟုတ်ပါဘူး ..
သူတို့ သတ်မှတ်တဲ့ ဖုန်းပြောခကျသင့်ခွန် ..
ပေးပြီး အသုံးပြုနေကြရတာပါ ..
သူတို့ဖာသာ အော်ပရေတာချင်းပြိုင်ပြီး ..
ဖုန်းပြောဆိုခတွေ ချပေးတာ၊ မချပေးတာက..
ဘာပရိုမိုးရှင်း၊ ညာပရိုမိုရှင်းလုပ်တာ သူတို့ ကိစ္စပါ ..
ဘယ်လုပ်ငန်းရှင်မှ ပြည်သူကို ချစ်လွန်းလို့ပါဆိုပြီး ..
အရှုံးခံပြီး အလကား ဘာမှ ပေးတာမဟုတ်ပါဘူး ..

ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ကတော့ ..
၁၀၀၀ ဖိုး ဖုန်းပြောခွန် ဆောင်ထားရင် ..
၁၀၀၀ ဖိုး အတိအကျ အသုံးပြုပါရစေ ..

အခြေခံအိမ်ရှင်မ တစ်ဦးအဖို့ ..
၁၀၀၀ ဖိုးရဲ့ ၄၈ကျပ်ဟာ ..
ငရုတ်သီး လက်တစ်ဆုပ်ရသလို ..
၁၀၀၀၀ ဖိုးရဲ့ ၄၇၆ ကျပ်ဟာ ..
ငါးဟင်းလေး တစ်ခွက် ကောင်းကောင်းရပါတယ် ..

Aye Chan Min

Photo - Ko Chit

No comments:

Post a Comment