Tuesday, March 22, 2016

ကျေးရွာအုပ်ချုပ်ရေး ဥပဒေ က ... ဧည့်စာရင်းတိုင်ကြားရမယ့် စနစ် ... ပုဒ်မ ၁၃ ( ဆ) ကို ...

ကျေးရွာအုပ်ချုပ်ရေး ဥပဒေ က ...
ဧည့်စာရင်းတိုင်ကြားရမယ့် စနစ် ...
ပုဒ်မ ၁၃ ( ဆ) ကို ...
ပယ်ဖျက်ဖို့  လုပ်ဆောင်သွားမည် လို့  ....
အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ...
ဒေါ်စူစန်နာလှလှစိုးက ...
ပြောကြားတယ်လို့ သိရှိရပါတယ် ...

လူ့ အခွင့်အရေးပိုင်း လွတ်လပ်မှုပိုင်းက ကြည့်ရင် ...
ကန့် ကွက်စရာ အကြောင်းမရှိပေမယ့် ...
လုံခြုံရေး ရူထောင့်က ကြည့်ရင်တော့ ...
စိုးရိမ်ပူပန်စရာတွေ အများကြီး ဖြစ်လာပါတယ် ...

မှတ်ပုံတင် အတုတွေ ဗလဗွ ဖြစ်နေတဲ့  တိုင်းပြည် ...

မီးပွိုင့်က CCTV  ပျက်နေတဲ့  တိုင်းပြည် ...

ရထားဂိတ် ကားဂိတ်တွေက ....
လူဝင်ထွက် မှတ်တမ်းနဲ့  စောင့်ကြည့်စနစ်တွေ ...
ချာတူးလန်နေတဲ့ တိုင်းပြည် ...

ဒီလိုတိုင်းပြည်တစ်ခုမှာ ...
လူ အ၀င်အထွက် စောင့်ကြည့်တဲ့  ...
လုံခြုံရေး စနစ်တစ်ခုကို ပယ်ဖျက်တော့မယ် ဆိုရင် ...
ရူထောင့်ပေါင်းစုံက ...
အသေအချာ စဉ်းစားပြီးလုပ်စေချင်တာပါပဲ ...

တစ်ချို့ ကိစ္စတွေဟာ ...
အချိန်ယူပြီး စနစ်တကျ ....
အစားထိုးဖို့ လိုကြောင်း ပြောချင်ပါတယ် ...

No comments:

Post a Comment