မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, March 14, 2016
တာလောကြီးတိုက်နယ် ဟိုကတ်ကျေးရွာ နှင့် တာပတောင်းကျေးရွာတွင် ကေအိုင်အေမှ ဆက်ကြေးကောက်ခံ
တာလောကြီးတိုက်နယ် ဟိုကတ်ကျေးရွာ နှင့် တာပတောင်းကျေးရွာတွင် ကေအိုင်အေမှ ဆက်ကြေးကောက်ခံ
မတ် ၁၂ ၊ မန္တလေး
မြစ်ကြီးနားမြို့ နယ် တာလောကြီးတိုက်နယ် ဟိုကတ်ကျေးရွာ နှင့် တာပတောင်းကျေးရွာတွင် မတ်လ ၁၂ ရက်နေ့က ဆက်ကြေးကောက်ခံခဲ့ကြောင်း ဟိုကတ်ကျေးရွာဒေသခံများထံမှ သိရသည် ။
" ဟိုကတ်နဲ့ တာပတောင်းမှာကောက်တာ ဒီနေ့ကောက်တာလေ ။ ကောက်တယ်ဆိုတာလည်းဒီလိုပါ ကေအိုင်အေက ရွာထဲဝင်လာတာမဟုတ်ဘူး ၊လှမ်းခိုင်းတာ ၊ ရွာကလူတွေကိုလှမ်းခိုင်းတာ ရွာကအမြဲတမ်းကောက်နေတာ
ဆန်တောင်းစားလိုက်၊ ဟိုဟာတောင်းစားလိုက်နဲ့ ရွာလူကြီးကိုလှမ်းခိုင်းတာ " ဟု ရှမ်းရေးရာအဖွဲ့မှ ဦးစိုင်းစန်းဝေက ပြောသည် ။
ယနေ့ဟိုကပ်ကျေးရွာ နှင့် တာပတောင်းကျေးရွာရှိ လူကြီးများထံသို့ ကေအိုင်အေ ရင်း (၁၁) မှ လှမ်းတောင်းခိုင်းကြောင်း ၊ထိုသို့တောင်းခံရာတွင် ထွန်စက်တစ်စီး သုံးသောင်းကျပ် ၊ လယ်ဧက တစ်ဧက ၅ ထောင် ၊ နွားတစ်ကောင် ၅ ထောင်ပေးဆောင်ရကြောင်း သိရသည် ။
" ကျွန်တော်တို့ကတော့ မထည့်လိုက်ဘူး ငြိမ်းချမ်းရေးစာချုပ်ထဲမှာလဲ တာတွေပါတယ်လေ ။ ကျွန်တော်မထည့်တာလည်း ဒါကပထမဆုံးအကြိမ်ပါ " ဟု ဟိုကတ်ကျေးရွာသားတစ်ဦးက ရှမ်းနီအသံသို့ပြောကြားသည် ။
အဆိုပါ ဟိုကတ်ကြေးရွာတွင် ဆက်ကြေးကောက်ခံမှုနှင့် ပတ်သက်ပြီး ဟိုကတ်အုပ်ချုပ်ရေးမှူး ဦးကျော်လူဆွေမှ ကောက်ခံခြင်းမရှိကြောင်း ငြင်းဆိုထားပြိး အဆိုပါ သတင်းကို စုံစမ်းနေကြောင်း ၊
ရွာထဲတွင် မြန်မာ့တပ်မတော် ခလရ (၃၈) တပ်ခွဲလည်း ရောက်ရှိနေကြောင်း ရှမ်နီအသံသို့ြေ့ပာကြားသည် ။
" အရင်ကတစ်ခါထည့်ရင် ဆန်(၃)တင်း ၊ ဆား(၂ )ပိဿာ ၊ ပိုက်ဆံက (၅၂၀၀) ထည့်ရတာတယ် ။ ထည့်ရတာတော့ လွန်ခဲ့တဲ့ ၁၉၆၂ ခုနှစ်ကတည်းကထည့်ရတာ ၊ ဗိုလ်ချုပ်ခင်ညွန်ငြိမ်းချမ်းရေးလုပ်ပြီးနောက်တော့
မထည့်ရတော့ဘူး ငြိမ်းချမ်းရေးပျက်သွားတဲ့အခါ လွန်ခဲ့တဲ့ နှစ်ပိုင်းကနေစပြီး ပြန်ထည့်ရတယ် " ဟု ဟိုကတ်ရွာသားတစ်ဦးကဆက်လက်ပြောကြားသည် ။
Credit: Voice of ShanNi
Subscribe to:
Post Comments (Atom)
No comments:
Post a Comment