Thursday, March 3, 2016

မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ၀ိုင်းဝန်းပါဝင်ဆောင်ရွက်ပေး ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ®®®®®®®®®®®®®®

ဆောင်းပါး ▄▄▄▄▄ ®®®®® မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ၀ိုင်းဝန်းပါဝင်ဆောင်ရွက်ပေး ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ®®®®®®®®®®®®®®®®®®®®®®®®®®®®® ဝိုင်းမော်မြို့နယ်အတွင်း ဆဒုံးမြို့နှင့် ကန်ပိုက်တီမြို့တို့၌ ဘိန်းခင်းများကို ဖျက်ဆီးရန်အတွက် ၁၈-၂-၂ဝ၁၆ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့် က မြစ်ကြီးနားမြို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (Kachin Baptist Convention - KBC) က ကြီးမှူး၍ ကချင်လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး(Patjasan - ပက်ချီဆန်)အဖွဲ့မှ ဦးဖရဲ ဆောင်ယော် ဦးဆောင်သော ပြည်သူ ၁၇ဝဝ ခန့် ပါဝင်သည့် အဖွဲ့သည် ဝိုင်းမော်မြို့နယ် မိုင်တိုင်အမှတ်(၁၃)အနီးရှိ ဘားကျွင့်တံတားသို့ ရောက်ရှိ လာရာ မြစ်ကြီးနားခရိုင်အုပ်ချုပ်ရေးမှူး ဦးခေါင်လန်ဒီး ဦးစီးအဖွဲ့က အဆိုပါ ဘိန်းခင်းဖျက်ဆီးမည့်အဖွဲ့နှင့်ဒေသခံများ ထိပ်တိုက် တွေ့လျှင် မလိုလား အပ်သောပြဿနာများမဖြစ်ပွားစေရန် လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ရေးသွားရောက် ညှိနှိုင်းဆွေးနွေးခဲ့သည်။ နောက်နေ့တွင် ဘိန်းခင်းဖျက်ဆီးမည့်အဖွဲ့မှ ဦးဇုန်းတိန့် ပါ လေးဦးနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ကျော်ကျော်ဦး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်၊ ကချင်ပြည်နယ် ရဲတပ်ဖွဲ့ မှူး ရဲမှူးကြီး ချစ်ဦးတို့ တွေ့ဆုံဆွေးနွေးခဲ့ရာ လုံခြုံရေးအဖွဲ့အစည်းများ မပါဘဲ ဘိန်းခင်းများ ဖျက်ဆီးပါက မလိုလားအပ်သည့် လူမျိုးရေး ပဋိပက္ခ ဖြစ်ပွားလာနိုင်သည့်အတွက် လုံခြုံရေးအဖွဲ့များနှင့်အတူ ပြည်သူလူထု ပူးပေါင်းပြီး ဥပဒေနှင့်အညီ ဆောင်ရွက်ကြမည်ဖြစ်ကြောင်း ဆွေးနွေးညှိနှိုင်း သဘောတူညီခဲ့ကြသည်။ အလားတူ ၂၁-၂-၂ဝ၁၆ ရက်နေ့တွင်လည်း ကချင်ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်ဦး ဦးစီးအဖွဲ့နှင့် သင်းအုပ်ဆရာ ဦးဘရန်ရှောင်ပါ ခြောက်ဦးအဖွဲ့သည် ဘိန်းခင်းဖျက်ဆီးရာတွင် လုံခြုံရေး အဖွဲ့၊ ဌာနဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ ကြသည်။ နောက်တစ်ရက်တွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း ဦးဆောင်၍ ပြည်နယ်လုံခြုံရေးကော်မတီအစည်းအဝေး ကျင်းပခဲ့ပြီး ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့၌ အနယ်နယ်အရပ်ရပ်မှ လူမျိုးပေါင်းစုံ၊ အသက် အရွယ်မျိုးစုံ ပါဝင်နေသဖြင့် မလိုလားအပ်သည့် ဖြစ်စဉ်များ ဖြစ်ပွားမှု မရှိ စေရေး၊ ပြည်သူများ၏ အသက်အိုးအိမ်များ ထိခိုက်ပျက်စီးမှုမရှိစေရေး တို့အတွက် တပ်မတော်မှ လုံခြုံရေးဆောင်ရွက်ပေးနိုင်မှုအပေါ် မူတည်၍ အဖွဲ့များဖြန့်ခွဲကာ ဘိန်းခင်းများ ဖျက်ဆီးနိုင်ရေး ဆွေးနွေးခဲ့ကြသည်။ ၂၃-၂-၂ဝ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ဘိန်းခင်းဖျက်ဆီးမှုနှင့် ပတ်သက် ၍ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင် ဦးစီးအဖွဲ့နှင့် ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့မှ ဦးယုံဝါပါ ခုနစ်ဦး ဆွေးနွေး ခဲ့ကြပြီး ပူးပေါင်းအဖွဲ့အနေဖြင့် ၂၃-၂-၂ဝ၁၆ ရက်နေ့မှစတင်၍ ဘိန်း ခင်းများကို ဖျက်ဆီးနိုင်ရန်အတွက် အဖွဲ့ခြောက်ဖွဲ့ သတ်မှတ်ဆောင်ရွက် သွားရန် ညှိနှိုင်းဆုံးဖြတ်ခဲ့ကြသည်။ ၂၄-၂-၂ဝ၁၆ ရက်နေ့တွင် ပူးပေါင်းအဖွဲ့(၁)သည် ကန်ပိုက်တီ (တောင်ခြမ်း) ထန်မိုခမ်း၊ တရုတ်မဂါ့၊ ကူခန်းရှိ ဘိန်းခင်းများ ဖျက်ဆီးရန် နှင့် ပူးပေါင်း အဖွဲ့(၂)သည် ကန်ပိုက်တီ(တောင်ခြမ်း) ကနော့ဘွမ်ရှိ ဘိန်းခင်းများ ဖျက်ဆီးရန်၊ ၂၅-၂-၂ဝ၁၆ ရက်နေ့တွင် ပူးပေါင်းအဖွဲ့(၃) သည် ကန်ပိုက်တီ (မြောက်ခြမ်း) ယင်းဒန်၊ လုံဆာရှိ ဘိန်းခင်းများ ဖျက်ဆီးရန်နှင့် ပူးပေါင်း အဖွဲ့(၄)သည် ကန်ပိုက်တီဒေသ ချောင်းမော၊ ဝေါ်ရာနှင့် ရှမ်းကျူရှိ ဘိန်းခင်းများ ဖျက်ဆီးရန်၊ ၂၆-၂-၂ဝ၁၆ ရက်နေ့တွင် ပူးပေါင်းအဖွဲ့(၅)သည် ကန်ပိုက်တီ(မြောက်ခြမ်း) ကုံမိုင်၊ မော်စီတုံးရှိ ဘိန်းခင်းများ ဖျက်ဆီးရန်နှင့် ပူးပေါင်းအဖွဲ့(၆)သည် ကန်ပိုက်တီဒေသ တာကြာဟော့နှင့် လငန်ရှိ ဘိန်းခင်းများ ဖျက်ဆီးရန် သတ်မှတ်ခဲ့သည်။ အဖွဲ့တစ်ဖွဲ့စီတွင် အင်အား ၃၄၂ ဦး ပါဝင်ဖွဲ့စည်းခဲ့ပြီး ဘိန်းခင်းဖျက်ဆီး ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြသည်။ ဘိန်းခင်းများကို ယခုကဲ့သို့ ဖျက်ဆီးနိုင်ခြင်းသည် ကမ္ဘာ့လူသားများ ၏ အသက်ကို ကယ်တင်နိုင်ခြင်းပင်ဖြစ်သည်။ မူးယစ်ဆေးဝါးအန္တရာယ် သည် ကမ္ဘာပေါ်တွင် တစ်စတစ်စ ကျယ်ပြန့်ကြီးမားလာနေသည်။ မူးယစ်ဆေးဝါးရောင်းဝယ်မှုသည် မကြာမီနှစ်များမှစ၍ ကမ္ဘာ့နိုင်ငံ အသီးသီးရှိ ပြည်သူများ၏ ကျန်းမာရေးနှင့် လုံခြုံရေးကို အဓိက ခြိမ်းခြောက်နေသည့် အန္တရာယ်တစ်ခုအဖြစ် ပြောင်းလဲဖြစ်ပေါ်လျက် ရှိသည်။ ထို့အပြင် မူးယစ်ဆေးဝါးပြဿနာသည် နယ်မြေတည်ငြိမ် အေးချမ်းမှုနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို ပျက်စီးဆုတ်ယုတ်သည့် အကျိုး သက်ရောက်မှုများ ဆက်လက်ဖြစ်ပေါ်စေလျက်ရှိသည်။ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးထုတ်လုပ်မှု ပပျောက်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် ၂ဝ၁၃ ခုနှစ်တွင် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း သီတာစစ်ဆင်ရေးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရွှေလီစစ်ဆင်ရေး၊ ၂ဝ၁၄ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ချင်းတွင်းစစ်ဆင်ရေး၊ မန္တလေးတိုင်းဒေသကြီးတွင် ရတနာပုံ (၁)/(၂) စစ်ဆင်ရေး၊ မွန်ပြည်နယ်တွင် ရာမညစစ်ဆင်ရေး၊ ကရင်ပြည်နယ်တွင် ဇွဲကပင်စစ်ဆင်ရေး၊ ၂ဝ၁၅ ခုနှစ်တွင် ရှမ်းပြည်နယ်အတွင်း မဲခေါင်(၁)/ (၂)စစ်ဆင်ရေး၊ ရခိုင်ပြည်နယ်အတွင်း ဓညဝတီစစ်ဆင်ရေး၊ နေပြည်တော် ကောင်စီနယ်မြေတွင် ပေါင်းလောင်းစစ်ဆင်ရေးတို့ကို ဆောင်ရွက်ခဲ့သည်။ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု လျော့နည်းပပျောက်စေရေး ဆောင်ရွက်ရာ တွင် ကုလသမဂ္ဂမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့အပါအဝင် နိုင်ငံတကာ အထောက်အပံ့ဖြင့် ဘိန်းအစားထိုးသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် မြေယာ များဖော်ထုတ်ခြင်း၊ သီးနှံမျိုးစေ့၊ နှစ်ရှည်ပင်များ ဖြန့်ဖြူးပေးခြင်း၊ မူးယစ် ဆေးဝါးစိုက်ပျိုးနိုင်သည့် ဒေသများ၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေးလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းခြင်းတို့ကို ဆောင်ရွက်လျက် ရှိသည်။ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးခြင်းလုပ်ငန်းများကို UNODC နှင့် ပူးပေါင်း ၍ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်နှင့် လွိုင်လင်မြို့နယ်တို့၌ အဆင့်မြင့် ကော်ဖီ ဟက်တာ ၄ဝဝ ခန့် စိုက်ပျိုးထားရှိပြီး ကော်ဖီစိုက်ပျိုးသူ များ သမဝါယမအသင်းထူထောင်ကာ ဆောင်ရွက်လျက်ရှိသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင်အတွင်းရှိ ကျေးရွာ ၅၆ ရွာတွင် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့နှင့် ပူးပေါင်း ၍ ရေရှည်အကျိုးဖြစ်ထွန်းသည့် အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘတ်ငွေသန်း ၃၅ဝ ရင်းနှီးမတည်၍ ခြောက်နှစ်စီမံကိန်း ဆောင်ရွက် လျက်ရှိသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကောင်းခါး ဒေသနှင့် တာမိုးညဲဒေသတို့တွင် တရုတ်နိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ကော် မရှင်နှင့်ပူးပေါင်း၍ အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်လျက်ရှိသည်။ ဘိန်းအစားထိုးသီးနှံများ စိုက်ပျိုးသည့် မြို့နယ် ၅၁ မြို့နယ်တွင် စိုက်ပျိုး ပညာပေးစခန်း ၇၄ ခု ဖွင့်လှစ်ထားရှိလျက် နှစ်ချင်းသီးနှံ မျိုးစေ့ဖြန့်ဖြူးခြင်း၊ နှစ်ရှည်ပျိုးပင်ဖြန့်ဖြူးခြင်း၊ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများဖြန့်ဖြူး ခြင်း၊ စိုက်ပျိုးပညာပေးသင်တန်းများ ဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်လျက် ရှိသည်။ ရွှေပြည်အေးလူငယ်များပြုစုပျိုးထောင်ရေးဌာနတွင် ဝက်နှင့် နွားမွေးမြူ ခြင်း၊ ကယားပြည်နယ် လွိုင်ကော်မြို့နယ်နှင့် ဒီမောဆိုမြို့နယ်တို့ရှိ ကျေးရွာ များ၌ ကြက်၊ ဝက်များ မွေးမြူခြင်း၊ ချင်းပြည်နယ် ဟားခါးရှိ ချွန်ကျုံးစံပြ မွေးမြူရေးကျေးရွာတွင် ဝက်ဖြူကြီးမျိုး မွေးဘက်ပေး စနစ်ဖြင့် မွေးမြူခြင်း၊ မျိုးစပ်မွေးမြူခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ ဘိန်းစိုက်ပျိုးသည့် မြို့နယ် ၅၁ မြို့နယ်တွင် တိရစ္ဆာန်များ အား ရောဂါကာကွယ်ခြင်း၊ ကုသခြင်း များကိုလည်း ဆောင်ရွက်ပေး လျက်ရှိသည်။ တစ်နိုင်ငံလုံးတွင် မူးယစ်ဆေးစွဲရောဂါကုဌာနကြီး ၂၆ ခုနှင့် ဌာနငယ် ၄၇ ခု စုစုပေါင်း ၇၃ ခုတို့ကို ဖွင့်လှစ်ထားရှိသည်။ ထို့အပြင် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာ တတ်သော နောက်ဆက်တွဲ ဆိုးကျိုး များ လျော့ပါးရေးအတွက်(Harm Reduction) လုပ်ငန်းအစီအစဉ်အရ အစိုးရမဟုတ်သော အဖွဲ့အစည်းများဖြစ်သည့် အာရှဒေသအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲဆိုးကျိုးများ လျော့ပါးရေး ကွန်ရက်(AHRN-Asian Harm Reduction Network)၊ မူးယစ်ဆေးဝါးသုံးစွဲမှု သုတေသနအဖွဲ့ (SARA- Substance Abuse Research Association)၊ မြန်မာနိုင်ငံ မူးယစ် ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA - Myanmar Anti Narcotic Association) အဖွဲ့များနှင့် ပူးပေါင်း၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မူးယစ်ဆေးစွဲသူ လူငယ်များအတွက် အန္တရာယ်လျှော့ချရေး ဝန်ဆောင်မှု များပေးခြင်း၊ ဆေးကုသနိုင်ရန် ပို့ဆောင်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် ရွှေပြည်အေး လူငယ်များ ပြုစုပျိုးထောင်ရေးစခန်းကို ၁-၈-၁၉၈၃ ရက်တွင်လည်းကောင်း၊ ရှမ်း ပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်၌ ရွှေပြည်သစ်လူငယ်များ ပြုစု ပျိုးထောင်ရေးစခန်းကို ၈-၉-၂ဝဝ၃ ရက်တွင်လည်းကောင်း၊ ပြည်မြို့ (ဝက်ထီးကန်)၌ ရွှေပြည်သာ လူငယ်များပြုစုပျိုးထောင်ရေးစခန်းကို ၁၅-၁၂-၁၉၉၅ ရက်တွင်လည်းကောင်း ဖွင့်လှစ်ထားရှိခဲ့သော် လည်း ရွှေပြည်အေးနှင့် ရွှေပြည်သစ် လူငယ်ပြုစုပျိုးထောင်ရေးစခန်းတို့မှာ နယ်မြေ လုံခြုံရေးအခြေအနေအရ ခေတ္တပိတ်ထားရာမှ အဆောက်အအုံများ ယိုယွင်းလာသဖြင့် ရွှေပြည်သာ လူငယ်ပြုစုပျိုးထောင်ရေးစခန်းတစ်ခုသာ ပုံမှန်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ကျောင်းသားလူငယ်ထုအတွင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲ စေသော ဆေးဝါးများအန္တရာယ်နှင့် နောက်ဆက်တွဲရောဂါတို့၏ အန္တရာယ်ကို သိရှိရှောင်ကြဉ်နိုင်ရေးအတွက် ပညာပေး လုပ်ငန်း များ ဆောင်ရွက်ခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်း၊ မိဘဆရာအသင်းနှင့် ပြည်သူ များ လက်တွဲဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် လာအို၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။ ထုတ်လုပ်မှုလျှော့ချရေး၊ အစားထိုး ဖွံ့ဖြိုးရေး၊ သုံးစွဲမှုလျှော့ချရေး၊ တားဆီးနှိမ်နင်းရေးစီမံကိန်းများ အကောင် အထည်ဖော်ဆောင်ရွက်ရေးစသည့် မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သော ကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ ဝေးလံခေါင်ဖျားကုန်းမြင့်ဒေသနေ ပြည်သူများသည် ဝမ်းစာအတွက် ဘိန်းစိုက်ပျိုးသည်။ ထို့ပြင် မူးယစ်ဆေးဝါး၊ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုသော အစပျိုး ဓာတုပစ္စည်း(Precursor)များကို အိမ်နီးချင်းနိုင်ငံများ၏ တရားမဝင် နယ်စပ်ဝင်ပေါက်များမှ ဖြတ်ကျော်၍ တရားမဝင်မှောင်ခိုသယ်ဆောင်ပြီး နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသည့် ဒေသများတွင် မူးယစ်ဆေးဝါး ထုတ်လုပ်လျက်ရှိသည်။ တရားမဝင် ဓာတုပစ္စည်းများ မှောင်ခိုသယ်ဆောင်ရောင်းဝယ်မှု များကို ဖော်ထုတ်ဖမ်းဆီးနိုင်မှုမှာ ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်အထိ အမှုပေါင်း ၂၄၅ မှုမှ အဓိကအားဖြင့် ဆူဒိုအက်ဖီဒရင်း အလေးချိန် ၃၇၃၉၁၃ ဒသမ ၅၂ ကီလို၊ ကဖင်း အလေးချိန် ၂၅၈၄၅ ဒသမ ၄၈ ကီလို၊ အက်ဖီဒရင်းဆေးပြား ၂၆၈၅ဝဝ၊ အမိုနီယမ်ကလိုရိုဒ် ၃၆၄၅ ဒသမ ၇၂ ကီလို၊ အင်သရာနယ်လစ်အက်စစ် ကီလို ၁၁ဝဝ၊ ဖီနိုင်းအက်စီတစ် အက်စစ်ခဲ ၂၂၄၅ ကီလို၊ ဟိုက်ဒရိုကလိုရစ်အက်စစ် ၉၇ဝဝ ဒသမ ၅၉ လီတာ၊ ဓာတုဆေးရည် ၂ဝ၆၁၇ ဒသမ ၆၅ လီတာ၊ ဆာလ်ဖျူရစ်အက်စစ် ၆၅ဝ၉ ဒသမ ၆၅ လီတာ၊ ဖီနိုင်းပရိုပီနုန်း ၁၄၂၁၉ ဒသမ ၂၅ လီတာတို့ကို ဖမ်းဆီးရမိခဲ့သည်။ နှစ်စဉ်ဘိန်းစိုက်ပျိုးရာသီဖြစ်သည့် စက်တင်ဘာလ၊ အောက်တို ဘာလ၊ နိုဝင်ဘာလ၊ ဒီဇင်ဘာလများမှစတင်ပြီး တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တို့ပါဝင်သော တရားဥပဒေ စိုးမိုးရေးအဖွဲ့များ၊ ဆက်စပ်ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများနှင့် နယ်မြေခံပြည်သူလူထုတို့ ပူးပေါင်း၍ ဘိန်းခင်းများအား ရှာဖွေဖျက်ဆီး လျက်ရှိရာ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်တွင် ၁၇၄၄ဝ ဒသမ ၂၅ ဧက၊ ၂ဝ၁၁-၂ဝ၁၂ ခုနှစ်တွင် ၅၈၇၃၅ ဒသမ ၆၉ ဧက၊ ၂ဝ၁၂-၂ဝ၁၃ ခုနှစ်တွင် ၃ဝ၂၈၈ ဒသမ ၁၈ ဧက၊ ၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင် ၃၇၅၃ဝ ဒသမ ၇၅ ဧက၊ ၂ဝ၁၄-၂ဝ၁၅ ခုနှစ်တွင် ၃၂၈ဝ၂ ဒသမ ၄၇ ဧက၊ ၂ဝ၁၅-၂ဝ၁၆ ခုနှစ်တွင် ဘိန်းစိုက်ခင်း ဧကပေါင်း ၁၈ဝ၆၄ ဒသမ ၂၁ ဧကတို့ကို ဖျက်ဆီး နိုင်ခဲ့သည်။ မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုအနေဖြင့် ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၅ ခုနှစ် အထိ အမှုပေါင်း ၂၄၆၆၁ မှု၊ တရားခံပေါင်း ၃၅၄၈၁ ဦးဖြစ်ပြီး ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလအတွင်း အမှုပေါင်း ၅၉၃ မှု၊ တရားခံပေါင်း ၈၇ဝ တို့အား ဖမ်းဆီး အရေးယူနိုင်ခဲ့သည်။ ၂ဝ၁၆ ခုနှစ် ကချင်ပြည်နယ်အတွင်း လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့များက လုံခြုံရေးအဖွဲ့နှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ မပါရှိဘဲ ဘိန်းခင်းများဖျက်ဆီးစဉ် ထိခိုက်သေဆုံးမှုများ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ် သုံးခုရှိခဲ့သည်။ ၁၅-၁-၂ဝ၁၆ ရက်နေ့တွင် မြစ်ကြီးနားမြို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ ကက်သလစ်အသင်းတော် ဓမ္မဆရာ ဦးအောင်နူး ဦးဆောင်သော လူအင်အား ၆ဝဝ ခန့်တို့သည် တနိုင်းမြို့နယ် တနိုင်းချောင်း၊ တရုံချောင်း၊ တဝမ်ချောင်းနယ်မြေအတွင်း ဘိန်းခင်းများ ဖျက်ဆီးစဉ် တူမီးသေနတ်ဖြင့် ချောင်းမြောင်းပစ်ခတ်ခံရ၍ တူးဆိုင်ဆိုသူ သေဆုံးခဲ့ပြီး မောင်ခွန်ပျော်အောင်တွင် ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် ၃ဝ-၁-၂ဝ၁၆ ရက်နေ့တွင် အထက်ပါအဖွဲ့သည် ဝိုင်းမော် မြို့နယ် ချောင်းမောကျေးရွာ လျှိုအတွင်းရောက်ရှိစဉ် ဆွဲမိုင်း တစ်လုံး ပေါက်ကွဲခဲ့သဖြင့် မောင်ဘောမ်ဆန်း၊ ဦးဇယ်ခေါင်နှင့် ဦးဘောမ်ချမ်းတို့ တွင် ဒဏ်ရာများရရှိခဲ့သည်။ အလားတူ ၄-၂-၂ဝ၁၆ ရက်နေ့တွင် ဦးလဆယ်လန် ဦးဆောင်သော ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့ ၈ဝ တို့သည် ဝိုင်းမော်မြို့နယ် မော်စီတုံးကျေးရွာ၌ ဘိန်းခင်းဖျက်ဆီးရန် သွားနေစဉ် မော်စီတုံးကျေးရွာ၊ နော်ကူကျေးရွာ၊ တာကျားဟော်ကျေးရွာနှင့် လနန် ကျေးရွာတို့မှ ရွာသူ ရွာသား ၁ဝဝ ခန့်တို့က ¤င်းတို့အဖွဲ့အားအော်ဟစ် ဆဲဆိုခြင်း၊ ခဲများဖြင့် ပစ်ပေါက်ခြင်းပြုလုပ်ခဲ့ရာ အပြန်အလှန်ခဲပေါက် မှုများဖြစ်ပွားခဲ့ပြီး ဒေသခံရွာသား ဦးဝမ်ကင်း၊ မောင်ကိုဝူးနှင့် ဒေါ်ရန်မြင့် ဝှမ်းတို့ သုံးဦးတွင် ဒဏ်ရာများရရှိခဲ့ကြသည်။ ကချင်ပြည်နယ်အစိုးရအဖွဲ့က လူထုအခြေပြု ဘိန်းခင်းဖျက်ဆီးရေး အဖွဲ့အား ''တားဆီးခဲ့ခြင်း မဟုတ်ဘဲ'' မလိုလားအပ်သည့် ဖြစ်စဉ်များ ထပ်မံမဖြစ်ပွားစေရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးမှု မထိခိုက်စေရေးတို့အတွက် ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့များ အနေဖြင့် လုံခြုံရေးအဖွဲ့နှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရေးကို ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် နိုင်ငံတော်က ဆောင်ရွက်လျက်ရှိသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ပတ်သက်၍ သိရှိနိုင်ကြရန် ရေးသားတင်ပြလိုက်ရပါသည်။ မောင်ပြည်

No comments: