မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, March 3, 2016
မြန်မာ့ရွှေဈေး ကျပ်ရှစ်သိန်းဝန်းကျင်၌ အတက်အကျရှိနေ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ®®®®®®®®®®®®®®®®®®®®®®®®®®®®
မြန်မာ့ရွှေဈေး ကျပ်ရှစ်သိန်းဝန်းကျင်၌ အတက်အကျရှိနေ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®
ရန်ကုန် မတ် ၂
မြန်မာ့ရွှေဈေးသည် ၂ဝ၁၅ ခုနှစ်အတွင်း၌ ငွေကျပ် ရှစ်သိန်းအထိတစ် ကြိမ်သာမြင့်ခဲ့ပြီး ၂ဝ၁၆ ခုနှစ်အတွင်းပြီးခဲ့သောနှစ်အတွင်း၌ ခြောက်ကြိမ် အထိရှိလာသည်ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ စည်းရုံးရေးမှူး ဦးအေးချိုက ပြောသည်။
မြန်မာ့ရွှေဈေးသည် ၂ဝ၁၆ ခုနှစ် နှစ်ဦးတွင် ဈေးကွက်စကားအရ ငွေကျပ် ရှစ်သိန်း ပတ်လည်ပြေးနေသည်ဟု ဆိုရမည်ဖြစ်သည်။ ငွေကျပ် ရှစ်သိန်း အောက် ထောင်ဂဏန်းဝန်းကျင်ကျသွားလိုက်၊ ငွေကျပ် ရှစ်သိန်းအထက် ထောင်ဂဏန်းအထိ တက်သွားလိုက်ဖြင့် အနိမ့်အမြင့်ရှိနေသည်။
ဖေဖော်ဝါရီ ၁ ရက်က ရွှေဈေးကွက်အဖွင့်တွင် ကမ္ဘာ့ရွှေဈေးမှာ အမေရိကန် ဒေါ်လာ ၁၁၂၁ဒေါ်လာရှိ ပြီး မြန်မာ့အခေါက်ရွှေဈေးမှာ ငွေကျပ် ၇၇၆၁ဝဝ ရှိခဲ့သည်။ ဖေဖော်ဝါရီ ၂၄ ရက်တွင် ကမ္ဘာ့ရွှေဈေးကွက်အဖွင့်၌ အမေရိကန် ဒေါ်လာ ၁၂၂၉ ဒေါ်လာရှိသော်လည်း မြန်မာ့ရွှေဈေးမှာငွေကျပ် ၈ဝ၃ဝဝဝ ရှိနေသည်။ ဖေဖော်ဝါရီ ၂၅ ရက်တွင် ကမ္ဘာ့ရွှေဈေးမှာ ၁၂၃၂ ဒေါ်လာရှိပြီး မြန်မာ့ရွှေဈေးမှာငွေကျပ် ၈ဝ၄ဝဝဝ ရှိရာမှ ညနေဈေးကွက်ပိတ်ချိန်၌ ကမ္ဘာ့ ရွှေဈေး အမေရိကန်ဒေါ်လာ ၁၂၃၆ အထိမြင့်ခဲ့ပြီး မြန်မာ့ရွှေဈေးမှာငွေကျပ် ၈၇ဝဝဝဝ ဖြင့် ပိတ်သိမ်းခဲ့သည်။
ဖေဖော်ဝါရီ ၂၉ ရက်တွင် ကမ္ဘာ့ရွှေဈေးအမေရိကန်ဒေါ်လာ ၁၂၂၄ ဒေါ်လာဖြင့်စ၍ မြန်မာ့ရွှေဈေးငွေကျပ် ၇၉၉ဝဝဝ ဖြစ်သွားခဲ့သည်။
သို့သော် မတ် ၁ ရက် နံနက်တွင် ကမ္ဘာ့ရွှေဈေးအဖွင့်၌ အမေရိကန်ဒေါ်လာ ၁၂၄၄ ဖြင့် ဖွင့်ခဲ့၍ မြန်မာ့ရွှေဈေးမှာငွေကျပ် ၈ဝ၃၅ဝဝ ရှိရာမှ ယင်းနေ့ညနေဈေးကွက် ပိတ်ချိန်၌ ကမ္ဘာ့ရွှေဈေးမှာ ဒေါ်လာ ၁၂၄ဝ ကျဆင်း၍ မြန်မာ့ရွှေဈေးငွေကျပ် ရှစ်သိန်းဖြင့် ပိတ်သိမ်းခဲ့သည်။
အဓိကရွှေဈေးကွက်များဖြစ်သည့် လမ်းမတော်မြို့နယ်၊ လသာမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းဈေးနှင့်ရွှေဘုံသာလမ်းတို့၏ အရောင်း အဝယ်ဈေးကွက်မှာ အေးလျက်ရှိနေသည်ဟု ရွှေပွဲစားများ၊ အရောင်းအဝယ်ဆိုင်များက ဆိုကြသည်။
အဓိကမှာ မြန်မာ့ရွှေဈေးမှာ ငွေကျပ်ရှစ်သိန်းကျော်အထိ တက်လာသည့် အတွက် မူလရွှေအကျဈေးဖြင့် ဝယ်ယူစုဆောင်းထားသူများ မှာ ပြန်ထုတ် ရောင်းသော ကာလဖြစ်သည်။ ပွင့်သစ်ဆန်းချိန်ရွှေဆိုင် မှဒေါ်အေးပြုံးချိုက ''အခုရက်ထဲမှာလာဝယ်တဲ့ သူထက်ပြန်လာရောင်းတဲ့ သူတွေကပိုများပါတယ်။ ဝယ်လိုအားထက် ရောင်းလိုအားက ပိုများနေတယ်လို့ဆိုရမှာပါ''ဟု ပြောသည်။
ကမ္ဘာ့ရွှေဈေးအပြောင်းအလဲမြန်သည့်အလျောက် ရန်ကုန် တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရုံးအရောင်းအဝယ်ခန်းမ၌ ရောင်းလိုသူများ၏ဈေးခေါ်သံ၊ ဝယ်လိုသူများ၏ ဈေးပေးသံတို့ဖြင့် စည်ကားနေသည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးဝင်းမြင့်က''အခုဒီမှာ အရောင်းအဝယ်လုပ်နေကြတဲ့သူတွေ အားလုံးက ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဝင်တွေချည်းပါပဲ။ ဒီခန်းမ ထဲကိုဝင်ရင် အသင်းဝင်ကတ်ဆွဲပြီးမှ ဝင်ရပါတယ်။
အရောင်းအဝယ်လုပ်တဲ့ နေရာမှာလည်းရွှေထိ၊ ငွေထိစနစ် လက်ငင်းငွေချေရွှေယူစနစ်ပါပဲ။ တကယ်လို့ ရွှေကျန်၊ ငွေကျန်အနည်းငယ်ရှိနေ မယ်ဆိုရင်လည်း ဈေးကွက်ပိတ်ချိန် ညနေ ၄ နာရီခွဲမှာနောက်ဆုံးထားပြီး စာရင်းရှင်းကြရပါတယ်''ဟု ပြောကြားသည်။
သတင်း-တင်ဝင်းလေး(ကြည့်မြင်တိုင်)၊ ဓာတ်ပုံ-ကိုကြီးတင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment