Monday, March 14, 2016

သူပုန်အားပေး မီဒီယာ _________________

သူပုန်အားပေး မီဒီယာ ______________________ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ TNLA နဲ့ RCSS/SSA တို့ရဲ့ နယ်မြေအငြင်းပွားမှုကနေစတင်ခဲ့ပါတယ်။ RCSS/SSA က NCA လက်ရှိလက်မှတ်ထိုးပြီး အစိုးရနဲ့ ငြိမ်းချမ်းရေး ယူခဲ့တာကြောင့် မတရားအသင်းအဖြစ်ကနေ ကင်းလွတ်ခွင့်ရခဲ့ပေမယ့် TNLA ကတော့ ခုချိန်ထိ မတရား အသင်းအဖြစ်သတ်မှတ်ခံထားရဆဲဖြစ်ပါတယ်။ ဒီတော့ TNLA က သူပုန်အဖွဲ့ပဲ ဖြစ်ပါတယ်။ ဒီသူပုန်အဖွဲ့ စမွှေးခဲ့တဲ့ မီးကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း၊ ကျောက်မဲမြို့နယ်တွေထဲမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာ ပကတိ အမှန်တရားဖြစ်ပါတယ်။ တိုက်ပွဲတွေဖြစ်ရခြင်းရဲ့တရားခံဟာ TNLA ပါ၊။ TNLA ကြောင့် ဒေသခံပြည်သူ တွေအဖမ်းခံခဲ့ရတယ်။ ရွာမီးရှို့ခံရတယ်။ သတ်ဖြတ်ခံရတာတွေတောင်ရှိတယ်။ ဒေသခံတွေ ရွှေဖီမိုးလွတ် လက်ဖက်ရွက်ခူးချိန်မှာ တပ်မတော်စစ်ကြောင်းတွေရဲ့ ထိုးစစ်ဆင်မှုကြောင့် စီးပွားပျက်ဖွယ်ရှိတယ်ဆိုပြီး သျှမ်းသံတော်ဆင့်မှာ ဖော်ပြထားတာတွေ့ရပါတယ်။ သူပုန်ကြောင့်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ၊ သူပုန်ဒုက္ခပေးလို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေ၊ သူပုန်တွေနယ်မြေကျော်လာလို့ စီးပွားပျက်ရတာတွေကိုတော့ သျှမ်းသံတော်ဆင့်က ရေးသားဖော်ပြခဲ့တာမတွေ့ရပါဘူး။ ဒါဆို သျှမ်းသံတော်ဆင့်က သူပုန်အားပေးတဲ့ မီဒီယာပေါ့။ ဦးနှောက်မမှီတဲ့ မီဒီယာကြောင့် လက်ရှိအမှန်တရားကို အများပြည်သူတွေ အတွေးချော်မှာ စိုးရိမ်မိပါတယ်။ ကျောက်မဲမြို့နယ်ထဲမှာ RCSS/SSA နဲ့ TNLA တို့တိုက်ပွဲတွေအကြီးအကျယ်ဖြစ်ခဲ့ကြတာပါ။ PSLF/TNLA သတင်းပြန်ကြားရေးဌာနကလည်း RCSS/SSA နဲ့ တပ်မတော်ပေါင်းပြီး TNLA အဖွဲ့ကို တိုက်ခိုက်နေပါတယ် ဆိုပြီး သွေးရူးသွေးတန်းလျှောက်အော်တယ်။ တပ်မတော်ဘက်က အဲဒီစွပ်စွဲချက်နဲ့ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းဖြစ်တဲ့ ပြသနာမှာ ကြားမ၀င်ဘူးလို့ အတိအလင်းပြောကြားခဲ့ပါတယ်။ RCSS/SSA ဘက်ကလည်း တပ်မတော်နဲ့စစ်ရေးအရ ပူးပေါင်းတာမရှိဘူးလို့ပြောခဲ့တယ်။ ကိုယ်စခဲ့တဲ့ ဇာတ်လမ်းကို နိုင်အောင် မကနိုင်တော့မှ ဟိုစွပ်စွဲ ဒီစွပ်စွဲ လုပ်တဲ့ TNLA ဟာ သူရဲဘောကြောင်တတ်တာကို သိခဲ့ရပါတယ်။ ကျောက်မဲမြို့နယ်ထဲမှာ တိုက်ပွဲအရှိန်မြင့်တက်လာပြီး TNLA အခြေပြုတဲ့စခန်းတွေ နေရာတွေကို RCSS/SSA ကသိမ်းပိုက်နိုင်ခဲ့တယ်။ TNLA အဖွဲ့ဝင်တွေကစဥ့်ကလျားထွက်ပြေးရတယ်။ RCSS/SSA အဖွဲ့ဆီမှာတောင် လက်နက်ချအညံ့ခံတဲ့ TNLA တပ်ဖွဲ့ဝင်တွေရှိတယ်။ အနိုင်အရှုံးပေါ်သွားတော့မှ RCSS/SSA ကို အစိုးရ ထိန်းချုပ်နယ်မြေဖြစ်တဲ့အတွက် အခြေပြုနေတဲ့ နေရာတွေကနေဆုတ်ခွာပေးဖို့ တပ်မတော်က အကြောင်းကြား ပေးခဲ့တယ်။ အဲဒီအတွက် တပ်မတော်စစ်ကြောင်းတွေ ကျောက်မဲမြို့နယ်နဲ့ မူဆယ်မြို့နယ်တွေကို ရောက်လာ တယ်။ TNLA အဖွဲ့က ချောင်းမြှောင်းပစ်ခတ်လို့ တပ်မတော် စစ်ကြောင်းတွေနဲ့ မကြာခဏ ထိတွေ့မှုတွေ ဖြစ်နေတယ်။ ဒေသခံတွေရွှေ့ပြီး လက်ဖက်နု မခူးရတာ တပ်မတော်ကြောင့်လား? TNLA ကြောင့်လား အဖြေကရှင်းပါတယ်။ သူပုန်အားပေး သျှမ်းသံတော်ဆင့်ကို TNLA က ဘိန်းကုန်ကူး၊ စိတ်ကြွဆေးပြားတွေရောင်းလို့ရတဲ့ ငွေထဲကနေ မဟုတ်မမှန်ဝါဒဖြန့်ဖို့ ဘယ်လောက်ပေးထားလဲမသိဘူး။ အမှန်ကို အမှန်တိုင်းမရေးဘဲ သူပုန်ဘက်ကို လိုက်ရေးပေးနေတယ်။ အခြေအမြစ်မရှိတဲ့ ဒီသူပုန်အဖွဲ့ကို တပ်မတော်က မတိုက်ဘဲနေရမလား၊ ရွှေဖီ လက်ဖက်မခူးရတာကို TNLA ကြောင့်လို့ မပြောဘဲ တပ်မတော်ကို လက်ညှိုးထိုးအပြစ်တင်သေးတယ်။ နောင်ဆိုရင် ရွှေဖီလက်ဖက်ခူးဖို့မပြောနဲ့ TNLA ဒုက္ခပေးလို့ ကိုယ့်ရွာကိုယ့်ဒေသမှာ မနေရဘဲ ပြေးပေါက်မှား မယ်မှတ်ပါ။ ဒေသခံတည်ငြိမ်အေးချမ်းရေးကို တပ်မတော်က လာမလုပ်ပေးရင် တအောင်းဒေသတိုက်ပွဲတွေနဲ့ အဆုံးသတ် မှာကိုမဟုတ်တော့ဘူး။ ဘာကြောင့်လည်းဆိုတော့ သျှမ်းသံတော်ဆင့်က သူပုန်ကို အားပေး အားမြှောက်လုပ်နေလို့ပါပဲ။ ဘယ်လိုအကြောင်းတရားမျိုးနဲ့ပဲ သူပုန်ကို အားပေးအားမြှောက် ပြုလုပ်ပါစေ၊ လှုံ့ဆော်ဝါဒဖြန့်ပါစေ။ တပ်မတော်နဲ့ ပြည်သူကို သွေးခွဲတာ ရပ်တန်းက ရပ်သင့်ပါတယ်။ ဒေသခံပြည်သူတွေရဲ့အကျိုးစီးပွားကို တပ်မတော်က ဘယ်တော့မှမဖျက်ဆီးဘူး၊ အနီးစပ်ဆုံးသာဓကပြရရင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမြို့ ဖြစ်တဲ့ နမ့်ဆန်မြို့မီးလောင်တုန်းက နယ်မြေခံတပ်မတော်သားတွေ၊ ရှေ့တန်းရောက်တပ်မတော်သားတွေဟာ မီးဘေးကယ်ဆယ်ရေး လာလုပ်ပေးတာကြတော့ သျှမ်းသံတော်ဆင့်က အယ်ဒီတာနဲ့ သတင်းထောက်တွေ မမြင်ကြဘူးလား။ မီးဘေးသင့်ပြည်သူတွေအတွက် တပ်မတော်ကထောက်ပံ့ပစ္စည်းတွေ လာလှူဒါန်းတာရော မသိလိုက်ဘူးလား။ တပ်မတော်က ဒေသခံပြည်သူတွေကို ကူညီစောင့်ရှောက်တာကိုတော့ သျှမ်းသံတော်ဆင့် မီဒီယာက ဖော်ပြခဲ့တာမတွေ့ပါလား။ ကောင်းတာလုပ်တဲ့ အဖွဲ့အစည်းကိုအပြစ်ပြော၊ မကောင်းတာလုပ်တဲ့ သူပုန်ကိုတော့ မြှောက်ပင့်ပေးတဲ့ မီဒီယာတွေတော်တော် အရှက်မရှိတာဘဲ။ အခုတပ်မတော်နဲ့ ပြည်သူကိုသွေးခွဲပေးနေတယ်။ TNLA ဆိုတဲ့ သူပုန်ကို အားပေးအားမြှောက်ပြုနေတယ်။ ဒါကြောင့်လည်းမြန်မာနိုင်ငံက မီဒီယာတွေကို ပြည်သူတွေက လက်ညှိုးထိုးနေကြတာဖြစ်မှာပါ။ ကမ္ဘာ့နိုင်ငံ တွေကို ကြည့်ကြည့်တော့လည်း မီဒီယာတွေရဲ့ထိုးနှက်မှုတွေကို သတိကြီးကြီးထားဖို့လိုပါတယ်။ သူပုန် အားပေးမီဒီယာတွေက ပြည်သူနဲ့တပ်မတော်ကြား၊ ပြည်သူနဲ့အစိုးရကြား သူလျှိုသွေးခွဲဖို့ကြံစည်နေကြတာ။ မျက်စိကိုဖွင့် နားကိုစွင့်ပြီး ပြည်သူတွေ အယုံမလွယ်ဖို့လိုပါတယ်။ တပ်မတော်အပေါ် ဘယ်လိုပဲ ထိုးနှက် တိုက်ခိုက်ပါစေ ပြည်သူ့အတွက်ဆိုရင် တပ်မတော်က အချိန်မရွေး၊ နေရာဒေသမရွေး ကာကွယ်စောင့်ရှောက်ဖို့ အမြဲအသင့်ရှိနေတယ်လို့ပဲ ပြောချင်ပါတယ်။ ဇော်ခေါင်

No comments:

Post a Comment