မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, February 11, 2016
ဖေစ့်ဘွတ်နာမည်ကျော် ကြက်ဖကြီးကိုဖမ်းမိ
ဖေစ့်ဘွတ်နာမည်ကျော် ကြက်ဖကြီးကိုဖမ်းမိ
Thursday, February 11, 2016
လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်သည့် ဖေစ်ဘွတ်တွင် လူသိများထင်ရှားသူတစ်ဦးဖြစ်သော Kyat Pha Gyi(ကြက်ဖကြီး) အကောင့်၏ပိုင်ရှင်ဟုဆိုသော အသက် ၃၈ နှစ်အရွယ် ဦးလှဖုန်းကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ် တစ်ခုတွင် ဖမ်းဆီးခဲ့ပြီး ဆက်သွယ်ရေး ဥပဒေဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးနေကြောင်း ရဲအသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။
ကြက်ဖကြီးအမည် ဖေစ်ဘွတ်အကောင့်တွင် ၂၀၁၅ ခုနှစ် အောက်တိုဘာလမှ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့အထိ နိုင်ငံ့ခေါင်းဆောင် အကြီးအကဲများ၏ ရုပ်ပုံများကို လှောင်ပြောင်သရော်သည့်ပုံများ ပြုပြင်ဖန်တီးကာ လူမှုကွန်ရက်စာမျက်နှာတွင် ဖြန်ဝေခဲ့သဖြင့် အကောင့်ပိုင်ရှင်ကို ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး တစ်ဦးက တရားလိုပြု အမှုဖွင့်ထားခြင်း ဖြစ်သည်။
The Voice Weekly
No comments:
Post a Comment