ျမစ္ဆုံ media သည္ လြတ္လပ္ေသာ မီဒီယာျဖစ္ျပီး မည္သည့္အဖြဲ႔၊ ပါတီ၊ အသင္းအဖြဲ႔၏ၾသဇာခံ လက္ေအာက္ခံမဟုတ္ပါ။ စီးပြားျဖစ္ မီဒီယာ မဟုတ္ပါ။ သတင္းမ်ားကိုအျမန္ဆုံးေပးပို႔ေနေသာ မီဒီယာတခုျဖစ္ပါသည္။
Thursday, February 11, 2016
ဘရာဇီး သိပံၸပညာရွင္မ်ားသည္ ဇီကာဗိုင္းရပ္စ္ ရွိ၊မရွိ ၅နာရီအတြင္း ေဖာ္ထုတ္ေပးႏိုင္သည့္ စနစ္အားတီထြင္
ဘရာဇီး သိပံၸပညာရွင္မ်ားသည္ ဇီကာဗိုင္းရပ္စ္ ရွိ၊မရွိ ၅နာရီအတြင္း ေဖာ္ထုတ္ေပးႏိုင္သည့္ စနစ္အားတီထြင္
ရီယို ဒီ ဂ်န္ႏိုင္ရို၊ ေဖေဖာ္ဝါရီ ၁၁ ရက္ (ဆင္ဟြာ)
ဘရာဇီ သုေတသီ မ်ားသည္ ဇီကာဗိုင္းရပ္စ္ပိုး ရွိ၊မရွိ ၅နာရီအတြင္း ေဖာ္ထုတ္ေပးႏိုင္ သည့္ ေမာ္လီက်ဴး စစ္ေဆးမႈ တစ္ရပ္အား လုပ္ေဆာင္နိုင္ခဲ့ေၾကာင္း ပညာရပ္ဆိုင္ရာ အရင္းအျမစ္မ်ားက ေဖေဖာ္ဝါရီ ၁၀ ရက္ေန႕ တြင္ ေျပာၾကားခဲ့သည္။
ဘရာဇီးႏိုင္ငံ အေရွ႕ေတာင္ပိုင္း ရွိ Unicamp တကၠသိုလ္ က ယင္း စမ္းသပ္မႈကို အသံုးျပဳ၍ ေသြး၊ တံေတြးႏွင့္ ဆီး နမူနာမ်ား တြင္ ဇီကာဗိုင္းရပ္စ္ ရွိ၊မရွိ စစ္ေဆးႏိုင္ျပီျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
အဆိုပါ ဇီကာဗိုင္းရပ္စ္ စစ္ေဆးမႈအား Unicamp တကၠသိုလ္ မွ ကၽြမ္းက်င္သူမ်ား ႏွင့္ University of Sao Paulo (USP) ႏွင့္ Sao Paulo State University (Unesp) တို႕ ပူးေပါင္းကာ သုေတသန ျပဳလုပ္ခဲ့ၾကျပီး ဇီကာဗိုင္းရပ္စ္ အား တိုက္ဖ်က္ေနသည့္ ဆီနီေဂါ သုေတသီ မ်ားထံမွလည္း သတင္းအခ်က္အလက္မ်ား ရယူခဲ့ေၾကာင္း သိရသည္။
လာမည့္ ေဖေဖာ္ဝါရီ ၁၅ ရက္ေန႕မွ စ၍ Sao Paulo ျပည္နယ္ ရွိ Campinas ေဆးရံု မွ ဇီကာဗိုင္းရပ္စ္ ကူးစက္ခံထားရသည္ဟု ယူဆထားသည့္ လူနာမ်ား အား စတင္ အဆုိပါ နည္းလမ္းျဖင့္ စစ္ေဆးေပးႏိုင္ေတာ့မည္ျဖစ္ေၾကာင္း သိရသည္။
ဇီကာဗိုင္းရပ္စ္ပိုးရွိသည့္ စစ္ေဆးခ်က္ နမူနာမ်ားအား ဇီကာဗိုင္းရပ္စ္ အားေလ့လာေနသည့္ ဘရာဇီး ဓါတ္ခြဲခန္းမ်ား သို႕ ပို႕ေဆာင္ကာ ဗို္င္းရပ္စ္ပိုး ႏွိမ္နင္းႏိုင္ရန္ ႏွင့္ ၄င္း၏ မ်ဳိးဗီဇ ကို ေဖာ္ထုတ္ရာတြင္ အသံုးျပဳသြားမည္ျဖစ္ကာ ယင္း ဗိုင္းရပ္စ္ပိုး အား တိုက္ဖ်က္ႏိုင္ရန္ နည္းလမ္းသစ္မ်ားကို ေပးစြမ္းႏိုင္မည္ဟု ေမွ်ာ္လင့္ၾကေၾကာင္း သိရသည္။
စစ္ေဆးမႈ အသစ္သည္ ရက္ေပါင္း မ်ားစြာ ေစာင့္ဆိုင္းရသည့္ လက္ရွိ စစ္ေဆးမႈ ႏွစ္ခု ေနရာတြင္ အစားထုိးႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
ယခုလက္ရွိတြင္ ဘရာဇီး က်န္းမာေရးအာဏာပိုင္မ်ားသည္ ေသြးနမူနာမ်ားမွ ဇီကာဗိုင္းရပ္စ္ပိုး စစ္ေဆးရန္ အခ်ိန္ ငါးရက္ ယူရျပီး ဆီးနမူနာမွ အခ်ိန္ ၈ရက္အထိေစာင့္ဆိုင္းရေၾကာင္း သိရသည္။ (Xinhua)
-------------------------------------
(Unicode Version)
ဘရာဇီး သိပံ္ပပညာရှင်များသည် ဇီကာဗိုင်းရပ်စ် ရှိ၊မရှိ ၅နာရီအတွင်း ဖော်ထုတ်ပေးနိုင်သည့် စနစ်အားတီထွင်
ရီယို ဒီ ဂျန်နိုင်ရို၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)
ဘရာဇီ သုတေသီ များသည် ဇီကာဗိုင်းရပ်စ်ပိုး ရှိ၊မရှိ ၅နာရီအတွင်း ဖော်ထုတ်ပေးနိုင် သည့် မော်လီကျူး စစ်ဆေးမှု တစ်ရပ်အား လုပ်ဆောင်နိုင်ခဲ့ကြောင်း ပညာရပ်ဆိုင်ရာ အရင်းအမြစ်များက ဖေဖော်ဝါရီ ၁၀ ရက်နေ့ တွင် ပြောကြားခဲ့သည်။
ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း ရှိ Unicamp တက္ကသိုလ် က ယင်း စမ်းသပ်မှုကို အသုံးပြု၍ သွေး၊ တံတွေးနှင့် ဆီး နမူနာများ တွင် ဇီကာဗိုင်းရပ်စ် ရှိ၊မရှိ စစ်ဆေးနိုင်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ဇီကာဗိုင်းရပ်စ် စစ်ဆေးမှုအား Unicamp တက္ကသိုလ် မှ ကျွမ်းကျင်သူများ နှင့် University of Sao Paulo (USP) နှင့် Sao Paulo State University (Unesp) တို့ ပူးပေါင်းကာ သုတေသန ပြုလုပ်ခဲ့ကြပြီး ဇီကာဗိုင်းရပ်စ် အား တိုက်ဖျက်နေသည့် ဆီနီဂေါ သုတေသီ များထံမှလည်း သတင်းအချက်အလက်များ ရယူခဲ့ကြောင်း သိရသည်။
လာမည့် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှ စ၍ Sao Paulo ပြည်နယ် ရှိ Campinas ဆေးရုံ မှ ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ဟု ယူဆထားသည့် လူနာများ အား စတင် အဆိုပါ နည်းလမ်းဖြင့် စစ်ဆေးပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ဇီကာဗိုင်းရပ်စ်ပိုးရှိသည့် စစ်ဆေးချက် နမူနာများအား ဇီကာဗိုင်းရပ်စ် အားလေ့လာနေသည့် ဘရာဇီး ဓါတ်ခွဲခန်းများ သို့ ပို့ဆောင်ကာ ဗိ်ုင်းရပ်စ်ပိုး နှိမ်နင်းနိုင်ရန် နှင့် ၄င်း၏ မျိုးဗီဇ ကို ဖော်ထုတ်ရာတွင် အသုံးပြုသွားမည်ဖြစ်ကာ ယင်း ဗိုင်းရပ်စ်ပိုး အား တိုက်ဖျက်နိုင်ရန် နည်းလမ်းသစ်များကို ပေးစွမ်းနိုင်မည်ဟု မျှော်လင့်ကြကြောင်း သိရသည်။
စစ်ဆေးမှု အသစ်သည် ရက်ပေါင်း များစွာ စောင့်ဆိုင်းရသည့် လက်ရှိ စစ်ဆေးမှု နှစ်ခု နေရာတွင် အစားထိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ယခုလက်ရှိတွင် ဘရာဇီး ကျန်းမာရေးအာဏာပိုင်များသည် သွေးနမူနာများမှ ဇီကာဗိုင်းရပ်စ်ပိုး စစ်ဆေးရန် အချိန် ငါးရက် ယူရပြီး ဆီးနမူနာမှ အချိန် ၈ရက်အထိစောင့်ဆိုင်းရကြောင်း သိရသည်။ (Xinhua)
No comments:
Post a Comment