Wednesday, February 10, 2016

ရိုဟင်ဂျာအရေး ပြတ်ပြတ်သားသား ပြောရဲသူကိုသာ သမ္မတအဖြစ်ရွေးချယ်ပါ

ရိုဟင်ဂျာအရေး ပြတ်ပြတ်သားသား ပြောရဲသူကိုသာ သမ္မတအဖြစ်ရွေးချယ်ပါ February 9, 2016 မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိဟု ပြတ်ပြတ်သားသား ပြောရဲခဲ့သူ သမ္မတဦးသိန်းစိန်လက်ထက်မှာပင် အပြီးပြတ် မဖြေရှင်းနိုင်သော ဘင်္ဂါလီပြဿနာများ သံသရာရှည်နေခဲ့ရာ နောက်တစ်ပတ် ရွေးချယ်တော့ မည့် သမ္မတ မပြတ်သားပါက ဘင်္ဂါလီများ ဗုဒ္ဓဘာသာ အိမ်ဦးခန်းတွင် ချေးတက်ပါလာမည်လား စိုးရိမ်မိ သည်။ ယနေ့ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ဘာသာရေးဆိုင်ရာ ပြဿနာများ၏ အဓိက အရေးပါသည့် အချက်မှာ အမျိုးသားရေးနှင့် လူ့အခွင့်အရေး အားပြိုင်မှုဖြစ်သည်။ ပြဿနာများကို ကိုယ်တွေ့ မခံစားရ သူများနှင့် အဝေးမှစောင့်ကြည့်သူများက လူ့အခွင့်အရေးဖြင့် တိုင်းတာကြပြီး ကိုယ်တွေ့ခံစားရသူများနှင့် ထဲထဲဝင်ဝင် အနီးကပ် လေ့လာထားသူများကမူ အမျိုးသားရေးဖြင့် ပြောဆိုထောက်ပြ လျက်ရှိသည်။ အမေရိကန် အပါအဝင် အခြားဒီမိုကရေစီ နိုင်ငံတိုင်းသည် လူ့အခွင့်အရေးကို လေးစားသော်လည်း အမျိုးသားရေးနှင့် လူ့အခွင့်အရေး နှိုင်းယှဉ်လာပါက အမျိုးသားရေးကို ဦးစားပေးသည်မှာ အားလုံးအသိ ဖြစ်သည်။ အမေရိကန်နိုင်ငံတွင်း၌ပင် လယ်ယာစိုက်ပျိုးနေသော မက္ကစီကိုနိုင်ငံသားများ လူ့အခွင့်အရေး ဆုံးရှုံးနေကြရသည်။ အမေရိကန်သည် ၎င်း၏ အမျိုးသားလုံခြုံရေးကို ထိခိုက်လာသဖြင့် အာဖဂန်နှင့် အီရတ် ကို တိုက်ခိုက်ခဲ့ရာ စစ်ဒဏ်ကြောင့် လူအများအပြား လူ့အခွင့်အရေး ဆုံးရှုံးခံခဲ့ရသည်။ အလားတူ အမေရိကန် ပြည်သူများမှလည်း လူ့အခွင့်အရေးထက် အမျိုးသားရေးကို ဦးစားပေး ဆောင်ရွက်တတ်သော ခေါင်းဆောင်ကိုသာ လိုလားကြသည်။ ၅၉(စ) ဆိုင်းငံ့ကာ သမ္မတလုပ်မည်ဟု ရေပန်းစားနေသူ NLD ပါတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်အောင်ဆန်းစုကြည်သည် နိုဗယ်ဆုရှင်တစ်ဦး၊ လူ့အခွင့်အရေး လေးစားသူတစ်ဦးအဖြစ် လူသိ များခြင်းကြောင့် ဒေသတွင်းပြဿနာများကို လူ့အခွင့်အရေးဖြင့် တိုင်းတာနေခြင်းသည် မြန်မာလူထုအတွက် စိုးရိမ်စရာဖြစ်လာသည်။ ထို့ကြောင့်ပင် ရခိုင်လူငယ်တစ်ဦးဖြစ်သည့် ကိုစစ်ငြိမ်းမှ ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့သို့ သွားရောက်ကာ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လူ့အခွင့်အရေး အကြောင်းပြောချင်လျှင် OIC နိုင်ငံများတွင် သွားပြောဖို့ မီဒီယာများရှေ့တွင် ပြောကြားခဲ့ဖူးသည်။ အလားတူ NLD အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံ၌ OIC ရုံးဖွင့်မည်ဟု သတင်းများလည်း ထွက်ပေါ်နေခြင်းမှာ စိုးရိမ်စရာ ဖြစ်သည်။ OIC နိုင်ငံများသည် ၎င်းတို့နိုင်ငံများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နေသော်လည်း မြန်မာနိုင်ငံတွင်း အစ္စလာမ်ဘာသာဝင် ဘင်္ဂါလီများအပေါ် လူသားချင်း တန်းတူ ဆက်ဆံရန် အစိုးရကို ဖိအားပေးလျှက်ရှိသည်ကို မြန်မာသမ္မတ လုပ်မည့်သူသာမက မြန်မာနိုင်ငံသား အားလုံးမှ အမျိုးသားရေး သတိဖြင့် သတိထားစောင့်ကြည့်ရမည်ဖြစ်သည်။ OIC နိုင်ငံများတွင်သာမက မြန်မာနိုင်ငံတွင်းရှိ အစ္စလာမ်ဘာသာဝင်များတွင်ပင် အမျိုးသားတစ်ဦးလျှင် အမျိုးသမီးများစွာ ယူစေခြင်း၊ အမျိုးသမီးများ ကျန်းမာရေး စောင့်ရှောက်ခွင့် မခံရဘဲကလေး များစွာမွေးစေခြင်း၊ အမျိုးသမီးများ အလုပ် လုပ်ပိုင်ခွင့်နှင့် ပညာသင်ခွင့်ကို တားဆီးပိတ်ပင်ခြင်း၊ အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်ခံရခြင်း၊ အမျိုးသမီးများအမွေမရ၊ ကလေးများကို ဘာသာရေးကျောင်းများတွင်သာ စာသင်ခွင့်ရှိခြင်း စသည့် လူ့အခွင့်အရေးများ ချိုးဖောက်ခံနေရသည်။ သို့သော် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ Organization of the Islamic Conference (OIC)၊ Human Rights Watch (HRW) တို့သည် ဗုဒ္ဓဘာသာ မြန်မာလူမျိုး အများစုမှာသာ အစ္စလာမ်ဘာသာဝင် လူနည်းစုအပေါ်တွင် လူ့အခွင့်အရေး ချိုးဖောက်နေကြောင်း တစ်ကမ္ဘာလုံးသိအောင် ရေးသားဖော်ပြခဲ့ကြရာ ဗုဒ္ဓဘာသာဝင် မြန်မာလူထုအပေါ် ကမ္ဘာတဝန်းရှိ အစ္စလာမ်ဘာသာဝင်များ၏ ရိုင်းစိုင်းသော တုန့်ပြန်မှုများအပြင် အကြမ်းဖက်မှုများပါ ပေါ်ပေါက်လာခဲ့သည်။ ဗုဒ္ဓဘာသာ ဘုန်းကြီးများကိုပင် အကြမ်းဖက်သမားဟု ကမ္ဘာက သိစေခဲ့သည်။ ဤအခြေအနေမျိုးတွင် လက်ရှိ သမ္မတ ဦးသိန်းစိန်သည် မိမိနိုင်ငံတွင်းရှိ နိုင်ငံသားအားလုံး၏ အမျိုးသားရေးကို ရှေ့ရှုကာ ရပ်တည် ခဲ့သည်။ ဤသို့ပင် နောက်တက်မည့် သမ္မတလည်း အမျိုးသားရေးနှင့် ပတ်သက်လျှင် လက်ရှိ သမ္မတ ဦးသိန်းစိန် ထက် ပိုမိုပြတ်သားသူ ဖြစ်သင့်သည်။ သမ္မတဦးသိန်းစိန်မှ ရိုဟင်ဂျာသည် မြန်မာတိုင်းရင်းသား မဟုတ်ကြောင်း၊ ကုလဒုက္ခသည် မဟာမင်းကြီး ရုံးမှ လက်ခံလျှင် တတိယနိုင်ငံများသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ပြတ်ပြတ်သားသား ပြောကြားခဲ့သည့် တိုင်အောင် ယနေ့အထိ ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်က (၁၁) ကြိမ်ကျော်၊ INGO မျိုးစုံ၊ OIC အတွင်းရေးမှူး သာမက OIC ကိုယ်စားလှယ်အများ အကြိမ်ကြိမ် လာရောက်နေသည့်အပြင် ကုလ ကိုယ်စားလှယ်က ၁၉၈၂ နိုင်ငံသားဥပဒေကို ပြင်ဆင်ဖို့ တိုက်တွန်းနေသည်မှာ အားလုံးအသိဖြစ်သည်။ အကယ်၍ လက်ရှိပြည်ထောင်စုလွှတ်တော်မှ ရိုဟင်ဂျာအရေး မပြတ်မသားပြောဆိုခဲ့သူ၊ လူ့အခွင့်အရေး ကို အမျိုးသားရေးထက် ဦးစားပေးသူ သမ္မတဖြစ်လာပါက ရခိုင်ပြည်နယ်၊ မိတ္ထီလာ၊ လားရှိုး၊ တိုက်ကြီး၊ ပဲခူးနဲ့ မန္တလေးမှ မွတ်စလင်များ ဒီထက်မက ပိုဆိုးလာနိုင်သည်။ ယနေ့ မြန်မာနိုင်ငံတွင်မြို့တိုင်း၏ အလည်ဗဟိုတွင် ဗလီများရှိပြီး မြို့အစွန်များ၌ ဘုန်းကြီး ကျောင်းများရှိသည်မှာ သက်သေဖြစ်သည်။ နောက်ပိုင်းတွင် မွတ်စလင်များက မြို့လယ်အချက်အချာအားလုံးကို နေရာယူသွားမည်ဖြစ်ပြီးဗုဒ္ဓဘာသာဝင် အားလုံး မြို့အပြင်ရောက်သွားမည့်အပြင် ဘူးသီးတောင်နှင့် မောင်တောကဲ့သို့ ဖြစ်သွားမည် ဖြစ်သည်။ ယနေ့မြန်မာနိုင်ငံမှာ အယ်ကိုင်ဒါတို့၏ တိုက်ခိုက်ရန် ခြိမ်းခြောက်ခံထားရပြီး အင်ဒိုနီးရှားမှ မွတ်ဆလင် များကလည်း မြန်မာကို Highjack လုပ်လိုကြောင်း ဆန္ဒဖော်ထုတ်ထားသည်။ အလားတူ အိမ်နီးချင်း ထိုင်းနိုင်ငံသာမက အနောက် ဥရောပနိုင်ငံများတွင်လည်း နိုင်ငံခြားသား၊ ဘာသာခြား အစွန်းရောက်များ၏ လူမျိုးရေး အစွန်းရောက်မှုနှင့် ဘာသာရေး အစွန်းရောက်မှုကြောင့် ဒေသခံပြည်သူအများအပြား ဒုက္ခ ကြီးမားစွာ ရင်ဆိုင်နေကြရသည်။ သို့ဖြစ်၍ အမျိုးသားရေးကို ကာကွယ်စောင့်လျှောက်ရာတွင် အထူး ပြတ်သားသူတစ်ဦး၊ အမျိုးသားရေးကို လူ့အခွင့်အရေးထက် ပိုမိုလေးစားသူတစ်ဦးသာ ၂၀၁၆ မှာ မြန်မာနိုင်ငံသမ္မတ အဖြစ်ရွေးချယ်ဖို့ လိုအပ်ပေသည်။ ဒေါက်တာမာကျူရီ(from law of nationalism)

No comments: