Thursday, February 11, 2016

၂၀၁၀ နောက်ပိုင်းမှပါတီကိုရောက်လာတဲ့ ဦးကိုနီ ဘာတွေကြံနေသလဲ ဦးကိုနီ ၂၀၀၈ ဥပဒေကို ပြင်ဖို့ အတော် တက်ကြွနေကတည်းက သတိထားကြည့်နေတယ်...... ဘယ်အချက်မှာ လိုချင်တာကို

၂၀၁၀ နောက်ပိုင်းမှပါတီကိုရောက်လာတဲ့ ဦးကိုနီ ဘာတွေကြံနေသလဲ ဦးကိုနီ ၂၀၀၈ ဥပဒေကို ပြင်ဖို့ အတော် တက်ကြွနေကတည်းက သတိထားကြည့်နေတယ်...... ဘယ်အချက်မှာ လိုချင်တာကို ညှပ်ထည့်မလဲဆိုတာကို...... အခုတော့ တဖြည်းဖြည်း ရုပ်လုံးပေါ်လာပီ..... ဒေါ်စုအကြိုက် ၅၉ (စ) ကို ပြင်ဖို့ ဇောင်းပေးသလိုလိုနဲ့ ၈၂ ကို မျက်စောင်းထိုးရုံတင်မက ပေါ်တင်ကို ဝေဖန်လာတယ်..... ထင်ရှားတဲ့ ဥပမာအနေနဲ့ ဦးကိုနီပြောခဲ့တဲ့ ၅၉ (စ) ကို ပြင်မယောင်ပြုရင်း ပြောခဲ့တဲ့ ဒီစကား..... " ၁၉၈၂ ခု နိုင်ငံသားဥပဒေထွက်လာတော့ တိုင်းရင်းသားက ဖြစ်သောနိုင်ငံသား၊ဥပဒေ အရ ဖြစ်သောနိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူဆိုပြီးတော့ ၄ မျိုးကွဲ သွားတယ်။ အဲဒီထဲမှာ နိုင်ငံသားဟုတ်မဟုတ် သံသယရှိသူဆိုပြီး တစ်စုပါတယ်။အခု ၂ဝဝ၈ မှာ ကျတော့ စောစောက ၅၉ (စ) မှာပြဌာန်းထားတဲ့ သမ္မတဖြစ်ထိုက်သော ဆိုတာ တစ်မျိုးပေါ်လာတယ်။ ပုဒ်မ ၁၂ဝ အရအမတ်အဖြစ်အရွေးခံထိုက်သောနိုင်ငံသားဆိုပြီး နောက်ထပ်တစ်မျိုး ထပ်ပေါ်လာတယ်။ တကယ်တော့ အဲဒါဟာ တစ်နိုင်ငံတည်းမှာ မှီတင်းနေထိုင်တဲ့ လူတွေကို စိတ်ဝမ်းကွဲအောင် အမျိုးမျိုး ခွဲထားတာ။ ဒီလိုမလုပ်ရဘူး။ " ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံအများစုမှာ ဌာနေရင်း နိုင်ငံသားနဲ့ ဥပဒေအရ ဖြစ်တဲ့နိုင်ငံသား အခွင့်အရေး၊ ရပိုင်ခွင့်တွေ မတူဘူး..... ဥပဒေအရ ဖြစ်တဲ့နိုင်ငံသားဟာ ဌာနေရင်းလောက် ဦးစားပေးမခံရတာ နေရာအတော်များများမှာရှိတယ်..... တစ်ခြားမကြည့်နဲ့ မွတ်စလင်နိုင်ငံဖြစ်တဲ့ မလေးမှာတောင် သူ့ရဲ့ မွတ်စလင် မလေးလူမျိုးကိုပဲ ဦးစားပေးတယ်...... ကျန်တဲ့ လူမျိုးတွေတောင် မလေးမွတ်စလင်ကို မကျော်ရဲဘူး....... မလေး တရုတ်ဆိုတာ Second Citizen လို့ပြောနေကြတဲ့ အခြေအနေတွေ ဖြစ်နေတယ်..... ဒါဖြင့် ဦးကိုနီ ၅၉ (စ) ကနေ ၁၉၈၂ ဥပဒေကို ဆွဲယူသွားတာ ဘာသဘောလဲ........ တစ်လက်စတည်း ၁၉၈၂ ကိုပါရောကြိတ်ပီး ပြင်ဖို့ နှပ်ကြောင်းတွေပေးလာတာလား...... ၁၉၈၂ ဥပဒေကို ဘင်္ဂါလီလော်ဘီတွေကလည်း တအားပြင်ချင်စိတ်တွေ ဖြစ်နေကြတယ်...... ၁၉၈၂ ဥပဒေကို ပြင်လိုကြခြင်းရဲ့ နောက်ကွယ်မှာ အများကြီးရှိနိုင်တယ်...... တစ်ချိန်က မန်းလေးက ဘင်္ဂါလီ လော်ဘီကြီးရဲ့ သူတို့ဟာ မြန်မာနိုင်ငံက စတ္တုတ္ထအင်အားစုလို့ ကြွေးကျော်ခဲ့တာကလည်း မပြေးသော်လည်း ကံရာရှိနေတယ်....... NLD ဟာ ဒေါ်စုရဲ့ အရှိန်အဝါနဲ့ ပြည်သူတွေက ထောက်ခံနေတဲ့ နိုင်ငံရေးပါတီဖြစ်တဲ့အတွက် ခုတုံးတွေက ဝင်လာမှာပဲ..... ပါတီရဲ့အရှိန်၊ ဒေါ်စုရဲ့ ပြည်သူလူထု ချစ်ခင်မှုကို အလွဲသုံးစားလုပ်ရင်း ကိုယ်ကျိုးအတွက် ဖန်တီးလာမယ့်လူတွေကို သတိထားရမှာပဲ..... ဦးကိုနီဟာလည်း ၅၉ (စ) ကို လေသံပေးရင်းနဲ့မှ ၁၉၈၂ ကို မျက်စောင်းထိုးလာတာကိုကြည့်ရင် သိနိုင်တယ်........ NLD သတိချပ်စေချင်ပီ...... တစ်ချက်အတွက်မှားလို့ လွန်ကာမှ နောင်တဆိုရင်တော့.........

No comments: