Thursday, February 11, 2016

ဟိမဝန္တာတောင်ပေါ်မှာ ပြိုကျတဲ့ ရေခဲပြင်အောက်မှာ ခြောက်ရက်တာ ပိတ်မိနေခဲ့ပြီးမှ ကယ်ထုတ်ခဲ့ရတဲ့ အိန္ဒိယစစ်သားဟာ ဒေလီမြို့ဆေးရုံမှာ ကွယ်လွန်သွားပါပြီ။

ဟိမဝန္တာတောင်ပေါ်မှာ ပြိုကျတဲ့ ရေခဲပြင်အောက်မှာ ခြောက်ရက်တာ ပိတ်မိနေခဲ့ပြီးမှ ကယ်ထုတ်ခဲ့ရတဲ့ အိန္ဒိယစစ်သားဟာ ဒေလီမြို့ဆေးရုံမှာ ကွယ်လွန်သွားပါပြီ။ တပ်ကြပ် Hanumanthappa Koppad ကို ရေခဲပြင်အောက် ပေ၂၀ ကျော်မှာ မြုပ်နေရာက တနင်္လာနေ့က ကယ်ဆယ်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ကိုယ်တွင်းအပူဓာတ် လုံးဝကျနေပြီး ပြင်းထန်တဲ့ အဆုတ်အအေးမိ နျူမိုးနီးယားဝေဒနာကိုလည်း ခံစားနေခဲ့ပါတယ်။ သူ့အတွက် နာမည်ကျော်ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးသမားတွေ၊ ဘာသာရေးခေါင်းဆောင်တွေက ဝိုင်းပြီး ဆုတောင်းပေးနေခဲ့ကြပါတယ်။ ကက်ရှ်မီးယားဒေသက ဆီယာချန်ရေခဲပြင်မှာရှိတဲ့ သူတို့ စခန်းကို ရေခဲတွေဖုံးသွားတုန်းက တခြားစစ်သား ကိုးယောက်အသက်ဆုံးခဲ့ပါတယ်။ ဆီယာချန်ဒေသကို ကမ္ဘာ့အမြင့်ဆုံးစစ်မြေပြင်လို့ တင်စားကြပြီး အိန္ဒိယရော ပါကစ္စတန် စစ်သားတွေပါ ကင်းလှည်ကြတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ Photo credit: Indian Army

No comments: