Thursday, February 11, 2016

အိမ်နီးချင်းနိုင်ငံအချို့သို့ ရောက်ရှိနေပြီဖြစ်သည့် ဇီကာဗိုင်းရပ်စ် မြန်မာ နိုင်ငံသို့ဝင်ရောက်မှုမရှိစေရေးအတွက်လေဆိပ်များ ၊ နယ်စပ် ဂိတ်နှင့် ဆိပ်ကမ်းများတွင် ခြင်နှိမ်နင်းရေး အရှိန်မြှင့်လုပ်ဆောင်သွားမည် ဇီကာရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေးညီလာခံကို ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြုလုပ်သွားမည်ဟုဆို

အိမ်နီးချင်းနိုင်ငံအချို့သို့ ရောက်ရှိနေပြီဖြစ်သည့် ဇီကာဗိုင်းရပ်စ် မြန်မာ နိုင်ငံသို့ဝင်ရောက်မှုမရှိစေရေးအတွက်လေဆိပ်များ ၊ နယ်စပ် ဂိတ်နှင့် ဆိပ်ကမ်းများတွင် ခြင်နှိမ်နင်းရေး အရှိန်မြှင့်လုပ်ဆောင်သွားမည် ဇီကာရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေးညီလာခံကို ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြုလုပ်သွားမည်ဟုဆို +++++++++++++++++++++++++++++++++++++++++++++++++++ ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀-မြန်မာ နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံအချို့သို့ ပင် ရောက် ရှိနေပြီဖြစ်သည့် ဇီကာဗိုင်း ရပ်စ်ကူးစက်ရော ဂါ မြန်မာနိုင်ငံသို့ ဝင်ရောက်ပျံ့နှံ့လာခြင်းမရှိစေရန် အတွက် အဓိကဝင်ပေါက်များဖြစ် သည့် လေ ဆိပ်များ၊ နယ်စပ်ဂိတ် များ နှင့်ဆိပ်ကမ်းများတွင်ခြင်နှိမ်နင်းရေး လုပ်ငန်းများကိုအရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရ သည်။ အဆိုပါ ဇီကာဗိုင်းရပ်စ်ကူး စက်ရောဂါနှင့်ပတ်သက်ပြီး ကျန်းမာ ရေး ဝန်ကြီးဌာန အပါအဝင် ဆေးပညာ လောကမှ ပညာရှင်များ ပါဝင်သည့် ကျန်းမာရေးညီလာခံတစ်ခုကို ဖေ ဖော်ဝါရီ ၁၃ ရက်နေ့တွင်ရန်ကုန်မြို့ ရှိ သူနာပြုတက္ကသိုလ်၌ ပြုလုပ်သွား မည်ဖြစ်ကြောင်း လည်းသိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှလည်း ဇီကာဗိုင်းရပ်စ်နှင့်ပတ်သက် ပြီး အရေးပေါ်ပြဿ နာတစ်ရပ်အ ဖြစ် တိုးမြှင့်ဆောင်ရွက် ကြရန်ထုတ် ပြန် ထားပြီးဖြစ်ကာ လက်ရှိတွင် လည်း တရုတ်နိုင်ငံတွင် တောင် အ မေရိက တိုက်မှ ခရီးသွားပြီးပြန် လည်ရောက်ရှိလာ သည့် တရုတ်လူ မျိုးတစ်ဦးတွင် အဆိုပါရောဂါဖြစ် ပွားမှုရှိသည်ကို တွေ့ရှိရကြောင်း ဖေ ဖော်ဝါရီ ၉ ရက်နေ့ ထုတ်ဆင်ဟွာ သတင်းအေဂျင်စီတွင် ရေးသားဖော်ပြ ထားသည်။ အလားတူ ထိုင်းနိုင်ငံ တွင်လည်း တွေ့ရှိထားပြီးဖြစ်ကြောင်း သိရသည်။ ''ဒီရောဂါကခြင်ကနေတစ်ဆင့် ကူး တာ။ ဒီခြင်ကလည်း အစကတည်း က သွေးလွန်တုပ်ကွေးရောဂါကိုဖြစ် စေပါတယ်။ အဲဒါကြောင့် အရင်က တည်းက ခြင်နှိမ် နင်းရေးတွေလုပ်တယ်။ အခုတော့ အရှိန်အဟုန်မြှင့် လုပ်မယ်။ အီဘိုလာ၊ မားစ်တို့ကိုလည်း လေဆိပ်၊ ဆိပ်ကမ်းနဲ့ နယ်စပ် ဂိတ်တွေမှာစစ် ဆေးတာတွေရှိပါတယ်။ အခုလည်း လေဆိပ်၊ ဆိပ်ကမ်းနဲ့ နယ်စပ်ဂိတ် တွေမှာခြင် နှိမ်နင်းရေးကို အရှိန်အ ဟုန်မြှင့်လုပ် မယ်။ ဒီရောဂါကအီဘို လာ၊ မားစ်တို့လိုမျိုး ဖျားပြီးတော့ ရောက် လာမှာ မဟုတ်ဘူး။ ခြင်ကပဲ ကူးစက်တာ ဆိုတော့ ရောဂါဖြစ်စေ တဲ့ခြင်တွေကို ပဲ စောင့်ကြပ်ကြည့်ရှု ပြီး နှိမ်နင်းတာတွေ လုပ်မှာပါ'' ဟု ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ တာ ဝန်ရှိသူတစ်ဦးက ဒီမိုကရေစီတူဒေး သတင်းစာ သို့ ဖေဖော်ဝါရီ ၁၀ ရက် တွင်ပြောသည်။ ဇီကာဗိုင်းရပ်စ်ရောဂါကိုကြို တင်ကာကွယ်သည့်အနေဖြင့် မြန်မာ တစ်နိုင်ငံလုံးတွင်ခြင်ကျားနှိမ်နင်းရေး ကို လူထုလှုပ်ရှားမှုအဖြစ်ရက် သတ္တ ပတ်ဆောင်ရွက်သွားခဲ့ပြီး ယင်းကဲ့ သို့ ဖမ်းဆီးမည့်ခြင်များကိုလည်းရန် ကုန်မြို့ရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန၊ ဆေးသုတေသန ဦးစီးဌာနနှင့် နေပြည်တော်ကောင်စီ နှင့်မန္တလေးမြို့ရှိ ဓာတ်ခွဲခန်းများတွင် ဇီကာဗိုင်းရပ်စ် ရှိ၊ မရှိစစ်ဆေးသွား မည်ဖြစ်ကြောင်း၊ ယင်းအပြင်ပြည်ပ မှ ဝင်ရောက်လာသည့်ခရီးသည်များ တွင် ဇီကာရောဂါဖြစ်ပွားမှုရှိမှုနှင့်ပတ် သက်ပြီးလည်း ထိရောက်စွာစစ်ဆေး သွားမည်ဖြစ်ပြီးယခု အခါထိုင်း နိုင်ငံ နှင့် ဆက်စပ်မှုရှိသောနယ်စပ် ဝင် ပေါက်များနှင့် အင်ဒိုနီးရှားနိုင်ငံမှ ဆိုက်ရောက် သည့် လေယာဉ်များမှခရီး သည်များကို အဓိကထားဆောင် ရွက် နေပြီဖြစ်ကြောင်းသိရသည်။ ယင်းဗိုင်းရပ်စ်ရောဂါသည် ဘရာဇီး၊ ကိုလံဘီယာ၊ ဗင်နီဇွဲလား၊ ဟွန်ဒူးရပ်စ်၊ အယ်လ်ဆာဗားဒိုး၊ ဂွါ တီမာလာ၊ ပနားမား၊ အီကွေဒေါ၊ နီ ကာရာဂွါ၊ ဘိုလီဗီးယား၊ အာဂျင်တီး နား၊ ချီလီ၊ ထိုင်းနိုင်ငံတို့တွင်တွေ့ရှိ ခဲ့ရပြီး တရုတ်နိုင်ငံတွင် ယခုရက်ပိုင်း အတွင်း လူနာတစ်ဦးတွေ့ ရှိ ခဲ့ရကာ အဆိုပါဗိုင်းရပ်စ်ရောဂါ တွေ့ရှိခဲ့ရ သည့်နိုင်ငံများအနက် ဘရာဇီးနိုင်ငံ သည် ဖြစ်ပွားမှုအများ ဆုံးဖြစ်ကြောင်း လည်း သိရသည်။ ''ခြင်နှိမ်နင်းတာကို ပုံမှန်လည်း လုပ်တာရှိတယ်။ ပြည်သူလူ ထုကပူး ပေါင်း ပါဝင်ဖို့လိုတယ်။ တစ်အိမ်ချင်း လုပ်လို့ရတယ်။ ကိုယ့်အိမ်မှာ ခြင် ပေါက် နိုင်တဲ့ ဘုရားပန်းအိုးတွေ၊ ရေ ဝပ်နိုင်တဲ့ နေရာတွေကို တစ်အိမ်ချင်း ကိုယ့်အိမ် ကိုယ်လုပ်လို့ရတယ်။ ပြီး တော့ရောဂါလက္ခဏာဖြစ်တဲ့ ဖျား တာ၊ မျက်စိတွေနာပြီး နီရဲလာတာ တွေရှိရင် ကျန်းမာရေးဌာနကို သတင်း ပို့ဖို့လိုပါ တယ်''ဟု ၎င်းကပြောသည်။ အဆိုပါဗိုင်းရပ်စ်သည် သွေးလွန် တုပ်ကွေးနှင့် ဆင်တုပ်ကွေး(Chikung unya)ရာဂါပိုးများကို သယ် ဆောင်ပေးသော အေးဒီးစ်အမျိုးအ စား (ခြင်ကျား) ကိုက်ခံရခြင်းမှတစ် ဆင့်ကူးစက်ကာ ယင်းခြင် သည်ရေ လှောင် ထားသည့်ပစ္စည်းများနှင့် ရေ ဝပ်နိုင်သောနေရာများ၊ ရေသန့်၊ ရေ ကြည်၊ ရေငြိမ်တို့တွင်ပေါက်ပွားကာ အိမ်အတွင်းရှိ အမှောင်ရိပ်ရသောနေ ရာများနှင့် တွဲလောင်းကျသောအဝတ် အစားများတွင် ခိုနားလေ့ရှိကြောင်း သိရသည်။ MMA #Democracytoday

No comments: