"ပြည်သူ့လွှတ်တော်(၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး နောက်ဆုံးနေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စား ပြည်ခိုင်ဖြိုးပူးတွဲဥက္ကဋ္ဌ ဦးဌေးဦးပြောကြားမည့် နှုတ်ဆက်စကား၏ နိဂုံး"
=======
မကြာမီရက်အတွင်းမှာ ပြည်သူများက ယုံကြည်ရွေးချယ်ထားသူ ကိုယ်စားလှယ်များနဲ့ နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် လွှတ်တော်ဆိုင်ရာအရေးပါတဲ့တာဝန်များကို ပြောင်းလဲဆောင်ရွက်ကြရတော့မှာ ဖြစ်ပါတယ်။
စတင်ဆောင်ရွက်စမှာအခက်အခဲမရှိအောင်လွှတ်တော်အပိုင်းက ဆောင်ရွက်ပေးနေသလို ကော်မတီများကလည်း ပြင်ဆင်ပေးထားတဲ့အတွက် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပေးကြမယ်လို့ ယုံကြည်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ စတင်ဖွဲ့စည်းစက အတွေ့အကြုံမရှိသေးတဲ့ လွှတ်တော်ဝန်ထမ်းများအနေနဲ့လည်း(၅)နှစ်တာကာလအတွင်း လေ့လာသင်ယူမှုများရရှိခဲ့တဲ့အတွက် အထောက်အကူ ပြုနိုင်မှာဖြစ်ပါတယ်။
ကျွန်တော်အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်အများစုဟာ လာမည့်လွှတ်တော်မှာမပါဝင်နိုင်ကြတော့ပေမယ်လို့ နိုင်ငံတော်နဲ့ နိုင်ငံသားများအကျိုးအတွက်ဆက်လက်ဝိုင်းဝန်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။
လွှတ်တော်အတွက် လိုအပ်မှုရှိလာပါကလည်း ကူညီဆောင်ရွက်ဖို့ အသင့်ရှိပါကြောင်း ပြောကြားလိုပါတယ်။
လွှတ်တော်ကိုယ်စားလှယ်အားလုံး ပြည်သူများရဲ့ လိုအင်ဆန္ဒများ ပြည့်ဝအောင် ဆောင်ရွက်နိုင်ကြပါစေလို့ ဆုတောင်းရင်း နိဂုံးချုပ်အပ်ပါတယ်။
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
No comments:
Post a Comment