မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, August 11, 2015
မိုးလေ၀သထူးခြားသတင်းများကို ပြည်သူများသိရှိနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိ ==========
မိုးလေ၀သထူးခြားသတင်းများကို ပြည်သူများသိရှိနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိ
=======================================
ကသာ သြဂုတ် ၁ဝ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာမြို့၌ နေ့စဉ်မိုးလေဝသသတင်းများနှင့် မိုးလေသဝ ထူးခြားသတင်းများကို ပြည်သူများ အချိန်နှင့်တစ်ပြေးညီ သိရှိစေရန်အတွက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သြဂုတ် ၇ ရက်မှစတင်၍ အသိပေးကြေညာစာရွက်များ ကပ်ထားပြီး ကြေညာပေး လျက်ရှိကြောင်း သိရသည်။
နေ့စဉ်မိုးလေဝသသတင်းများ၊ မိုးလေဝသထူးခြားသတင်းများကို လူစည်ကားရာနေရာများဖြစ်သော ပြန်/ဆက်ဦးစီးဌာနရုံးရှေ့ နံရံကပ်ဘုတ်၊ ဧရာရွှေလီရှေ့ရှိ နံရံကပ်ဘုတ်နှင့် ကားဂိတ်၊ သင်္ဘောဆိပ်၊ မီးရထားဘူတာရုံများ၌ စာရွက်များ ကပ်ထားကြေညာပေးထားကာ အချိန်နှင့်တစ်ပြေးညီ ပြည်သူအများသိရှိစေရန် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သတင်းများထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ မိုးလေဝသ သတင်းများကို ပြည်သူများ အလွယ်တကူ သိရှိနိုင်ရန် ကြေညာပေးနေသဖြင့် လယ်ယာစိုက်ပျိုးသည့် တောင်သူများ၊ စီးပွားရေးလုပ်ငန်းရှင် များနှင့် ကုန်းလမ်းရေလမ်းတွင် ခရီးသွားပြည်သူများအား ပို့ဆောင်ပေးနေသော ယာဉ်မောင်းသူများအတွက် များစွာအထောက်အကူပြုကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။ (ခရိုင် ပြန်/ဆက်)
No comments:
Post a Comment