Tuesday, August 11, 2015

ယာဉ်မမောင်းမီ မိမိအခြေအနေကို ဦးစွာဆန်းစစ်စေလိုပါသည်။

ယာဉ်မောင်း ယာဉ်မမောင်းမီ မိမိအခြေအနေကို ဦးစွာဆန်းစစ်စေလိုပါသည်။ အောက်ဖော်ပြပါအခြေအနေမှာ ယာဉ်မမောင်စေလိုပါ။ နေမကောင်းဖြစ်နေအခိုက် ဒေါသစိတ်ပေါက်ကွဲခံစား နေရတဲ့အခိုက် အိပ်ရေးမဝဘဲပင်ပမ်းနွမ်နယ်ရှိ သည့်အခိုက် အရမ်းပျော်ရွှင်ဝမ်းသာစရာကိုစမြုံ့ ပြန်နေရတဲ့အခိုက် လိုအင်ဆန္ဒမပြည့်လို့ မုံယိုနေတဲ့အခိုက် ဆေးရွက်ကြီးကွမ်း အရက်သေစာ မူးယစ်ဆေးမှီဝပြီဲးစိတ်ကြွနေသည့် အခိုက် အနိုင်လိုစိတ်နဲ့ရှေ့ကယာဉ်နဲ့ ပြိုင်မောင်း လိုစိတ်ကိုမထိန်းနိုင်တဲ့အခိုက် ဒီလမ်းကိုငါသူတကာထက်စံချိန်ချိုး မောင်းပြမယ်ဆိုပြီးသူရဲကောင်း ဖြစ်ချင်တဲ့စိတ်ပေါက်လာသည့်အခိုက် ကိုယ် စိတ် ဥဏှောက်အာရုံညောင်းညာ ပြီး fatigue အခြေအနေ အရိပ် အရောင်ပြသည့်အခိုက် ယာဉ်ကြံ့ခိုင်မှုမရှိတဲ့အခြေအနေ မည်သည့်အကြောင်းကြောင့်ဖြစ်ဖြစ် ဘေးအန္တရာယ်မကင်းတဲ့အခြေအနေ ကို တွေ့တွေ့ချင်းယာဉ်ကိုမမောင်း စေလိုပါ။ အကြောင်းမူကား သင်သည်သင့်မိသားစုအတွက် တန်ဖိုးဖြတ်လို့မရတဲ့အစားထိုးမရတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့နည်းတူ သင် ၏ passenger များလဲတန်ဖိုးထပ်တူ ဖြစ်တာကိုနှလုံးသွင်းကြရအောင် လူ့အသက်အတွက်ကော လူ့ခန္ဓာကိုယ် အတွက်ကော spare parts မရှိပါ မိတ်ဆွေ Better be late than never!်

No comments: