Tuesday, August 11, 2015

အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့ ပင်လယ်တွင်းမှာ မူးယစ်ဆေးဝါး မှောင်ခိုသူများထံမှ သင်္ဘောတွင်း သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့ ပင်လယ်တွင်းမှာ မူးယစ်ဆေးဝါး မှောင်ခိုသူများထံမှ သင်္ဘောတွင်း သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ ‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗ အမေရိကန် ကမ်းခြေစောင့် တပ်ဖွဲ့သည် ပင်လယ်တွင်းမှာ မူးယစ်ဆေးဝါး မှောင်ခိုသူများထံမှ သင်္ဘောတွင်း သယ်ဆောင်လာသည့် ဒေါ်လာ(၁)ဘီလီယံ တန်ဖိုးရှိ ကိုးကင်း(၃၂)တန်နှင့် ဟီးရိုးအင်း (၂)တန်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရပါသည်။ ၎င်းမူးယစ်ဆေးဝါးများကို မြန်နှုန်းမြင့် မော်တော်ဘုတ်များနှင့် ရေငုပ်သင်္ဘော နှစ်စီးအပါအဝင် မူးယစ်ဆေးဝါး သယ်ဆောင်သည့် သင်္ဘောများနှင့်အတူ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါသည်။ ကမ်းခြေစောင့် တပ်ဖွဲ့၏ မူးယစ်ဆေးဝါး မှောင်ခိုမှု တိုက်ဖျက်ရေး စစ်ဆင်ရေးများဟာ ပြီးခဲ့သည့်နှစ်အတွင်း မက္ကဆီကိုနှင့် ဆန်ထရယ် အမေရိက ကမ်းခြေများမှာ မူးယစ်ဆေးဝါး(၅၉)တန် ဖမ်းဆီးရမိခဲ့ပြီး ပြီးခဲ့သည့် သုံးနှစ် ဖမ်းဆီးရမိမှုထက် ပိုမိုဖမ်းမိခဲ့ကြောင်း အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က ပြောကြားခဲ့ပါသည်။ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးမျာကို နေရာရွှေ့ပြောင်းခဲ့ပြီး ဖျက်ဆီးပစ်မှာဖြစ်ကြောင်း ကမ်းခြေစောင့် တပ်ဖွဲ့က ပြောကြားခဲ့သည်ဟု ရိုက်တာသတင်း တစ်ရပ်အရ သိရှိရပါသည်။ video.xx.fbcdn.net

No comments: