မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, August 19, 2015
လုံးခင်းကျေးရွာအုပ်စု၊ နမ္မဖြစ်ကျေးရွာ ရပ်ကွက်(၂)ရှိ အကင်ဆိုင်မှ အမျိုးသမီး(၂)ဦးအား အရပ်ဝတ်ဖြင့် လူ(၄)ဦးမှ ကားဖြင့် ဖမ်းဆီးခေါ်ဆောင်သွား
လုံးခင်းကျေးရွာအုပ်စု၊ နမ္မဖြစ်ကျေးရွာ ရပ်ကွက်(၂)ရှိ အကင်ဆိုင်မှ အမျိုးသမီး(၂)ဦးအား အရပ်ဝတ်ဖြင့် လူ(၄)ဦးမှ ကားဖြင့် ဖမ်းဆီးခေါ်ဆောင်သွား
=========================================
18, August, 2015 By Kachin People
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ နမ္မဖြစ်ကျေးရွာ ရပ်ကွက်(၂)ရှိ ခါနန်အကင်ဆိုင် သို့ အရပ်ဝတ်ဖြင့် လူ(၄)ဦးသည် ပါဂျဲရိုး(အပြာရောင်)ကားဖြင့် ရောက်ရှိလာပြီး ဆိုင်တွင် အလုပ်လုပ်နေသူ မခွန်မွန်းပန် (၁၇)နှစ် နှင့် မလဖိုင်အောင်ဘူလု(၁၉)နှစ် တို့(၂)ဦးအား ဘာမှ မပြောနဲ့ဟုဆိုကာ ကားပေါ်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဆိုင်ရှင် ဒေါ်ခွန်ဂျာထံမှ သိရှိရ ပါသည်။
အဆိုပါ(၂)ဦးသည် လွန်ခဲ့သော(၃)လခန့်က ဒေါ်ခွန်ဂျာဆိုင်သို့ အလုပ်လုပ်ကိုင်ရန် ရောက်ရှိလာခဲ့ကြောင်း၊ နေရပ်လိမ်စာမှာ ကာမိုင်းမြို့ လွယ်ဆိုင်ကျေးရွာမှ ဖြစ်ကြောင်းနှင့် ထိုအရပ်ဝတ်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားသူ (၄)ဦးမှ မည်သူမည်ဝါဖြစ်ကြောင်းကို စုံစမ်းဖော်ထုတ် လျှက်ရှိပြီး၊ ထိုကဲ့သို့လာရောက် ဖမ်းဆီးခေါ်ဆောင်ရဲသည်မှာ သောင်းကျန်းသူများနှင့် တနည်း နည်း ဆက်စပ်မှုရှိနိုင်ကြောင်း ၎င်းပတ်ဝန်းကျင်မှ ကြားသိခဲ့ရသည်။
No comments:
Post a Comment