UPDATE News >>>>>>
"အမျိုးသားလွှတ်တော်အစည်းအဝေး ရပ်နားမည်"
အမျိုးသားလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကိုရပ်နားရန် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်က ယမန်နေ့က တင်သွင်းခဲ့သော အရေးကြီးအဆိုကို မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၁၂၈ မဲဖြင့် လွှတ်တော်က အတည်ပြုလိုက်သည်။
စုစုပေါင်းမဲပေးခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၇၉ ဦးရှိသည့်အနက် ထောက်ခံမဲ ၁၂၈ မဲ၊ ကန့်ကွက်မဲ ၃၄ မဲ၊ ကြားနေမဲ ၁၄ မဲ ဖြင့် အဆိုကို အတည်ပြုခဲ့ခြင်းဖြစ်သည်။
အမျိုးသားလွှတ်တော်ကိုမည်သည့်နေ့တွင် ရပ်နားမည်ဆိုသည်ကိုမူ ယခုအချိန်အထိ ကြေညာခြင်းမရှိသေးပေ။
7 Day Daily
No comments:
Post a Comment