Friday, July 10, 2015

Myanmar President Officeခင်ဗျား- ကျွန်တော်တို့က ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က ဒေသခံ တာဝန်သိ လုပ်သား ပြည်သူတွေ ဖြစ်ပါတယ် ခင်ဗျား-

Myanmar President Officeခင်ဗျား- ကျွန်တော်တို့က ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က ဒေသခံ တာဝန်သိ လုပ်သား ပြည်သူတွေ ဖြစ်ပါတယ် ခင်ဗျား- ကျွန်တော်တို့ ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်မှာ ဒေသခံပြည်သူတို့ရဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ကျစေရေးအတွက်ဆိုပြီး ငါးမွေးမြူ ရေးလုပ်ရန်အတွက် နိုင်ငံတော်အစိုးရထံမှထောက်ပံ့ချေးငွေ ကျပ်သိန်း(၈၀၀)ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့်ထုတ်ပေးထားရှိပါတယ်။ ယင်းချေးငွေ သိန်း(၈၀၀)အနက်က ကျပ်သိန်း(၄၅၀)ကို ကျောက်တော်မြို့ မြို့သစ်ရပ်ကွက်တွင်နေသူ ဦးကျော်စိန်အောင်ဆိုသူကလွန်ခဲ့သော(၃)နှစ်ခန့်ကပင် ထုတ်ယူပြီးယနေ့အထိ ငါးတစ်ကောင်တစ်လေမျှမွေးမြူ ခြင်းမပြုလုပ်ဘဲ ကိုယ်ကျိုးအတွက်အလွှဲသုံးစားပြုလုပ်ထားရှိပါတယ်။ ဒါ့အပြင် လယ်တစ်ဧကမျှမရှိဘဲလဲ စပါးစိုက်ပျိုးရန်အတွက် ဆိုပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ် အစိုးရချေးငွေကျပ်သိန်း(၉၀)ကို လိမ်လည်လှည့်ဖြားကာ အလွှဲသုံးစားပြုလုပ်ထုတ်ယူထားရှိပါတယ်။ ဦးကျော်စိန်အောင်ဆိုသူမှာ ကျွန်တော်တို့ ကျောက်တော်မြို့မှာ တိုင်စာ ပစ်စာများရေးသားပေးနေသူတစ်ဦးဖြစ်ပြီး အမှုပွဲစားပြုလုပ်နေသူတစ်ဦးဖြစ်ကာ ဌာနဆိုင်ရာများကိုလည်း မဟုတ်မမှန်လီဆယ်လုပ်ကြံကာ အမြဲတမ်းတိုင်တန်းနေသူတစ်ဦးဖြစ်သည့်အတွက် ဦးကျော်စိန်အောင်၌ငါးတစ်ကောင်တစ်လေမျှမွေးမြူ မှု မရှိခြင်း လယ်တစ်ဧကမျှ မရှိခြင်းတွေကို သိရှိပါသော်လည်း ဦးကျော်စိန်အောင်ကို ကြောက်ရွံ့၍ ဌာနဆိုင်ရာများအနေနဲ့ မသိကျိုးကျွံ ပြုလုပ်လျှက်ရှိနေတာကိုတွေ့ရှိနေရပါတယ်။ ဦးကျော်စိန်အောင်ဆိုသူမှ ယင်းသို့ ငါးတစ်ကောင်တစ်လေမျှ မွေးမြူခြင်းမရှိဘဲ ငါးမွေးကန် ဟန်ပြ(အတု)ပြုလုပ်ကာနိုင်ငံတော်အစိုးရထံမှ ထောက်ပံ့ချေးငွေ ကျပ်သိန်း(၄၅၀)ကို လိမ်လည်လှည့်ဖြားကာ အလွှဲသုံးစားပြုလုပ်ထုတ်ယူထားရှိခြင်းဟာ နိုင်ငံတော်အစိုးရ အနေနဲ့ရော ကျွန်တော်တို့ဒေသခံ စားသုံးသူတွေအနေနဲ့ပါ အလွန်ပင်နစ်နာခြင်းဖြစ်ပြီး နိုင်ငံပိုင်ငွေများကို ဦးကျော်စိန်အောင်အနေနဲ့ လိမ်လည်လှည့်ဖျားကာ ကိုယ်ကျိုးအတွက် အလွှဲသုံးစားပြု ထုတ်ယူထားရှိမှုဖြစ်ပါတယ်။ လယ်တစ်ဧကမျှ မရှိဘဲ လယ်ဧက(၉၀)အတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ်သိန်း(၉၀)ထုတ်ယူခြင်းဟာလဲ ဦးကျော်စိန်အောင်အနေနဲ့ နိုင်ငံပိုင်ငွေကြေးများကို လိမ်လည်လှည့်ဖြားကာ အလွှဲသုံးစားပြုလုပ်ထားရှိသည့်ပြစ်မှုကို ကျူးလွန်ခြင်းပင်ဖြစ်ပါတယ်။ ကျွန်တော်တို့ တာဝန်သိပြည်သူတွေအနေနဲ့ ဒီကိစ္စတွေကို ဒေသအာဏာပိုင်တွေထံ တိုင်ကြားပြန်ရင်လဲ ဒီကိစ္စတွေမှာ ဒေသအာဏာပိုင်တွေ တာဝန်ရှိသူတွေနဲ့ ကင်းလွှတ်မှုမရှိဘဲ တစ်စိတ်တစ်ပိုင်းပါတ်သက်နေတာတွေကြောင့် အစ်ကိုကြီး ညီလေးနဲ့ဘဲ ပြီးသွားမှာဘဲ ဖြစ်ပါတယ်။

No comments:

Post a Comment