မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, July 10, 2015
ဒါကြောင့် Myanmar President Office ခင်ဗျား-
ဒါကြောင့် Myanmar President Office ခင်ဗျား-
ဒီ နိုင်ငံပိုင်ငွေကို ကိုယ်ကျိုးအတွက် အလွှဲသုံးစားမှု ပြုလုပ်ထားရှိတဲ့ ကိစ္စတွေကို အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ပါဝင်တဲ့ ဌာနဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ စစ်ဆေးအရေးယူပေးဖို့အတွက် ကျွန်တော်တို့က နိုင်ငံတော်သမ္မတကြီးရယ် ပြည်ထဲရေးဝန်ကြီးရယ် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ညွန်ကြားရေးမှုးချုပ်ရယ်ကို OnLineကတစ်ဆင့် တိုင်ကြားလိုပါတယ်ခင်ဗျား-
နိုင်ငံတော်သမ္မတကြီးရယ် ပြည်ထဲရေးဝန်ကြီးရယ် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ညွှန်ကြားရေးမှုးချုပ်ရယ် ဆီကို ကျွန်တော်တို့ဆီက တိုင်ကြားထားရှိတဲ့ တိုင်ကြားစာတွေနဲ့ သက်သေခံဓါတ်ပုံတွေကိုလည်း
စစ်တွေစာတိုက်ကြီးမှတစ်ဆင့်
(၂၉-၆-၂၀၁၅)နေ့စွဲဖြင့် ပေးပို့ တင်ပြထားရှိလျှက်လည်း
ရှိနေပါတယ်ခင်ဗျား။
ဒါပေမဲ့ ကျွန်တော်တို့ဆီက တိုင်ကြားစာတွေဟာ မရောက်ရှိလို့လား-ဘယ်လိုအကြောင်းကြောင့်တော့မသိဘူး ခင်ဗျား-
ဒီနေ့ထက်ထိ စစ်ရေးအရေးယူမှု တစ်စုံတစ်ရာမရှိသေးပါဘူးခင်ဗျား-
ဒါ့အပြင် ကျွန်တော်တို့ဆီကပေးပို့တဲ့ တိုင်ကြားစာတွေဟာ နေပြည်တော်ရုံးတွေကို ပေးပို့ရင် ဘယ်ဌာနကိုဘဲ စာပို့ပို့ မရောက်ရှိတာနဲ့ လမ်းစပ်ကြား စာဝင်စာထွက်တွေမှာ ပျောက်ဆုံးတာတွေနဲ့ ထိထိရောက် အရေးယူဆောင်ရွက်ခြင်းမပြုဘဲ အစ်ကိုကြီး ညီလေးနဲ့ဘဲ ပြီးသွားတာတွေနဲ့ဘဲ ဖြစ်နေလို့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှု ပြုလုပ်စေရေးတို့အတွက်ခုလိုတင်ပြအကူညီတောင်းခံရခြင်း ဖြစ်ပါတယ် ခင်ဗျား။
ဒါကြောင့် ကျွန်တော်တို့မှ အပေါ်မှာတင်ပြပေးထားရှိ
တဲ့အချက်အလက်တွေကို ထိထိရောက်ရောက်အရေးယူဆောင်ရွက်မှုပြုလုပ်စေရေးတို့အတွက် ကျွန်တော်တို့ရဲ့တိုင်တန်းချက်တွေကို နိုင်ငံတော်သမ္မတကြီးရယ် ပြည်ထဲရေးဝန်ကြီးရယ် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ညွှန်ကြားရေးမှုးချုပ်ရယ်တို့ သိရှိအောင်အတွက် ကျွန်တော်တို့တာဝန်သိ လုပ်သားပြည်သူများက MyanmarPresidentOfficeကတစ်ဆင့် လိုအပ်တာများကို ကူညီဆောင်ရွက်ပေးပါရန်အတွက် အကူညီတောင်းခံအပ်ပါတယ်ခင်ဗျား။
emailလိပ်စာကိုသိရှိပါက
ကျွန်တော်တို့တင်ပြထားတဲ့တိုင်ကြားစာတွေနဲ့ဓါတ်ပုံတွေကို emailနဲ့လည်း ပေးပို့ပေးပါမည်ခင်ဗျား။
လေးစားစွာဖြင့်-
(ဦးမောင်စောရွှေ)
၁၁/ကတန(နိုင်)၀၀၀၈၄၁
မြို့သစ်ရပ်ကွက်-ကျောက်တော်မြို့
ရခိုင်ပြည်နယ်
ph: 0949660707/09252539392
No comments:
Post a Comment