Friday, July 10, 2015

မန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် အော်တိုကြိုးဖုန်း အသုံးပြုသူ ပိုင်ဆိုင်သည့် တစ်ခုတည်းသော ဆက်သွယ်ရေး အော်ပရေတာဖြစ်ပြီး လက်ရှိအချိန်၌ ၎င်းတို့၏ အော်တိုကြိုးဖုန်း အသုံးပြုသူများအတွက်

မန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် အော်တိုကြိုးဖုန်း အသုံးပြုသူ ပိုင်ဆိုင်သည့် တစ်ခုတည်းသော ဆက်သွယ်ရေး အော်ပရေတာဖြစ်ပြီး လက်ရှိအချိန်၌ ၎င်းတို့၏ အော်တိုကြိုးဖုန်း အသုံးပြုသူများအတွက် ရောင်းချသည့်ဈေးနှုန်းကို ပြင်ဆင်လျှော့ချသွားရန် အစီအစဉ်များရှိသည်ဟု သိရသည်။အော်တိုကြိုးဖုန်းများအတွက် ဝန်ဆောင်မှုများ မြှင့်တင်နေသည့်အပြင် တပ်ဆင်ခဈေးနှုန်းကိုလည်း လျှော့ချပေးရန် အစီအစဉ်များ ရှိနေသည်ဟု KDDI မှ မန်နေဂျင်းဒါရိုက်တာဖြစ်သူ Mr. Takashi NAGASHIMA က ပြောသည်။ထို့အပြင် ဘဏ်များကဲ့သို့သော လုပ်ငန်းကြီးများအတွက် အချင်းချင်းချိတ်ဆက်နိုင်သည့် အော်တိုတယ်လီ ဖုန်းများကိုလည်း မိတ်ဆက် ပေးသွားရန်ရှိသည်ဟု ၎င်းကဆိုသည်။၂၀၁၄ ခုနှစ်စာရင်းဇယားများအရ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၌ အော်တိုကြိုးဖုန်း အသုံးပြုသူ အရေအတွက်သည် ၅ သိန်းကျော်ရှိပြီး လက်ရှိ အချိန်၌ အော်တိုကြိုးဖုန်း အသုံးပြုသူ အရေအတွက်ကို အတိအကျ မသိနိုင်သော်လည်း နိုင်ငံ့လူဦးရေ၏ ၁ ရာခိုင်နှုန်း အောက်တွင်သာရှိကြောင်း KDDI ဈေးကွက်ဒါရိုက်တာဖြစ်သူ Mr. Takashi Shigeno က ပြောသည်။ငွေကျပ် ၁၀ သိန်းကျော်နှင့် စတင်ရောင်းချခဲ့သော အော်တို တယ်လီဖုန်းလိုင်းများကို ငွေကျပ် ၆ သိန်းခွဲဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ရောင်းချ ပေးနေခဲ့ခြင်း ဖြစ်သည်ဟု သိရသော်လည်း အဆိုပါ အော်တိုကြိုးဖုန်းများနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို မသိရှိရပေ။အော်တိုကြိုးဖုန်းများသည် ပုံမှန်အားဖြင့် ADSL အင်တာနက်လိုင်း ချိတ်ဆက် အသုံးပြုနိုင်သည့် ဆက်သွယ်ရေး ဖုန်းလိုင်းများဖြစ်ကြသော်လည်း အချို့သော အော်တိုကြိုးဖုန်းများအတွက် တပ်ဆင်ထားသော စက်ပစ္စည်းများသည် အရည်အသွေး နိမ့်ပါးသည့်အတွက် ချိတ်ဆက်အသုံးပြုနိုင်ခြင်း မရှိကြကြောင်း သိရသည်။

No comments:

Post a Comment