Friday, July 10, 2015

လတ်တလောတွင် အမေရိကန် ရေတပ်သည် ရန်သူရေငုပ် သဘောင်္များကို အလိုအလျောက် ခြေရာခံပေးနိုင်စွမ်းရှိသော အဝေးထိန်း သဘောင်္တစ်ခုကို စမ်းသပ်လျက်ရှိသည်

လတ်တလောတွင် အမေရိကန် ရေတပ်သည် ရန်သူရေငုပ် သဘောင်္များကို အလိုအလျောက် ခြေရာခံပေးနိုင်စွမ်းရှိသော အဝေးထိန်း သဘောင်္တစ်ခုကို စမ်းသပ်လျက်ရှိသည်။အဆိုပါ စစ်ဘက်သုံးရေငုပ် သဘောင်္များကို ခြေရာခံမည့် အဝေးထိန်းယာဉ်(ACTUV) စီမံကိန်းကို DARPA (Denfense Advanced Research Projects Agency) က စတင်ခဲ့ပြီး မျိုးဆက်သစ် အသံတိတ် ရန်သူဒီဇယ် ရေငုပ်သဘောင်္များကို ခြေရာခံရန် ဖန်တီးခဲ့ခြင်းဖြစ်သည်။ ဒီဇယ်ရေငုပ် သဘောင်္များသည် ဈေးနှုန်းသက်သာသောကြောင့် ကမ္ဘာတစ်ဝန်း အသုံးပြုမှု တစ်ဟုန်ထိုး မြင့်တက်လာသည်။ ပြီးခဲ့သည့် ရက်များအတွင်း ရုရှားက ကမ္ဘာ့အသံအငြိမ်ဆုံး ရေငုပ်သဘောင်္ကို မိတ်ဆက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ရေငုပ်သဘောင်္များကို ခြေရာခံသည့် တာဝန်များ ထမ်းဆောင်ရန် ACTUV စီမံကိန်းသည် အဓိက ရည်မှန်းချက် ၃ ခုပြီးမြောက်စေရန် စီစဉ်ထားသည်။ ၎င်းရည်မှန်းချက်တို့မှာ လက်ရှိစနစ်များထက် ဈေးနှုန်းသက်သာပြီး မြန်နှုန်းမြင့်ဒီဇယ် ရေငုပ်သဘောင်္များကို ကျော်ဖြတ်နိုင်ရေး၊ ရေကြောင်းဆိုင်ရာ ဥပဒေအရ ပင်လယ်သမုဒ္ဒရာများအတွင်း လုံခြုံစွာ မောင်းနှင်နိုင်သည့် စွမ်းရည်ရရှိစေရေးနှင့် ဒီဇယ်ရေငုပ် သဘောင်္များ၏ တည်နေရာကို တိကျစွာ ခြေရာခံနိုင်ရေးတို့ ဖြစ်သည်။ACTUV သည် စမ်းသပ်မှုများတွင်လည်း အောင်မြင်တချို့ရရှိခဲ့ပြီး မတ်လအတွင်း မစ္စစီပီမြစ် ကမ်းရိုးတန်း၌ ၆ ပတ်ခန့် စမ်းသပ်ခဲ့ရာ သဘာဝ အတားအဆီးများအကြား အတည်အကျ မရှိရွေ့လျားနေသော သဘောင်္များကို အလိုအလျောက် ရှောင်တိမ်းနိုင်ခဲ့ကြောင်း Defense One မှဖော်ပြခဲ့သည်။ ဆက်လက်၍ ACTUV ကို အဓိက စမ်းသပ်မှု ပြုလုပ်သွားမည်ဖြစ်ပြီး ၎င်းစမ်းသပ်မှုမှာ အခြားသဘောင်္များက တားဆီးစဉ်အတွင်း ရေငုပ်သဘောင်္တစ်စီးကို ခြေရာခံရမည့် အစီအစဉ်ဖြစ်သည်။

No comments:

Post a Comment