မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, July 10, 2015
မြစ်ကြီးနားမှ ဖားကန့်သို့ သွားသော ရဲယာဉ်တန်းအား KIA မှ မိုင်းခွဲတိုက်ခိုက် =========================================
မြစ်ကြီးနားမှ ဖားကန့်သို့ သွားသော ရဲယာဉ်တန်းအား KIA မှ မိုင်းခွဲတိုက်ခိုက်
=========================================
9, July, 2015 By Voice Of Kachin
မြစ်ကြီးနားမှ ဒုရဲမှူးဦးစီး၍ ရဲအင်အား(၂၀၀)ကျော်သည် ဖားကန့်သို့ ယာဉ်တန်းဖြင့် သွားရောက်စဉ် မိုးကောင်းမြို့(၈)မိုင်လမ်းဆုံ အထွက် လဘန်ကထောင်ကျေးရွာနှင့် နန့်ဟိုင်း ကျေးရွာကြားတွင် KIA မှ ရီမုမိုင်းခွဲကာ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
၎င်း မိုင်းဖောက်ခွဲခံရခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်များ စီးနင်းလာသော မော်တော်ယာဉ်တစ်စီး ဘီးများပေါက်ကာ အနည်းငယ် ပျက်ဆီးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း သိရှိရပါသည်။ ၎င်းနောက် ရဲတပ်ဖွဲ့ဝင်များ ဖားကန့်သို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment