Friday, July 10, 2015

လွှတ်တော်အမတ်တစ်ယောက် အကြောင်း ========================

လွှတ်တော်အမတ်တစ်ယောက် အကြောင်း ======================== ယနေ့ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခင်းအကျင်းမှာ စိတ်ဝင်စားစရာကောင်းတဲ့အခြေအနေတွေကို တွေ့လာမြင်လာ ရပါတယ်။ အတိုက်အခံပါတီကြီးတစ်ခုဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ပြင်းပြင်းထန်ထန် လုပ်ဆောင်လာတာဖြစ်ပါတယ်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ NLD ပါတီ အနေနဲ့ လစ်လပ်နေတဲ့မဲဆန္ဒနယ်တော်တော်များများမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့ပါတယ်။ ၎င်းတို့အနေနဲ့ လွှတ်တော်အတွင်း ဝင်ရောက်ခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့လို့အဓိက ကြွေးကြော်ခဲ့ပြီး ၀င်ရောက်ခဲ့ကြ တာဖြစ်ပါတယ်။ ဒါကြောင့်လည်း လွှတ်တော်ထဲကိုဝင်လာတာ ပြည်သူ့အကျိုး ဆောင်ရွက်ဖို့အဓိကလား ခြေ/ဥ ပြင်ဖို့ အဓိက လားဆိုတဲ့ မေးခွန်းတွေနဲ့အတူ ဝေဖန်မှုတွေကိုလည်း NLD အနေနဲ့ အခုအချိန်ထိ ရင်ဆိုင်နေရဆဲပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဇွန်လအတွင်းက ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးမှုတွေပြုလုပ် ခဲ့ကြပြီး မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒီတုန်းက NLD ပါတီအမတ် ဖြိုးဇေယျာသော်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၈ အပိုဒ်ခွဲငယ် (ခ) ကို ပြင်ဆင်လိုခြင်းလည်းမရှိ ဖြည့်စွက်လိုခြင်းမရှိ လုံးဝဖျက်သိမ်းလိုတဲ့သဘောနဲ့ ဆွေးနွေးခဲ့တာ မျိုးကိုတွေ့ခဲ့ရပါတယ်။ NLD ပါတီအနေနဲ့ အခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် လွှတ်တော်အတွင်းမှာ ကြိုးစားလာတာ ကို ပြောစရာမရှိပေမယ့် အခုလို နိုင်ငံတော်အရေးပေါ် အခြေအနေနဲ့ပတ်သက်တဲ့ အရေးကြီးပုဒ်မ တစ်ခုကို ဘာနိုင်ငံ ရေးအတွေ့အကြုံမှမရှိဘဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထီးကိုင်ဖိနပ်ဆွဲအဆင့်သာသာရှိတဲ့ ဖြိုးဇေယျာသော် က ထဆွေးနွေးကတော့ ပြောစရာဖြစ် လာခဲ့ပါတယ်။ သမိုင်းမရှိ၊ အစဉ်လာမရှိ၊ ဗဟုသုတမရှိ၊ နိုင်ငံရေးနားမလည်၊ ဥပဒေ မသိဘဲ ဒေါ်အောင်ဆန်းစုကြည်နာမည်တစ်ခုတည်းနဲ့ အမတ်ဖြစ်လာတဲ့ ဖြိုးဇေယျာသော်က နိုင်ငံတော်အတွက် အရေး ကြီးတဲ့ ပုဒ်မ တစ်ခုကို ဖျက်သိမ်းပေးဖို့ ဆွေးနွေးခဲ့တာဟာ လူရယ်စရာဖြစ်သလို ဝေဖန်စရာတွေလည်းဖြစ်လာပါတယ်။ ဖြိုးဇေယျာသော်ဟာ အနောက်နိုင်ငံက သီချင်းတွေကို အတုယူအားကျတဲ့အတွက်ငယ်စဉ်ကတည်းက လမ်းသူရဲအဆို တော်လုပ်ခဲ့ပြီး နောက်ပိုင်းမှာ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ထောင်ကျခဲ့တာဖြစ်ပါတယ်။ အစိုးရသစ် တက်လာပြီးတဲ့နောက် လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အချိန်မှာ ဖြိုးဇေယျာသော် ပြန်လည်လွတ်မြောက်လာခဲ့ပြီး NLD ပါတီဝင် တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဖြိုးဇေယျာသော်လို နိုင်ငံရေးအခြေခံမရှိ နိုင်ငံရေးအသိပညာ အရည်အချင်းနည်းပါးသူ တစ်ယောက် ကို ဘာကြောင့် လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခဲ့တယ်ဆိုတာကိုတော့ ဒေါ်အောင်ဆန်းစုကြည် ကလွဲလို့ ဘယ်သူမှ မသိနိုင်ပါဘူး။ ကြားဖြတ်ရွေးကောက်ပွဲကာလကစပြီး အခုအချိန်အထိ ဖြိုးဇေယျာသော်ရဲ့ နိုင်ငံရေးလုပ်ဆောင်ချက် တွေကို ထုတ်ပြပါဆိုရင်တော့ လောက်လောက်လားလားဘာမှပြစရာ မရှိတာကိုတွေ့ရပါလိမ့်မယ်။ ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရရှိဖို့အတွက် လူသိများတဲ့လူတွေကို အသုံးချခဲ့ပေမယ့် အဲဒီလူတွေက ပြည်သူအကျိုးဆောင် ရွက်ဖို့ ဘာအရည်အချင်းမှမရှိတာကြောင့် NLD ကို လူထုယုံကြည်မှုကျဆင်းလာစေခဲ့ပါတယ်။ ဖြိုးဇေယျာသော် ထောင်ကျခဲ့ခြင်း ကလည်းယုံကြည်ချက်၊ ခံယူချက်ကြောင့်မဟုတ်၊ နိုင်ငံရေးအကျဉ်းသားမဟုတ်ခဲ့ဘဲ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် သာ ဖြစ်ခဲ့တယ်ဆိုတာကို ပြည်သူအားလုံးသိပြီးသား ဖြစ်တဲ့အတွက် အဲဒီသမိုင်းဟာလည်း ဖျောက်ဖျက် မရပါဘူး။ ယခုအခါမှာ NLD အနေနဲ့ လွှတ်တော်အတွင်း အခြေခံဥပဒေပြင်ဆင်ရေးဆောင်ရွက်မှုရှုံးနိမ့်ခဲ့ပြီးနောက် လူထုကို လမ်းမ ပေါ်ဆွဲထုတ်တဲ့နည်းလမ်း အသုံးပြုလာတာတွေ့မြင်လာရပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ၄၃၆ ပြင်ဆင်ရေး အတွက် လမ်းပေါ်ထွက်လာခဲ့တဲ့ တကသ ကျောင်းသားတွေအနေနဲ့ ဆန္ဒမပြခင်ရက်ပိုင်းမှာ ဖြိုးဇေယျာသော်နဲ့ နေပြည်တော် စည်ပင်ရိပ်သာအတွင်းမှာ တွေ့ဆုံခဲ့ကြပါတယ်။ တကသ ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ဇေယျာလွင်၊ ပိုင်ရဲသူနဲ့ အခြားကျောင်းသားခေါင်းဆောင်အချို့အနေနဲ့ ဖြိုးဇေယျာသော်ထံက တစ်ဆင့် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ညွှန်ကြားချက်ကိုရယူပြီး ရန်ကုန်မြို့ လူစည်ကားတဲ့ နေရာတွေမှာ ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ဖို့စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အကယ်၍ ၎င်းတို့ကို အစိုးရက ထောင်ချ အရေးယူခဲ့ပါက ဒေါ်စုကြည်ကိုယ်တိုင် ကာကွယ်စောင့်ရှောက် ပေးမယ်လို့ ဖြိုးဇေယျာသော်က တစ်ဆင့်ကတိပေးခဲ့ကြောင်း၊ ကျောင်းသားများ ဆန္ဒပြတဲ့အခါမှာလည်း မော်တော်ယာဉ်၊ ဗီနိုင်းစတာတွေရဲ့ အသုံးစရိတ်တွေကို ဖြိုးဇေယျာသော်ကပဲ ပေးအပ်ခဲ့တာဖြစ်ကြောင်း မီဒီယာတစ်ချို့မှာ ဖော်ပြခဲ့ပါ တယ်။ NLD ပါတီအနေနဲ့ ဗကသများကို တကသနှင့် သီးခြားစီခွဲထုတ်နိုင်ခဲ့ပြီးနောက် တကသကို နိုင်ငံရေးလက်စွဲ ကျောင်းသားအင်အားစုအဖြစ် အသုံးချနိုင်ဖို့အတွက် ဒေါ်စုကြည်ကိုယ်တိုင် စီမံဆောင်ရွက်ခဲ့ပြီး တကသများနဲ့ ဆက်သွယ်ဆက်ဆံရေးကိုလည်း ဖြိုးဇေယျာသော်က တာဝန်ယူထားရတယ်လို့ သိရပါတယ်။ ဒါဟာ ဖြိုးဇေယျာသော် အနေနဲ့ ကိုယ်ပိုင်အရည်အချင်းမရှိ၊ ဗဟုသုတနည်းပါးပြီး နိုင်ငံရေးအသိပညာ ချို့တဲ့တာကြောင့် လွှတ်တော်ပြင်ပက လမ်းပေါ်ထွက်နိုင်ငံရေးမှာ ဒေါ်စုကြည်ခိုင်းတာလုပ်နေရတဲ့ပုံစံမျိုးထက် ဘာမှ မပိုဘူးဆိုတာသိသာလှပါတယ်။ NLD ပါတီအနေနဲ့ကတော့ တစ်စုံတစ်ခုမှားသွားရင်တောင် ဒါဟာဗဟိုရဲ့သဘောထားမဟုတ် မသိနားမလည်တဲ့ လူငယ်အမတ်တစ်ယောက်ကြောင့်ဖြစ်ရတာပါဆိုတဲ့ နိုင်ငံရေးအခင်း အကျင်းတစ်ခုဖန်တီးတာမျိုးလဲ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သမိုင်းအစဉ်အလာမရှိ၊ ရာဇ၀င်မရှိ၊ အရည်အချင်းမရှိသူ ဆေးသမားထောင်ထွက်လူငယ်တစ်ဦးက အတိုက် အခံပါတီကြီးတစ်ခုရဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်အသုံးချခံနေရတာကိုကြည်ပြီး မြန်မာနိုင်ငံအရေး ရင်လေးမိ ပါကြောင်း…….။ မင်းနိုင်စိုး လွှတ်တော်အမတ်တစ်ယောက် အကြောင်း ======================== ယနေ့ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခင်းအကျင်းမှာ စိတ်ဝင်စားစရာကောင်းတဲ့အခြေအနေတွေကို တွေ့လာမြင်လာ ရပါတယ်။ အတိုက်အခံပါတီကြီးတစ်ခုဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ပြင်းပြင်းထန်ထန် လုပ်ဆောင်လာတာဖြစ်ပါတယ်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ NLD ပါတီ အနေနဲ့ လစ်လပ်နေတဲ့မဲဆန္ဒနယ်တော်တော်များများမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့ပါတယ်။ ၎င်းတို့အနေနဲ့ လွှတ်တော်အတွင်း ဝင်ရောက်ခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့လို့အဓိက ကြွေးကြော်ခဲ့ပြီး ၀င်ရောက်ခဲ့ကြ တာဖြစ်ပါတယ်။ ဒါကြောင့်လည်း လွှတ်တော်ထဲကိုဝင်လာတာ ပြည်သူ့အကျိုး ဆောင်ရွက်ဖို့အဓိကလား ခြေ/ဥ ပြင်ဖို့ အဓိက လားဆိုတဲ့ မေးခွန်းတွေနဲ့အတူ ဝေဖန်မှုတွေကိုလည်း NLD အနေနဲ့ အခုအချိန်ထိ ရင်ဆိုင်နေရဆဲပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဇွန်လအတွင်းက ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးမှုတွေပြုလုပ် ခဲ့ကြပြီး မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒီတုန်းက NLD ပါတီအမတ် ဖြိုးဇေယျာသော်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၈ အပိုဒ်ခွဲငယ် (ခ) ကို ပြင်ဆင်လိုခြင်းလည်းမရှိ ဖြည့်စွက်လိုခြင်းမရှိ လုံးဝဖျက်သိမ်းလိုတဲ့သဘောနဲ့ ဆွေးနွေးခဲ့တာ မျိုးကိုတွေ့ခဲ့ရပါတယ်။ NLD ပါတီအနေနဲ့ အခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် လွှတ်တော်အတွင်းမှာ ကြိုးစားလာတာ ကို ပြောစရာမရှိပေမယ့် အခုလို နိုင်ငံတော်အရေးပေါ် အခြေအနေနဲ့ပတ်သက်တဲ့ အရေးကြီးပုဒ်မ တစ်ခုကို ဘာနိုင်ငံ ရေးအတွေ့အကြုံမှမရှိဘဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထီးကိုင်ဖိနပ်ဆွဲအဆင့်သာသာရှိတဲ့ ဖြိုးဇေယျာသော် က ထဆွေးနွေးကတော့ ပြောစရာဖြစ် လာခဲ့ပါတယ်။ သမိုင်းမရှိ၊ အစဉ်လာမရှိ၊ ဗဟုသုတမရှိ၊ နိုင်ငံရေးနားမလည်၊ ဥပဒေ မသိဘဲ ဒေါ်အောင်ဆန်းစုကြည်နာမည်တစ်ခုတည်းနဲ့ အမတ်ဖြစ်လာတဲ့ ဖြိုးဇေယျာသော်က နိုင်ငံတော်အတွက် အရေး ကြီးတဲ့ ပုဒ်မ တစ်ခုကို ဖျက်သိမ်းပေးဖို့ ဆွေးနွေးခဲ့တာဟာ လူရယ်စရာဖြစ်သလို ဝေဖန်စရာတွေလည်းဖြစ်လာပါတယ်။ ဖြိုးဇေယျာသော်ဟာ အနောက်နိုင်ငံက သီချင်းတွေကို အတုယူအားကျတဲ့အတွက်ငယ်စဉ်ကတည်းက လမ်းသူရဲအဆို တော်လုပ်ခဲ့ပြီး နောက်ပိုင်းမှာ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ထောင်ကျခဲ့တာဖြစ်ပါတယ်။ အစိုးရသစ် တက်လာပြီးတဲ့နောက် လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အချိန်မှာ ဖြိုးဇေယျာသော် ပြန်လည်လွတ်မြောက်လာခဲ့ပြီး NLD ပါတီဝင် တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဖြိုးဇေယျာသော်လို နိုင်ငံရေးအခြေခံမရှိ နိုင်ငံရေးအသိပညာ အရည်အချင်းနည်းပါးသူ တစ်ယောက် ကို ဘာကြောင့် လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခဲ့တယ်ဆိုတာကိုတော့ ဒေါ်အောင်ဆန်းစုကြည် ကလွဲလို့ ဘယ်သူမှ မသိနိုင်ပါဘူး။ ကြားဖြတ်ရွေးကောက်ပွဲကာလကစပြီး အခုအချိန်အထိ ဖြိုးဇေယျာသော်ရဲ့ နိုင်ငံရေးလုပ်ဆောင်ချက် တွေကို ထုတ်ပြပါဆိုရင်တော့ လောက်လောက်လားလားဘာမှပြစရာ မရှိတာကိုတွေ့ရပါလိမ့်မယ်။ ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရရှိဖို့အတွက် လူသိများတဲ့လူတွေကို အသုံးချခဲ့ပေမယ့် အဲဒီလူတွေက ပြည်သူအကျိုးဆောင် ရွက်ဖို့ ဘာအရည်အချင်းမှမရှိတာကြောင့် NLD ကို လူထုယုံကြည်မှုကျဆင်းလာစေခဲ့ပါတယ်။ ဖြိုးဇေယျာသော် ထောင်ကျခဲ့ခြင်း ကလည်းယုံကြည်ချက်၊ ခံယူချက်ကြောင့်မဟုတ်၊ နိုင်ငံရေးအကျဉ်းသားမဟုတ်ခဲ့ဘဲ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် သာ ဖြစ်ခဲ့တယ်ဆိုတာကို ပြည်သူအားလုံးသိပြီးသား ဖြစ်တဲ့အတွက် အဲဒီသမိုင်းဟာလည်း ဖျောက်ဖျက် မရပါဘူး။ ယခုအခါမှာ NLD အနေနဲ့ လွှတ်တော်အတွင်း အခြေခံဥပဒေပြင်ဆင်ရေးဆောင်ရွက်မှုရှုံးနိမ့်ခဲ့ပြီးနောက် လူထုကို လမ်းမ ပေါ်ဆွဲထုတ်တဲ့နည်းလမ်း အသုံးပြုလာတာတွေ့မြင်လာရပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ၄၃၆ ပြင်ဆင်ရေး အတွက် လမ်းပေါ်ထွက်လာခဲ့တဲ့ တကသ ကျောင်းသားတွေအနေနဲ့ ဆန္ဒမပြခင်ရက်ပိုင်းမှာ ဖြိုးဇေယျာသော်နဲ့ နေပြည်တော် စည်ပင်ရိပ်သာအတွင်းမှာ တွေ့ဆုံခဲ့ကြပါတယ်။ တကသ ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ဇေယျာလွင်၊ ပိုင်ရဲသူနဲ့ အခြားကျောင်းသားခေါင်းဆောင်အချို့အနေနဲ့ ဖြိုးဇေယျာသော်ထံက တစ်ဆင့် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ညွှန်ကြားချက်ကိုရယူပြီး ရန်ကုန်မြို့ လူစည်ကားတဲ့ နေရာတွေမှာ ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ဖို့စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အကယ်၍ ၎င်းတို့ကို အစိုးရက ထောင်ချ အရေးယူခဲ့ပါက ဒေါ်စုကြည်ကိုယ်တိုင် ကာကွယ်စောင့်ရှောက် ပေးမယ်လို့ ဖြိုးဇေယျာသော်က တစ်ဆင့်ကတိပေးခဲ့ကြောင်း၊ ကျောင်းသားများ ဆန္ဒပြတဲ့အခါမှာလည်း မော်တော်ယာဉ်၊ ဗီနိုင်းစတာတွေရဲ့ အသုံးစရိတ်တွေကို ဖြိုးဇေယျာသော်ကပဲ ပေးအပ်ခဲ့တာဖြစ်ကြောင်း မီဒီယာတစ်ချို့မှာ ဖော်ပြခဲ့ပါ တယ်။ NLD ပါတီအနေနဲ့ ဗကသများကို တကသနှင့် သီးခြားစီခွဲထုတ်နိုင်ခဲ့ပြီးနောက် တကသကို နိုင်ငံရေးလက်စွဲ ကျောင်းသားအင်အားစုအဖြစ် အသုံးချနိုင်ဖို့အတွက် ဒေါ်စုကြည်ကိုယ်တိုင် စီမံဆောင်ရွက်ခဲ့ပြီး တကသများနဲ့ ဆက်သွယ်ဆက်ဆံရေးကိုလည်း ဖြိုးဇေယျာသော်က တာဝန်ယူထားရတယ်လို့ သိရပါတယ်။ ဒါဟာ ဖြိုးဇေယျာသော် အနေနဲ့ ကိုယ်ပိုင်အရည်အချင်းမရှိ၊ ဗဟုသုတနည်းပါးပြီး နိုင်ငံရေးအသိပညာ ချို့တဲ့တာကြောင့် လွှတ်တော်ပြင်ပက လမ်းပေါ်ထွက်နိုင်ငံရေးမှာ ဒေါ်စုကြည်ခိုင်းတာလုပ်နေရတဲ့ပုံစံမျိုးထက် ဘာမှ မပိုဘူးဆိုတာသိသာလှပါတယ်။ NLD ပါတီအနေနဲ့ကတော့ တစ်စုံတစ်ခုမှားသွားရင်တောင် ဒါဟာဗဟိုရဲ့သဘောထားမဟုတ် မသိနားမလည်တဲ့ လူငယ်အမတ်တစ်ယောက်ကြောင့်ဖြစ်ရတာပါဆိုတဲ့ နိုင်ငံရေးအခင်း အကျင်းတစ်ခုဖန်တီးတာမျိုးလဲ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သမိုင်းအစဉ်အလာမရှိ၊ ရာဇ၀င်မရှိ၊ အရည်အချင်းမရှိသူ ဆေးသမားထောင်ထွက်လူငယ်တစ်ဦးက အတိုက် အခံပါတီကြီးတစ်ခုရဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်အသုံးချခံနေရတာကိုကြည်ပြီး မြန်မာနိုင်ငံအရေး ရင်လေးမိ ပါကြောင်း…….။ မင်းနိုင်စိုး http://www.myanmarexpress.net/2015/07/blog-post_10.html -

No comments:

Post a Comment