Thursday, July 9, 2015

တူရွင်းတောင်ပေါ်က ခုန်ချလိုက်ရမလား (သမီးတော်ရာဇ၀င် - ၁၆) =============

တူရွင်းတောင်ပေါ်က ခုန်ချလိုက်ရမလား (သမီးတော်ရာဇ၀င် - ၁၆) ============= အမှန်တကယ်တော့ သမီးတော်တွေအကြောင်း ဘာရယ် မဟုတ်ဘူး ရေးလိုက်တာ တော်တော် များသွားပါပြီ။ သူတို့နဲ့ပတ်သက်တဲ့ ရင်သပ်ရှုမောစရာ၊ အံ့သြစရာ၊ လှောင်ချင်စရာတွေလည်း ကုန်သလောက် ရှိသွားပါပြီ။ ကျွန်တော်လည်း ငြီးငွေ့လာလို့ ဆက်မရေးချင်တော့ပါဘူး။ ဒါကြောင့် သမီးတော်ကနေ ဇနီးတော်များဆိုပြီး ပြောင်းရေးခဲ့ပါတယ်။ ဒီလိုပြောင်းရေးတဲ့ အပတ်ကစပြီး ကျွန်တော့်ကို ဖုန်းနဲ့တစ်မျိုး၊ စာနဲ့တစ်သွယ် ဇနီးတော် မြောက်မြားစွာ က ခြိမ်းခြောက်လိုက်ကြတာ မျိုးစုံပါပဲ။ သူတို့တွေက ခင်ပွန်းသည်တွေရဲ့ အခွင့်အာဏာ ဥစ္စာဓနတွေနဲ့ ရမ်းချင်တိုင်းရမ်း ကဲချင်တိုင်းကဲပြီး ခုမှ ပေထက် အက္ခရာတင်ခံရမှာကို ကြောက်နေကြပုံ ပေါ်ပါတယ်။ ဇနီးတော်တွေ အကြောင်းရေးရင် ကျွန်မတို့မှာ ပြောပြစရာတွေ အများကြီး ရှိပါတယ်ဆိုတဲ့ စိန်ကုန်သည်တွေ၊ ရတနာကုန်သည်တွေကလည်း သတင်းပေးဖို့ အဆင်သင့် စောင့်နေကြပါတယ်။ ဒါပေမဲ့ “ရှင် ဇနီးတော်တွေ အကြောင်း ရေးရဲရေးကြည့်”ဆိုပြီး အိမ်က ဇနီးတော်ကြီးက ရာဇသံပေးလာ တာကြောင့် ဒီအပတ် မရှိမဲ့ရှိမဲ့ အချက်အလက်လေးတွေနဲ့ သမီးတော် ရာဇ၀င်ဘက်ကို လှည့်လိုက်ရပါတယ်။ ဒီတစ်ပတ်ရေးမယ့် သမီးတော်ကတော့ အားလုံးထဲမှာ ဦးစားပေး အခံရဆုံး သမီးတော် အငယ်ဆုံးလေးပါပဲ။ ဘာလို့ ဦးစားပေးခံရလဲဆိုတော့ ဖခမည်းတော်ကြီး အိမ်ရှေ့စံ ဘ၀တုန်းက သမီးတော် အငယ်လေးဟာ အိပ်မက်တစ် ခု မက်ပါသတဲ့။ အိပ်မက်ထဲမှာ ဖခမည်းတော်ကြီးဟာ မင်းမြှောက်တန်ဆာ ငါးပါးနဲ့ ဘုရင် မင်းတရားကြီး အဖြစ်ကို ရရှိတော် မူ တယ်လို့ မက်မြင်ခဲ့ပြီး အမှန်တကယ် လည်း တိုင်းပြည်ရဲ့ဥသျှောင် ဘုရင်ကြီးဘ၀ကို ရခဲ့လို့ ခမည်းတော်ကြီး က ဒီသမီးတော်ကို မျက်နှာသာ ပေးခဲ့တာ ဖြစ်ပါတယ်။ အလိုလိုက် အကြိုက်ဆောင် ခံရတဲ့ သမီးတော်လေးဟာ ကြာလာတော့ ရောင့်တက်ပြီး ဆိုးလာတာ မထူးဆန်းပါဘူး။ တစ်ခါတုန်းကလည်း ခမည်းတော်ကြီးဟာ နှစ်စဉ် ဧပြီလတိုင်း ကျင်းပလေ့ရှိတဲ့ ဗိုလ်သင်တန်း ဆင်းပွဲကို မသွားခင် ထုံးစံအတိုင်း မန္တလေးနဲ့ ပုဂံကို ၀င်ပါတယ်။ ပုဂံကို ရောက်ရင်လည်း ဆရာတော်ကြီးတွေ၊ ဘုန်းတော်ကြီးတွေကို ပင့်ဖိတ်ပြီး ဆွမ်းကပ်လေ့ရှိပါတယ်။ သူတို့မိသားစုဟာ တပ်မတော် ဧည့်ရိပ်သာမှာ တည်းခိုလေ့ရှိပြီး မန္တလေး တပ်နယ်မှာရှိတဲ့ တိုင်းမှူး၊ ဗျူဟာမှူး အရာရှိကြီးတွေ သာမက သူတို့ရဲ့ ဇနီးမယားတွေကပါ လိုက်ပါပြီး ဧည့်ခံရပါတယ်။ အဲဒီ့နှစ်ကတော့ ဗျူဟာမှူးကတော်တွေ တပ်ရင်းမှူးကတော်တွေ ကံဆိုးတဲ့နှစ်လို့ ပြောရမလားပဲ။ ပုဂံမှာ ဘုန်းကြီးတွေကို ဆွမ်းကပ်နေစဉ်မှာပဲ ဘာအဆင်မပြေလို့လည်း မသိဘူး။ အမြဲတမ်း ပြဿနာ ရှာလေ့ရှိတဲ့ သမီးတော် အငယ်ဟာ စိတ်ဆိုးပြီး ဧည့်ရိပ်သာကနေ ထွက်ခွာသွားပါတယ်။ ခမည်းတော်ကြီးနဲ့ မိဖုရားကြီးဟာ ယခင်က အနေအေးသလောက် သားသမီးတွေကလည်း ဆိုးတယ်လို့ သတင်းစကား မထွက်ခဲ့ပါဘူး။ ရာထူး တဖြည်းဖြည်း ကြီးလာပြီး တိုင်းပြည်ရဲ့ ဒုတိယ အကြီးအကဲ ဖြစ်လာတာတောင် သားသမီးတွေရဲ့ မကောင်းသတင်း မထွက်ခဲ့ပါဘူး။ ဒါပေမဲ့ တိုင်းပြည်မှာ တန်ခိုးထွားခဲ့တဲ့ တပ်မတော် ထောက်လှမ်းရေး အဖွဲ့ ရွာပျက်သွားပြီးတဲ့နောက် အစိုးရ အဖွဲ့ ထဲမှာ ဘုရင်ကြီးနဲ့ အလှမ်းဝေးလွန်းတဲ့ သူတွေတောင် ၀န်ကြီး၊ ၀န်ကလေးတွေ ဖြစ်လာပါတယ်။ သူတို့ကလည်း ရာထူးရာခံ ချီးမြှင့်မြှောက်စားခဲ့တဲ့ ဘုရင်ကြီးနဲ့တကွ မိသားစုကို ကျေးဇူး သစ္စာခံပြီး အထူး ဖော်လံဖားခဲ့ပါတယ်။ ဒီလို ဖော်လံဖားခဲ့တဲ့ အထဲမှာ ဘုရင်ကြီးရဲ့ သမီးတွေက အဓိက အကျဆုံးမို့ အဖားလွန်ရာကတစ်ဆင့် သမီးတော်တွေ အားလုံး မောက်မာဝင့်ကြွားတဲ့ ဘ၀ကို ရောက်သွားပါတယ်။ အရင်တုန်းက တပ်မတော်မှာရှိတဲ့ ဗိုလ်မှူး၊ ဗိုလ်ကြီးတွေဟာ တိုက်ရည်ခိုက်ရည် ဘယ်လိုပဲ ကောင်းကောင်း ထောက်လှမ်းရေးကိုတော့ ရှိန်တဲ့ သဘော ရှိပါတယ်။ သူတို့လည်း အစပိုင်းမှာ ထောက်လှမ်းရေးကို အနည်းငယ် ရှိန်နေပုံပါပဲ။ ထောက်လှမ်းရေးကလည်း ရှိန်ချင် စရာပါပဲ။ တန်ခိုး အထွားဆုံး ကာလကဆိုရင် ပြင်ဦးလွင်ကိုရောက်နေ တဲ့ တပ်မတော် အကြီးအကဲဆီကို ထောက်လှမ်းရေး တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ခင်ညွန့်က နိုင်ငံတော်နဲ့ ပတ်သက်ပြီး ဆောင်ရွက်စရာရှိတဲ့ ကိစ္စတချို့ကို သူကိုယ်တိုင် အစီရင် မခံဘဲ ဒုတိယ ဗိုလ်မှူးကြီး အဆင့်သာရှိတဲ့ သူနဲ့ အစီရင်ခံခိုင်းတာတွေ ရှိခဲ့ပါတယ်။ ဘုရင်ကြီးကလည်း ဒီကိစ္စကို စိတ်ထဲ မှာ မခံချင်ပေမယ့် မျက်နှာမပျက်ဘဲ အေးအေးဆေးဆေး နေနိုင်ခဲ့ပါတယ်။ တစ်ခါက တိုင်းမှူးတွေ၊ အစိုးရ ၀န်ကြီးတွေနဲ့ ပြုလုပ်တဲ့ အစည်းအဝေးမှာ ဦးခင်ညွန့်ကို သူဖယ်ရှားလိုက်ရခြင်း အကြောင်းကို ခံစားမှု မရှိဘဲ လေအေးလေးနဲ့ ပြောပြ လိုက်တဲ့အခါမှာတော့ အခန်းထဲမှာရှိတဲ့ တိုင်းမှူးတွေ၊ ၀န်ကြီးတွေ ကျောစိမ့်သွားပြီး ငါ့အလှည့် ဘယ်တော့လာမလဲဆိုပြီး ညဘက် အိပ်လို့တောင် မပျော်နိုင်ပါဘူး။ နောက်ဆုံး ဘုရင်ကြီးနဲ့ မိသားစုကို ဆတက်ထမ်းပိုး ရိုကျိုးခြင်းကသာလျှင် ကိုယ့်ဘ၀ လုံခြုံတယ်ဆိုပြီး အသားကုန် ဖားတော့တာပါပဲ။ လယ်/ဆည်ဝန်ကြီးဆိုရင် မနက်ပိုင်းမှာ ရယ်ရယ်မောမော စကားပြော အစီရင်ခံရင်း ညနေမှာ အလုပ်ဖြုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီလို ကိစ္စမျိုးတွေမှာ ဘုရင်ကြီးလောက် သပ်သပ်ရပ်ရပ် လုပ်နိုင်တဲ့ တပ်မတော်သား သမိုင်းမှာ မရှိပါဘူး။ ဗိုလ်ချုပ်ကြီး နေ၀င်းတောင် မမီဘူးခင်ဗျ။ သူတို့သွားတဲ့ ခရီးစဉ်တိုင်းမှာ ဗျူဟာမှူး ကတော်၊ တပ်ရင်းမှူး ကတော်တွေက သမီးတော်တွေရဲ့ ဝေယျာဝစ္စ အောက်ခြေသိမ်းတွေကို လုပ်ကိုင်ပေးရလေ့ရှိပြီး သမီးတော်တွေကလည်း တည်းခိုဆောင်ကို ၀င်တဲ့အချိန်ကစပြီး အင်္ကျီအ၀တ်အစားတွေ၊ အတွင်းခံတွေကို ဒီအတိုင်း ချွတ်သွားလေ့ရှိပြီး သူတို့ထက် အသက်အရွယ်ကြီးတဲ့ အရာရှိ ကတော်ကြီးတွေက လိုက်ကောက် သိမ်းရပါတယ်။ သိမ်းတဲ့ပစ္စည်းတွေကို ရောပြီးထား ရင် သမီးတော်တွေက အင်မတန် စိတ်ဆိုးလေ့ရှိပြီး သမီးတော် တစ်ယောက်ချင်းရဲ့ အ၀တ်အစားတွေ ကို အမှတ်အသား ပြုလုပ်ထားတဲ့ အိတ်တစ်အိတ်စီနဲ့ သိမ်းဆည်းရလေ့ ရှိပါတယ်။ ဒီအခြေအနေတွေကို ဘုရင်ကြီးနဲ့ အနောက် နန်းမတော်ကြီးက သိပေမယ့် ဆုံးမခြင်း မပြုဘဲ သားသမီးတွေ၊ မြေးတွေအပေါ်မှာ အရမ်း အလိုလိုက်ပါတယ်။ သမီးတော်တွေ စိတ်တိုင်းမကျတဲ့ တိုင်းမှူးတွေ၊ အရာရှိကြီးတွေ ဆိုရင် မကောင်းတဲ့ နေရာတွေကို လွင့်သွားလေ့ရှိပါတယ်။ အခုလည်း သမီးတော် အငယ်လေး ပျောက်သွားတယ်ဆိုတော့ အကုန်လုံး ပျာယာခတ် ကုန်တော့တာပေါ့။ တပ်မတော် ဧည့်ရိပ်သာမှာ ရှိနေတဲ့ လုံခြုံရေးတွေ၊ ထောက်လှမ်းရေးတွေ လည်း အလုပ်ရှုပ်ကုန် ပါတော့တယ်။ သမီးတော် အငယ်ထွေး ဘယ်ကိုထွက်သွားသလဲဆိုတာ စုံစမ်းကြည့်လိုက်တော့ ပုဂံမြို့ အပြင်မှာရှိတဲ့ တူရွင်း တောင်ပေါ်ကို တက်သွားတယ်လို့ သိရပါတယ်။ တူရွင်းတောင် ဆိုတာဟာ တစ်ချိန်က အလောင်းစည်သူ မင်းကြီးက မြင်းညိုကြီးစီးပြီး သူမအိုသေးကြောင်း ပြခဲ့တဲ့ နေရာ လည်း ဖြစ်ပါတယ်။ စိတ်ကောက်သွားတဲ့ သမီးတော် ကို ချော့မော့ဖြောင်းဖြဖို့ အတွက် အနောက် နန်းမတော်ကြီးက အထိန်းတော် အချော့တော်တွေ ဖြစ်တဲ့ ဗျူဟာမှူး ကတော်၊ တပ်ရင်းမှူး ကတော်တွေကို လွှတ်လိုက်ပါတယ်။ ဒါပေမဲ့ တောင်ပေါ်ကို လိုက်လာတဲ့ နောက်တော်ပါတွေကို ကြည့်ပြီး ရှေ့ဆက် တိုးလာရင် တူရွင်းတောင် ပေါ်က ခုန်ချမယ်လို့ သမီးတော်က ခြိမ်းခြောက်လိုက်ပါတယ်။ ဒါ့ကြောင့် ဗျူဟာမှူး ကတော်တွေလည်း ရှေ့ဆက် မတိုးရဲဘဲ တစ်စုံတစ်ရာ မဖြစ်ဖို့ ဘုရားစာပဲ ရွတ်နေရပါတယ်။ အခြေအနေတွေကို စိုးရိမ်လို့ လိုက်လာတဲ့ လုံခြုံရေး တပ်ဖွဲ့တွေလည်း ဘာမှမလုပ်ရဲဘဲ ဒီအတိုင်း ကြည့်နေရပါတယ်။ နာရီ အတော်ကြာမှ သမီးတော်က စိတ်ပြေသွား ပုံရပြီး ကတော်တွေလည်း ဖြည်းဖြည်းချင်း အနားကပ် သွားရပါတယ်။ ပြီးမှ တစ်ယောက်တစ်မျိုး ချော့မော့ရင်း သမီးတော်ကို ဖြောင်းဖြပြီး တူရွင်းတောင်ပေါ်က ပြန်ခေါ်ခဲ့ရပါတယ်။ ဒီအကြောင်းလေးကို ကျွန်တော်တို့ အချင်းချင်း ပြန်ပြောမိကြတော့ နားထောင်နေတဲ့ မိတ်ဆွေ တစ်ယောက်ကတော့ အခုလို ပြောပါတယ်။ “တောက် ဗျူဟာမှူး ကတော်တွေ၊ တပ်ရင်းမှူး ကတော်တွေကလည်း ညံ့လိုက်တာ။ သမီးတော် ခြိမ်းခြောက်တဲ့ အချိန်မှာ ရှေ့နည်းနည်း ဆက်တိုးလိုက်ရမှာ။ ဒါဆို တစ်ပူငြိမ်းသွားတာပေါ့” သူ့စကားဆုံးဆုံးချင်း နားထောင်နေသူ တွေ အားလုံး ၀ါးကနဲ ရယ်မောလိုက်ကြပါတယ်။ ဒီအဖြစ်အပျက်လေးကို ပြန်သုံးသပ်ရင် သမီးတော်ရော သမီးတော်ကို လုပ်ကိုင်ပေးရတဲ့ ကတော်ကြီးတွေရော သင်ခန်းစာ တစ်စုံတစ်ရာ ရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ လက်စောင်းထက် တူရွင်းတောင်ပေါ်က ခုန်ချလိုက်ရမလား (သမီးတော်ရာဇ၀င် - ၁၆) ============= အမှန်တကယ်တော့ သမီးတော်တွေအကြောင်း ဘာရယ် မဟုတ်ဘူး ရေးလိုက်တာ တော်တော် များသွားပါပြီ။ သူတို့နဲ့ပတ်သက်တဲ့ ရင်သပ်ရှုမောစရာ၊ အံ့သြစရာ၊ လှောင်ချင်စရာတွေလည်း ကုန်သလောက် ရှိသွားပါပြီ။ ကျွန်တော်လည်း ငြီးငွေ့လာလို့ ဆက်မရေးချင်တော့ပါဘူး။ ဒါကြောင့် သမီးတော်ကနေ ဇနီးတော်များဆိုပြီး ပြောင်းရေးခဲ့ပါတယ်။ ဒီလိုပြောင်းရေးတဲ့ အပတ်ကစပြီး ကျွန်တော့်ကို ဖုန်းနဲ့တစ်မျိုး၊ စာနဲ့တစ်သွယ် ဇနီးတော် မြောက်မြားစွာ က ခြိမ်းခြောက်လိုက်ကြတာ မျိုးစုံပါပဲ။ သူတို့တွေက ခင်ပွန်းသည်တွေရဲ့ အခွင့်အာဏာ ဥစ္စာဓနတွေနဲ့ ရမ်းချင်တိုင်းရမ်း ကဲချင်တိုင်းကဲပြီး ခုမှ ပေထက် အက္ခရာတင်ခံရမှာကို ကြောက်နေကြပုံ ပေါ်ပါတယ်။ ဇနီးတော်တွေ အကြောင်းရေးရင် ကျွန်မတို့မှာ ပြောပြစရာတွေ အများကြီး ရှိပါတယ်ဆိုတဲ့ စိန်ကုန်သည်တွေ၊ ရတနာကုန်သည်တွေကလည်း သတင်းပေးဖို့ အဆင်သင့် စောင့်နေကြပါတယ်။ ဒါပေမဲ့ “ရှင် ဇနီးတော်တွေ အကြောင်း ရေးရဲရေးကြည့်”ဆိုပြီး အိမ်က ဇနီးတော်ကြီးက ရာဇသံပေးလာ တာကြောင့် ဒီအပတ် မရှိမဲ့ရှိမဲ့ အချက်အလက်လေးတွေနဲ့ သမီးတော် ရာဇ၀င်ဘက်ကို လှည့်လိုက်ရပါတယ်။ ဒီတစ်ပတ်ရေးမယ့် သမီးတော်ကတော့ အားလုံးထဲမှာ ဦးစားပေး အခံရဆုံး သမီးတော် အငယ်ဆုံးလေးပါပဲ။ ဘာလို့ ဦးစားပေးခံရလဲဆိုတော့ ဖခမည်းတော်ကြီး အိမ်ရှေ့စံ ဘ၀တုန်းက သမီးတော် အငယ်လေးဟာ အိပ်မက်တစ် ခု မက်ပါသတဲ့။ အိပ်မက်ထဲမှာ ဖခမည်းတော်ကြီးဟာ မင်းမြှောက်တန်ဆာ ငါးပါးနဲ့ ဘုရင် မင်းတရားကြီး အဖြစ်ကို ရရှိတော် မူ တယ်လို့ မက်မြင်ခဲ့ပြီး အမှန်တကယ် လည်း တိုင်းပြည်ရဲ့ဥသျှောင် ဘုရင်ကြီးဘ၀ကို ရခဲ့လို့ ခမည်းတော်ကြီး က ဒီသမီးတော်ကို မျက်နှာသာ ပေးခဲ့တာ ဖြစ်ပါတယ်။ အလိုလိုက် အကြိုက်ဆောင် ခံရတဲ့ သမီးတော်လေးဟာ ကြာလာတော့ ရောင့်တက်ပြီး ဆိုးလာတာ မထူးဆန်းပါဘူး။ တစ်ခါတုန်းကလည်း ခမည်းတော်ကြီးဟာ နှစ်စဉ် ဧပြီလတိုင်း ကျင်းပလေ့ရှိတဲ့ ဗိုလ်သင်တန်း ဆင်းပွဲကို မသွားခင် ထုံးစံအတိုင်း မန္တလေးနဲ့ ပုဂံကို ၀င်ပါတယ်။ ပုဂံကို ရောက်ရင်လည်း ဆရာတော်ကြီးတွေ၊ ဘုန်းတော်ကြီးတွေကို ပင့်ဖိတ်ပြီး ဆွမ်းကပ်လေ့ရှိပါတယ်။ သူတို့မိသားစုဟာ တပ်မတော် ဧည့်ရိပ်သာမှာ တည်းခိုလေ့ရှိပြီး မန္တလေး တပ်နယ်မှာရှိတဲ့ တိုင်းမှူး၊ ဗျူဟာမှူး အရာရှိကြီးတွေ သာမက သူတို့ရဲ့ ဇနီးမယားတွေကပါ လိုက်ပါပြီး ဧည့်ခံရပါတယ်။ အဲဒီ့နှစ်ကတော့ ဗျူဟာမှူးကတော်တွေ တပ်ရင်းမှူးကတော်တွေ ကံဆိုးတဲ့နှစ်လို့ ပြောရမလားပဲ။ ပုဂံမှာ ဘုန်းကြီးတွေကို ဆွမ်းကပ်နေစဉ်မှာပဲ ဘာအဆင်မပြေလို့လည်း မသိဘူး။ အမြဲတမ်း ပြဿနာ ရှာလေ့ရှိတဲ့ သမီးတော် အငယ်ဟာ စိတ်ဆိုးပြီး ဧည့်ရိပ်သာကနေ ထွက်ခွာသွားပါတယ်။ ခမည်းတော်ကြီးနဲ့ မိဖုရားကြီးဟာ ယခင်က အနေအေးသလောက် သားသမီးတွေကလည်း ဆိုးတယ်လို့ သတင်းစကား မထွက်ခဲ့ပါဘူး။ ရာထူး တဖြည်းဖြည်း ကြီးလာပြီး တိုင်းပြည်ရဲ့ ဒုတိယ အကြီးအကဲ ဖြစ်လာတာတောင် သားသမီးတွေရဲ့ မကောင်းသတင်း မထွက်ခဲ့ပါဘူး။ ဒါပေမဲ့ တိုင်းပြည်မှာ တန်ခိုးထွားခဲ့တဲ့ တပ်မတော် ထောက်လှမ်းရေး အဖွဲ့ ရွာပျက်သွားပြီးတဲ့နောက် အစိုးရ အဖွဲ့ ထဲမှာ ဘုရင်ကြီးနဲ့ အလှမ်းဝေးလွန်းတဲ့ သူတွေတောင် ၀န်ကြီး၊ ၀န်ကလေးတွေ ဖြစ်လာပါတယ်။ သူတို့ကလည်း ရာထူးရာခံ ချီးမြှင့်မြှောက်စားခဲ့တဲ့ ဘုရင်ကြီးနဲ့တကွ မိသားစုကို ကျေးဇူး သစ္စာခံပြီး အထူး ဖော်လံဖားခဲ့ပါတယ်။ ဒီလို ဖော်လံဖားခဲ့တဲ့ အထဲမှာ ဘုရင်ကြီးရဲ့ သမီးတွေက အဓိက အကျဆုံးမို့ အဖားလွန်ရာကတစ်ဆင့် သမီးတော်တွေ အားလုံး မောက်မာဝင့်ကြွားတဲ့ ဘ၀ကို ရောက်သွားပါတယ်။ အရင်တုန်းက တပ်မတော်မှာရှိတဲ့ ဗိုလ်မှူး၊ ဗိုလ်ကြီးတွေဟာ တိုက်ရည်ခိုက်ရည် ဘယ်လိုပဲ ကောင်းကောင်း ထောက်လှမ်းရေးကိုတော့ ရှိန်တဲ့ သဘော ရှိပါတယ်။ သူတို့လည်း အစပိုင်းမှာ ထောက်လှမ်းရေးကို အနည်းငယ် ရှိန်နေပုံပါပဲ။ ထောက်လှမ်းရေးကလည်း ရှိန်ချင် စရာပါပဲ။ တန်ခိုး အထွားဆုံး ကာလကဆိုရင် ပြင်ဦးလွင်ကိုရောက်နေ တဲ့ တပ်မတော် အကြီးအကဲဆီကို ထောက်လှမ်းရေး တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ခင်ညွန့်က နိုင်ငံတော်နဲ့ ပတ်သက်ပြီး ဆောင်ရွက်စရာရှိတဲ့ ကိစ္စတချို့ကို သူကိုယ်တိုင် အစီရင် မခံဘဲ ဒုတိယ ဗိုလ်မှူးကြီး အဆင့်သာရှိတဲ့ သူနဲ့ အစီရင်ခံခိုင်းတာတွေ ရှိခဲ့ပါတယ်။ ဘုရင်ကြီးကလည်း ဒီကိစ္စကို စိတ်ထဲ မှာ မခံချင်ပေမယ့် မျက်နှာမပျက်ဘဲ အေးအေးဆေးဆေး နေနိုင်ခဲ့ပါတယ်။ တစ်ခါက တိုင်းမှူးတွေ၊ အစိုးရ ၀န်ကြီးတွေနဲ့ ပြုလုပ်တဲ့ အစည်းအဝေးမှာ ဦးခင်ညွန့်ကို သူဖယ်ရှားလိုက်ရခြင်း အကြောင်းကို ခံစားမှု မရှိဘဲ လေအေးလေးနဲ့ ပြောပြ လိုက်တဲ့အခါမှာတော့ အခန်းထဲမှာရှိတဲ့ တိုင်းမှူးတွေ၊ ၀န်ကြီးတွေ ကျောစိမ့်သွားပြီး ငါ့အလှည့် ဘယ်တော့လာမလဲဆိုပြီး ညဘက် အိပ်လို့တောင် မပျော်နိုင်ပါဘူး။ နောက်ဆုံး ဘုရင်ကြီးနဲ့ မိသားစုကို ဆတက်ထမ်းပိုး ရိုကျိုးခြင်းကသာလျှင် ကိုယ့်ဘ၀ လုံခြုံတယ်ဆိုပြီး အသားကုန် ဖားတော့တာပါပဲ။ လယ်/ဆည်ဝန်ကြီးဆိုရင် မနက်ပိုင်းမှာ ရယ်ရယ်မောမော စကားပြော အစီရင်ခံရင်း ညနေမှာ အလုပ်ဖြုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီလို ကိစ္စမျိုးတွေမှာ ဘုရင်ကြီးလောက် သပ်သပ်ရပ်ရပ် လုပ်နိုင်တဲ့ တပ်မတော်သား သမိုင်းမှာ မရှိပါဘူး။ ဗိုလ်ချုပ်ကြီး နေ၀င်းတောင် မမီဘူးခင်ဗျ။ သူတို့သွားတဲ့ ခရီးစဉ်တိုင်းမှာ ဗျူဟာမှူး ကတော်၊ တပ်ရင်းမှူး ကတော်တွေက သမီးတော်တွေရဲ့ ဝေယျာဝစ္စ အောက်ခြေသိမ်းတွေကို လုပ်ကိုင်ပေးရလေ့ရှိပြီး သမီးတော်တွေကလည်း တည်းခိုဆောင်ကို ၀င်တဲ့အချိန်ကစပြီး အင်္ကျီအ၀တ်အစားတွေ၊ အတွင်းခံတွေကို ဒီအတိုင်း ချွတ်သွားလေ့ရှိပြီး သူတို့ထက် အသက်အရွယ်ကြီးတဲ့ အရာရှိ ကတော်ကြီးတွေက လိုက်ကောက် သိမ်းရပါတယ်။ သိမ်းတဲ့ပစ္စည်းတွေကို ရောပြီးထား ရင် သမီးတော်တွေက အင်မတန် စိတ်ဆိုးလေ့ရှိပြီး သမီးတော် တစ်ယောက်ချင်းရဲ့ အ၀တ်အစားတွေ ကို အမှတ်အသား ပြုလုပ်ထားတဲ့ အိတ်တစ်အိတ်စီနဲ့ သိမ်းဆည်းရလေ့ ရှိပါတယ်။ ဒီအခြေအနေတွေကို ဘုရင်ကြီးနဲ့ အနောက် နန်းမတော်ကြီးက သိပေမယ့် ဆုံးမခြင်း မပြုဘဲ သားသမီးတွေ၊ မြေးတွေအပေါ်မှာ အရမ်း အလိုလိုက်ပါတယ်။ သမီးတော်တွေ စိတ်တိုင်းမကျတဲ့ တိုင်းမှူးတွေ၊ အရာရှိကြီးတွေ ဆိုရင် မကောင်းတဲ့ နေရာတွေကို လွင့်သွားလေ့ရှိပါတယ်။ အခုလည်း သမီးတော် အငယ်လေး ပျောက်သွားတယ်ဆိုတော့ အကုန်လုံး ပျာယာခတ် ကုန်တော့တာပေါ့။ တပ်မတော် ဧည့်ရိပ်သာမှာ ရှိနေတဲ့ လုံခြုံရေးတွေ၊ ထောက်လှမ်းရေးတွေ လည်း အလုပ်ရှုပ်ကုန် ပါတော့တယ်။ သမီးတော် အငယ်ထွေး ဘယ်ကိုထွက်သွားသလဲဆိုတာ စုံစမ်းကြည့်လိုက်တော့ ပုဂံမြို့ အပြင်မှာရှိတဲ့ တူရွင်း တောင်ပေါ်ကို တက်သွားတယ်လို့ သိရပါတယ်။ တူရွင်းတောင် ဆိုတာဟာ တစ်ချိန်က အလောင်းစည်သူ မင်းကြီးက မြင်းညိုကြီးစီးပြီး သူမအိုသေးကြောင်း ပြခဲ့တဲ့ နေရာ လည်း ဖြစ်ပါတယ်။ စိတ်ကောက်သွားတဲ့ သမီးတော် ကို ချော့မော့ဖြောင်းဖြဖို့ အတွက် အနောက် နန်းမတော်ကြီးက အထိန်းတော် အချော့တော်တွေ ဖြစ်တဲ့ ဗျူဟာမှူး ကတော်၊ တပ်ရင်းမှူး ကတော်တွေကို လွှတ်လိုက်ပါတယ်။ ဒါပေမဲ့ တောင်ပေါ်ကို လိုက်လာတဲ့ နောက်တော်ပါတွေကို ကြည့်ပြီး ရှေ့ဆက် တိုးလာရင် တူရွင်းတောင် ပေါ်က ခုန်ချမယ်လို့ သမီးတော်က ခြိမ်းခြောက်လိုက်ပါတယ်။ ဒါ့ကြောင့် ဗျူဟာမှူး ကတော်တွေလည်း ရှေ့ဆက် မတိုးရဲဘဲ တစ်စုံတစ်ရာ မဖြစ်ဖို့ ဘုရားစာပဲ ရွတ်နေရပါတယ်။ အခြေအနေတွေကို စိုးရိမ်လို့ လိုက်လာတဲ့ လုံခြုံရေး တပ်ဖွဲ့တွေလည်း ဘာမှမလုပ်ရဲဘဲ ဒီအတိုင်း ကြည့်နေရပါတယ်။ နာရီ အတော်ကြာမှ သမီးတော်က စိတ်ပြေသွား ပုံရပြီး ကတော်တွေလည်း ဖြည်းဖြည်းချင်း အနားကပ် သွားရပါတယ်။ ပြီးမှ တစ်ယောက်တစ်မျိုး ချော့မော့ရင်း သမီးတော်ကို ဖြောင်းဖြပြီး တူရွင်းတောင်ပေါ်က ပြန်ခေါ်ခဲ့ရပါတယ်။ ဒီအကြောင်းလေးကို ကျွန်တော်တို့ အချင်းချင်း ပြန်ပြောမိကြတော့ နားထောင်နေတဲ့ မိတ်ဆွေ တစ်ယောက်ကတော့ အခုလို ပြောပါတယ်။ “တောက် ဗျူဟာမှူး ကတော်တွေ၊ တပ်ရင်းမှူး ကတော်တွေကလည်း ညံ့လိုက်တာ။ သမီးတော် ခြိမ်းခြောက်တဲ့ အချိန်မှာ ရှေ့နည်းနည်း ဆက်တိုးလိုက်ရမှာ။ ဒါဆို တစ်ပူငြိမ်းသွားတာပေါ့” သူ့စကားဆုံးဆုံးချင်း နားထောင်နေသူ တွေ အားလုံး ၀ါးကနဲ ရယ်မောလိုက်ကြပါတယ်။ ဒီအဖြစ်အပျက်လေးကို ပြန်သုံးသပ်ရင် သမီးတော်ရော သမီးတော်ကို လုပ်ကိုင်ပေးရတဲ့ ကတော်ကြီးတွေရော သင်ခန်းစာ တစ်စုံတစ်ရာ ရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ လက်စောင်းထက်

No comments: