Monday, December 5, 2016

ရွှေဇမ္ဗူထိပ် Tower ဓာတ်လှေကား မီးလောင်မှုဖြစ်


 

အလုံမြို့နယ်တွင် နံနက်စောစော ဓာတ်လှေကားဝါယာကြိုး အပူလွန်ကဲရာမှရှော့ဖြစ်၍ မီးလောင်မှုဖြစ်ဒီဇင်ဘာ ၅ ရက်၊ နံနက် ၁နာရီ ၁၂ မိနစ်ချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ ကမ်းနားလမ်းရှိ ရွှေဇမ္ဗူထိပ် Tower (ခရိုင်စည်ပင်ရုံး) အပေါ်ထပ် ၅လွှာရှိ စက်လှေကားဝါယာကြိုးမှ အပူလွန်ကဲ၍ရှော့ဖြစ်ပြီး ၉လွှာအထိ ဓာတ်လှေကားတလျှောက် မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်ရာသို့ အနောက်ပိုင်းခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးဌေးဝင်း၊ အလုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်၊ မြို့နယ်မီးသတ်စခန်းမှူး ဦးရဲလင်းပိုင်၊ အလုံမြို့မရဲစခန်းမှူး ဒုရဲမှူးတင်လှနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး မီးသတ်ယာဉ် ၃စီး၊ ရေသယ်ယာဉ် ၁စီးဖြင့် မီးငြိမ်းသတ်ခဲ့ရာ နံနက် ၁နာရီ ၁၈မိနစ်ချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်တစ်သိန်း ဖြစ်ကြောင်းသိရသည်။

မီးလောင်မှုနှင့်ပတ်သက်၍ လျှပ်စစ်တာဝန်ခံ ဦးလွင်မြင့်ဦး (ဘ)ဦးကျော်ဝင်း၊ အမှတ် ၃၄၅၊ ၃လွှာအေ၊ ကျိုက္ကဆံလမ်း၊ တာမွေကြီး က/ခရပ်ကွက်၊ တာမွေမြို့နယ်နေသူအား အလုံမြို့မရဲစခန်းမှ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သိရသည်။

ကိုတင်မောင်ဦး (အလုံ)
Myanmaalinn

No comments:

Post a Comment