Monday, December 12, 2016

MPT ၏ လစဉ်သုံး Data Package များကို ပြောင်းလဲ





မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ၏ MPT ရောင်စုံ Data Package များ အမည်ရ Data အမျိုးအစားများ၏ ဈေးနှုန်းများကို လျှော့ချလိုက်ကြောင်း သိရသည်။

နေ့စဉ်သုံး Data Package ၁ ခုနှင့် လစဉ်သုံး Data Package ၄ ခု ဟူ၍ ပါဝင်ပြီး နှစ်သက်ရာကိုရွေး ချယ်နိုင်မည်ဖြစ်ကြောင်း၊ ပြောင်းလဲသတ်မှတ်လိုက်သည့် အစီအစဉ်အရ MPT သည် နေ့စဉ်သုံး Data ပက်ကေ့ခ်ျတွင် အသုံးပြုနိုင်မည့် Data ပမာဏ တိုးမြှင့်ထားကြောင်း ဆိုသည်။ နေ့စဉ်သုံး Data Package တွင် မူလ Data ပမာဏ 120MB အစား 150MB ကို ၃၉၉ ကျပ်ဖြင့် ပြောင်းလဲရယူနိုင်မည်ဖြစ်ကြောင်း၊ လစဉ်သုံး Data Package ၄ ခုအတွက်လည်း Data အပိုဆုပေးအပ်ခြင်းအစား မူလ Data ပမာဏကို နှစ်ဆတိုးမြှင့်လိုက်ကြောင်း သိရသည်။ လစဉ်သုံး Data ပက်ကေ့ခ်ျများထဲမှ အနည်းဆုံးပမာဏဖြစ်သည့် 400MB ကို 1GB သို့ ပြောင်းလဲ သတ်မှတ်လိုက်ပြီး နှုန်းထားအားဖြင့် ၂၈၉၀ ကျပ်သာ ကျသင့်မည်ဖြစ်သည်ဟု ဆိုသည်။

By: 

ထွန်းထွန်း

No comments:

Post a Comment