Sunday, December 25, 2016

ဘိုကိုဟာရမ်စစ်သွေးကြွများ၏ အဓိကစခန်းအား နိုင်ဂျီးရီးယားတပ်ဖွဲ့များ သိမ်းပိုက်ရရှိ

 


အဘူဂျာ ဒီဇင်ဘာ ၂၄

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဆမ်ဘီဆာသစ်တောအတွင်းရှိ ဘိုကိုဟာရမ် အစ္စလာမ္မစ် စစ်သွေးကြွများ၏ အဓိကကျသော ခြေကုပ်စခန်းတစ်ခုအား နိုင်ဂျီးရီးယား တပ်ဖွဲ့များက သိမ်းပိုက်ရရှိခဲ့ကြောင်း နိုင်ဂျီးရီးယားသမ္မတ မိုဟာမာဒူ ဘူဟာရီက ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားသည်။

ဘိုကိုဟာရမ်တို့၏ အဓိကကျသော စခန်းသည် ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်တွင် မိမိတပ်ဖွဲ့များလက်တွင်းသို့ ကျရောက်သွားပြီဖြစ်ကြောင်း နိုင်ဂျီးရီးယား တပ်မတော်၏ အကြီးအကဲအနေဖြင့် မိမိ ပြောကြားကြောင်း၊ ၄င်းတို့အတွက် ကြာရှည် ပြေးလွှားပုန်းခိုရန် နေရာမရှိတော့ကြောင်း နိုင်ဂျီးရီးယားသမ္မတက ပြောကြားသည်။

နိုင်ဂျီးရီးယား အစိုးရတပ်ဖွဲ့များသည် မကြာသေးမီ ရက်သတ္တပတ်များအတွင်းက ကြီးကျယ်သော ထိုးစစ်ကြီးတစ်ခုအား ဆမ်ဘီဆာသစ်တောဒေသတွင် ဆင်နွှဲခဲ့သည်။

ဆမ်ဘီဆာသစ်တောသည် နိုင်ဂျီးရီးယား နိုင်ငံ ကိုလိုနီအဖြစ် ကျရောက်ခံရစဉ်က တောကစားရန်အတွက် သီးသန့်သတ်မှတ် ထားခဲ့သော ကြီးမားကျယ်ပြန့်နေသည့် သစ်တောကြီးဖြစ်ပြီး ဘိုကိုဟာရမ် စစ်သွေးကြွ များက ၄င်းတောထဲတွင် အဓိကအခြေစိုက် စခန်းတည်ဆောက်ထားခြင်းဖြစ်သည်။

ရိုက်တာ။
The Mirror Daily

No comments:

Post a Comment